Source Photo from http://www.google.com/images
မိုက်ကယ်ဂျက်ဆင် အမှတ်တရ လေလံတင်ပစ္စည်းများ စတင်ပြသ
13 Dec, 2011
လာမည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မိုက်ကယ်ဂျက်ဆင် နောက်ဆုံးနေထိုင်ခဲ့ ရာ နေအိမ်မှ ပစ္စည်းများ အား လေလံတင်ရောင်းချပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းပွဲအကြိုအဖြစ် အဆိုပါ ပစ္စည်းများကို စတင်ပြသလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။ စုစုပေါင်း ပစ္စည်းအမျိုးအမည် ၅၀၀ ခန့် ပါဝင်သည့် အဆိုပါ လေလံပွဲတွင် အဓိကရောင်းချ မည့် ပစ္စည်းများမှာ အိမ်တွင်း ပရိဘောဂများဖြစ်ပြီး
ပန်းချီကားများလည်း ပါဝင်ကြောင်းသိရသည်။ အဆိုပါ နေအိမ်မှာ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လက ၎င်းသေဆုံးခဲ့ရသည့် နေအိမ်ဖြစ်သည်။ ယင်း နေအိမ်တွင် ရှိနေသည့်မှန်တစ်ခုတွင် မိုက်ကယ်ဂျက်ဆင်၏ လက်ရေးမူများလည်း တွေ့ရပြီး ၎င်း၏ဖျော်ဖြေပွဲအတွက် မည်မျှကြိုတင် ပြင်ဆင်ခဲ့သည်ကို လည်း တွေ့မြင်ရ မည် ဖြစ်သည်။
ယခုနှစ် ဇွန်လတွင် ပြုလုပ်သည့် လေလံပွဲတစ်ခုတွင် မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့သည့် သားရေဂျာကင် တစ်ခုမှာ ထိုစဉ်က ဒေါ်လာ ၁.၈သန်းဖြင့် ရောင်းချခဲ့ရသဖြင့် ယခုလေလံပွဲတွင်လည်း စံချိန်တင်ရောင်းအားများ ရရှိနိုင်ရန် ပွဲစီစဉ်သူများ မှ မျှော် လင့်နေကြသည်။
source : NHK news
Credit http://www.mrtv4.net.mm/news
0 comments:
Post a Comment