+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 19, 2011

Paul Allen နှင့် အာကာသယာဉ်

Paul Allen the Co-Founder 

မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးမှ 

အာကာသ,ယာဉ်တစ်စင်း တည်ဆောက်မည် 

20 Dec, 2011

အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ Paul Allen က အာကာသ ယာဉ်တစ်စင်း တည်ဆောက်မယ့် စီမံချက်ကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အယ်လင်ရဲ့ အာကာသ ယာဉ်ဟာ လွန်းပျံယာဉ် တွေနေရာမှာ အစားထိုးဖို့ ဖြစ်ပြီး ဒုံးယာဉ် တွေကို ပစ်လွှတ်ဖို့နဲ့ အာကာသ အတွင်း ကုန်ပစ္စည်းတွေ သယ်ယူ ပို့ဆောင် ပေးဖို့ ဖြစ်ပါတယ်။ အဆိုပါ ကြီးမားတဲ့ အာကာသ ယာဉ်ဟာ ဂျမ်ဘိုဂျက် အင်ဂျင် ၆လုံး တပ်ဆင် ထားပြီး တောင်ပံ အလျားဟာ ၁၁၇ မီတာ ရှိပါတယ်။

အယ်လင်က အခုလို ပုဂ္ဂလိက အာကာသ ယာဉ်တွေ ပျံသန်း ပြေးဆွဲနိုင်ဖို့ စိတ်ကူး အိပ်မက်မက် ခဲ့ရကြောင်း သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။ သူ့ရဲ့ အာကာသ ယာဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ပျံသန်း ပြေးဆွဲပေး နိုင်ဖို့ ရည်မှန်းချက် ထားလုပ်ဆောင် နေပါတယ်။

ဒါဟာ အမေရိကန် အာကာသ စူးစမ်း လေ့လာရေး အဖွဲ့ နာဆာရဲ့ နှစ် ၃၀ကြာ ပြေးဆွဲခဲ့တဲ့ လွန်းပျံယာဉ် တွေကို ယခုနှစ်မှာ ရပ်နားခဲ့ ပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီတွေ အတွက် အာကာသ ယာဉ်ဆိုင်ရာ လုပ်ငန်း တွေကို လမ်းဖွင့် ပေးခဲ့တဲ့ အတွက် အကောင်အထည် ပေါ်လာတဲ့ စီမံချက် တစ်ရပ် ဖြစ်ကြောင်း သိရပါတယ်။


Credit http://www.mrtv4.net.mm

0 comments:

Post a Comment