အခွေငှားရမ်းနှုန်းကျဆင်းလာမှုကြောင့်
မြန်မာဗီဒီယိုအခွေငှားရမ်းလုပ်ငန်းရှင်များ
အခက်ကြုံ
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြန်မာဗီဒီယိုအခွေ ငှားရမ်းသည့် လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များသည် အခွေငှားနှုန်း ကျဆင်းလာမှုကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။
“အရင်တုန်းက ကျွန်တော့် ဆိုင်မှာတစ်နေ့ကို ပုံမှန်အခွေ ၇၀ ကနေ ၁၀၀ ကြားငှားရတယ်။
အ ခွေတစ်ခွေကို ၂၀၀ နှုန်းထားတော့ တစ်နေ့ကိုပုံမှန်ဝင်ငွေကျပ်၁၅၀၀၀ ကနေ ၂၀၀၀၀ ကြား ရရှိပါတယ်။
အခုတော့ တစ်နေ့ကို အခွေ ၄၀၊ ၅၀ လောက်ငှားရဖို့တောင် မနည်းငှားနေရတယ်။
အခုလိုဖြစ်ရတာဟာ မြန်မာ ဗီဒီယိုကားတွေရဲ့ အရည်အသွေး ကျဆင်းလာမှုအပြင် အခွေငှားရမ်းဆိုင်တွေ များလာတာလည်း ပါပါတယ်။
တချို့ဗီဒီယိုကားတွေဆို ထုတ်လုပ် ရေးတွေ တရားဝင်မဖြန့်ချိရသေးခင် လမ်းဘေးခိုးကူးဆိုင်တွေမှာ ကြိုရောင်းနေကြတာလည်း ပါတာပေါ့။
ဥပမာ ပြောရရင် ရုပ်ရှင်အစည်းအရုံးကမူ ပိုင်ဖြန့်ချိတဲ့ ရိုးရာဝတ်စားဆင်ယင်မှု ပြပွဲတွေ အငြိမ့်တွေနဲ့နယ်ကြိုက် ဇာတ်ကြမ်းကားတွေဆို လမ်းဘေးခိုးကူး ဆိုင်တွေမှာ ကြိုရောက်နေကြပြီ”
ဟု မြန်မာဗီဒီယိုအခွေ ငှားရမ်းသည့်လုပ်ငန်းကို ငါးနှစ်ခန့် လုပ်ကိုင်လာသူတောင် ဒဂုံမြို့နယ်ရှိ အခွေဆိုင်ပိုင်ရှင်တစ်ဦး က ရှင်းပြခဲ့သည်။
ထို့အပြင် တစ်နေ့တာရရှိဝင်ငွေနှင့် နောက်နေ့ထွက်ရှိမည့် ဇာတ်ကားများအား ပြန်လည်ဝယ်ယူရန် စရိတ်မမျှတခြင်းမှာလည်း အခက်အခဲတစ်ရပ် ဖြစ်လာကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် နာမည်ကြီး အမျိုးသားသရုပ်ဆောင်တစ်ဦး ပါဝင်သည့် ဇာတ်ကားတစ်ကားကို မူပိုင်ကြေး(RC) ကျပ် ၃၆၀၀ နှင့် အခွေဖိုးကျပ် ၆၀၀ ပေးဝယ်ရပြီး ရုံတင်ပြီး ဇာတ်ကားဖြစ်ပါက မူပိုင်ကြေးကျပ် ၆၀၀၀ နှင့် အခွေဖိုး ကျပ် ၁၂၀၀ အထိပေးရကြောင်း သိရသည်။
ပုံမှန်အခွေငှားရမ်းသည့် ဆိုင်တစ်ဆိုင်လျှင် ဇာတ်ကားသစ်ထွက်ရှိပါက အနည်းဆုံးသုံးခွေမှ ငါးခွေ အထိဝယ်ယူရသဖြင့် ၀င်ငွေ ၅၀၀၀ အောက် ကျဆင်းနေသည့် အခွေငှားဆိုင်များ အနေဖြင့် အခွေဆိုင် အချင်းချင်း စုပေါင်းပြီး မူပိုင်ကြေး(RC) ဖြတ်ကာ ဇာတ်ကားများကို အခွေဖိုးသာပေး၍ အပြန်အလှန် ၀ယ်ယူကြခြင်းသာ ဖြစ်ကြောင်း သိရသည်။
Copy from http://www.news-eleven.com
0 comments:
Post a Comment