+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 16, 2011

အမေရိကန်နိုင်ငံကို လာချင်သေးလား

http://sdunnpastor.wordpress.com 

အမေရိကန်ရှိ လူ နှစ်ဦး လျင်တစ်ဦးမှာ

ဆင်းရဲစွာ နေထိုင်နေရ 

16 Dec, 2011

အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်း ဗြူရို မှထုတ်ပြန်သည့် စာရင်းဇယားများအရ နိုင်ငံအတွင်းရှိ လူနှစ်ဦးလျင်တစ်ဦးမှာ ဆင်းရဲစွာနေထိုင်နေရခြင်း သို့မဟုတ် ဝင်ငွေနည်းပါးစွာဖြင့် နေထိုင်နေ ရကြောင်း တွေ့ရှိခဲ့ရပြီဖြစ်သည်။

ယခုလို ဖြစ်ရခြင်း မှာ နိုင်ငံအတွင်းတွင် အလုပ်အကိုင်မဲ့ဦးရေ များပြားလာခြင်းနှင့် အစိုးရ၏ အာမခံများမှာလည်း အခြေမလှဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

safety net ဟုအမည်ရသည့် အဆိုပါ အာမခံအစီအစဉ်မှာ အစားအစာများနှင့် အခွန်လျှော့ချရေးအတွက် အခွင့်အရေးပေးသည့် လုပ်ရပ် တစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်းက ပြုလုပ်ပေးခဲ့ကြခြင်း ဖြစ်ကာ ယင်းအထဲတွင် ပါဝင်ခွင့်ရသူများအထဲမှ အလုပ်လုပ် ကိုင်နေသည့် မိသားစုများထဲမှ အချို့မှာ ဆင်းရဲသည်ဟု သတ်မှတ်နိုင်သည့် အနေအထားတွင်မရှိကြောင်းလည်း အချို့ကဝေဖန်ထားသည်။

ယင်းသို့သော သတ်မှတ်ချက်ကြောင့် လူလတ်တန်းစားများမှာ ဝင်ငွေနည်းသူအဖြစ် သတ်မှတ်သည့်စာရင်းထဲသို့ ဝင်သွားခဲ့ပြီး နိုင်ငံအတွင်း တွင် ဆင်းရဲသူအရေအတွက်မှာ တိုးလာခြင်းပင် ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်အရ လင်သို့မဟုတ် မယားတစ်ဦးဦးမှ အလုပ်ပြုတ်ခြင်း သို့မဟုတ် လုပ်ခလျှော့ချပေးခြင်းတို့ကြောင့် လူလေးဦးပါ မိသားစုတစ်ခု၏ တစ်နှစ်ဝင်ငွေမှာဒေါ်လာ ၄၅၀၀၀ အောက်သို့ ကျရောက်ခဲ့သဖြင့် လူလတ်တန်းစား မိသားစုများမှာ ဆင်းရဲသားအဆင့် သို့ ရောက်သွားခြင်းပင်ဖြစ်သည်။

ထို့ကြောင့် စုစုပေါင်း လက်ရှိရှိနေဆဲ လူမွဲ အရေအတွက် ၉၇.၃ သန်းမှာ ယင်းစနစ်အရ ဆင်းရဲသူအရေ အတွက်
၄၉.၁ သန်းထပ်မံတိုးခဲ့ရသဖြင့် နိုင်ငံအတွင်းရှိ လူဦးရေ ၁၄၆.၄ သန်းပမာဏနှင့်ယှဉ်ပါက အမေရိကန် ပြည်ထောင်
စု လူဦးရေ၏ ၄၈ ရာနှုန်းမှာလူဆင်းရဲစာရင်းသို့ အလိုအလျှောက်ဝင်သွားကာ ယခုလိုဖြစ်သွားခဲ့ရခြင်းလည်း ဖြစ်
သည်။
ယခုပမာဏမှာလွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ထက်စာပါက လူ ၄ သန်းပိုမိုတိုးလားခြင်းလည်း ဖြစ်ကြောင်းသိရသည်။

source : AP

Credit http://www.mrtv4.net.mm/news




Source Audio from http://www.bbcburmese.com

0 comments:

Post a Comment