+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, September 6, 2010

လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်


လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
(စ၀်ထေါဟ်တွါ်)

အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ။

အ်ုယိုဝ်ဏှ် အှ်ကှေ်သာ လာခုဂ်ခါင်ၟစူး္ဘုံး ဟှံင်ယုဂ်ဏယ်၊္ဘုံးအ်ုဝဲါတာ ၀ဲါပျုက်္ဘုံးစါ်္ဘိုဝ် မွဲါမု္ဘးဆေ၀်ၟဟှ လ်ုဏိင်းဏိင်းဏယ့်္ဘေ့ယိုဝ်သိုဝ်လှ်၊ ဏင်ၟဏိင်းဍ၀်သီး္ဘေ့ယိုဝ်သိုဝ်လှ်စါ်္ဘိုဝ် မ်ုမာသာ္ဘေ့သှေ်သိုဝ်လဲ မာဟှံင်မာကဲဆ်ု မာလံင်အင်းလံင်ဆု လ်ုဏင်ဏင်သီး ပ်ုအုဏေ၀်ၟ စေ၀်ဟှံင်လှ် အင်းဏင်အင်းလေါဟ် သာ အေဃွှယ့်ဟှံင်ကဲလှ်္ဘးပါတိင့်ဆ်ုအှ်ဏင်ၟမိင်အေး။

လ်ုဏင်ဏင်ဏှ်ဍ၀် ပ်ုအေက္ဘဲးဆြ့ာဖါဍေါဟ်စါ်္ဘိုဝ် ဟှံင်လှ် လ်ုဆုမာသှေ်မာဍးဝေ့ အင်းအ်ုသှေ်အင်းဍး ဝေ့ လ၀်ယှုက်ဆ်ုသယ်သီးကဲအေး။

လ်ုဏင်ဏင်ဏှ်ဍ၀် ကႜုဆ်ုအှ်ဏင်ၟမိင်မိင်အေး ပ်ုဆုဃှီ့ဆ်ုလာ အေထင်းထ၀့်ဏင်ထီးဟှံင်လှ် ပ၀့်လဲ မ်ုက္ဘဲးသာဆြာ့ဖါဍေါဟ်၊ ပ၀့်လဲ မ်ုမာအင်းစေ၀်၊ ပ၀့်လဲ မိင်မ်ုဖႜဟ်္ဘးသာ မ်ုမာတ်ါတါ်လှ်။
လ်ုဏင်ဏင်ဏှ်ဍ၀် ပ်ုယိုဝ် ပ်ုမာဆ်ုသှေ်အေး အင်းမိုင့်အင်း တာၟလှ်။ ဆ်ုလုကႜု ထီ့ ဆ်ုလ်ုကႜုခံင့်္ဘးလု စံင်းယိုဝ် ပ်ုမုအင်းမိုင့်အင်းဏင်ထီး။

လ်ုမိင်မိင် လ်ုစံင်းစံင်းယာၟဏယ့်၊ မာအင်းစေ၀်လ်ုစံင်းသီးမွဲအ်ုဟှေဝ် မ်ုက္ဘဲးသာဆြ့ာဖါဍေါဟ် လ်ုစံင်းဏှ် သီးမွဲါအ်ုဟှေဝ်၊ မာဆ်ုသှေ်အှ်ဏင်ၟမိင်မိင်အေး အင်းမိုင့်အင်း အ်ုဖႜုံသီး မွဲါအ်ုဟှေဝ် ဆိုဒ်ဆ်ုဃှီ့လာ အ်ုဖင့် ခေါဟ်္ဘးသာမိင်အှ်လုစံင်းဍေ အဲဍိုဝ်ဆ်ုဃှီ့လာလေ၀်ထင်းလေ၀်ထ၀့်ဆာၟသီး ကိုဝ်ဟှာဍေသီးဟှေး။

ပ်ုထူၟရူ့လာၟခုဂ်ခါင်ၟစူးဏှ် ဟှံင်ခွိက်ယုဂ်၊ ပ်ုဖေါဟ်ပ်ုလီအ်ုဟှင်ၟ မွဲါပ်ုအှ်ကှေ်ထ၀်ၟဆ်ုသယ်လ်ုစံင်းဏှ် မွဲါအု မွဲါအု္ဘးဟှ မွဲါအ်ုမွဲါအ်ုတ၀်ဆေ၀်ၟဟှ။ မွဲါတ၀်အေး လင်မေါဝ်ၟအ်ုခႜီ့ ဖါၟအ်ုသးအေးစါ်္ဘိုဝ် လ်ုခါင့်ခေါဟ် ဆု ဖ်ါဆုမာလ်ုဖး မ်ုကးဟှယ်ဏေ၀်ၟပ်ုဖေါဟ်ပ်ုလီဆေ၀်ၟလှ်။

ပ်ုဖေါဟ်ပ်ုလီလ်ုဖး ဏးသှေ်ဆ်ုအေတ်ုပႜိင်သ္ဘှာ် စါ်္ဘိုဝ် မ်ုတုဖႜးဏေ၀်ၟထိုင်ဆိုဒ်သာ့ဆေ၀်ၟလှ်။
ဖေါဟ်လီကြိုဒ်္ဘးသှေ်ယါ့ဆ်ုလုဖး ဏ်ုသီးလ၀်ဖှေ်ခႜါင်ဖှေ်အေး မာလေါဟ်ဖှေ်္ဘးအေး စါ်္ဘိုဝ် ဏ်ုသီးယိုဝ် မ၀့်ဃှင်ဍေ ခႜိုဝ်လင်စူးဖံင်းသႝာအှ်သီး လ်ုကါဍါ် မွဲါဏ်ုသီးမာဟှာဟှံင်လင် ဏင့်ဆာၟဆိုဒ်ဆဆေ၀်ၟလှ်။

အ်ုခေါဟ်စံင် ဆ်ုလုလာခုဂ်ခါင်ၟစူးယိုဝ် ပု္ဘးခါင်ၟစူးအ်ုခိင့်အ်ုခါ့ ယှာင်ယိက်လဲ၊ ပ်ုမု္ဘးခါင်ၟ္ဘေ့သှေ်သိုဝ်လဲ ဏှ် သံင်းလေါဟ်လာၟ ပ်ုဖေါဟ်ပ်ုလီ ကိုဝ်ၟဟှာဍေဆါ် ဆ်ုမာအင်းလ်ုဟှုဂ်ဆး လ်ုစံင်းဏှ် အ်ုသီးဝေ့ အ်ုနိင့် အေကာဟှံင်လှ် ဖေါဟ်လီလ်ုဖး ထံင်မ်ုက္ဘဲးသာဏင်မိင် ဆိုဒ်သီးမ်ုမာသာ္ဘေ့သှေ်သိုဝ်လဲ ဆံင့်မံင်းဝေ့ လိုင်အေး။ မ်ုအှ်ကှေ် စင်ၟကႛယ်ခွိက်ဝေ့ဆေ၀်ၟလှ်။

ဆ်ုလုဖႜုံထူၟရူ့လာခုဂ်ခါင်စူးယိုဝ် ကေမူၟဏါခါ့ ဖီ့သာယှာၟလ်ုဟှ္ဘားကိုဝ်ဖှေ်ဝေ့ ဖေါဟ်လီဝိလာ ဆေ၀်ၟ လှ်။ ဟှိင်းမေံယာ့ဃှင့်ထုင်ၟလံင် ဍေ ဟှိင်းလင်ခါင့်ဃှင့်ထုင်ၟသီးလ်ုဖး ဍေဏံင်းဝး ဏှ်္ဘးယှိုတ်ဏေ၀်ၟ ၀ိလာဏှ်ဆေ၀်ၟလှ်။ ဆ်ုဖါန်ထင်း ဆင့်လ်ုယူလင် ဟှင်းခေါဟ်ထါ်္ဘးခါ့ ဖီ့ဝေ့ဍးလ်ုဟှ္ဘားယှိုတ်ထါင်ဝိလာ ထံင်ဃှင့်တုင်ၟသယ်အေဟှံင် ခါင်ၟဟှဝ်ဝေ့ စူးဏှ်ဆေ၀်ၟလှ်။

လု္ခႜဳဂ္လာၟခုဂ္ဃွဦဳလု္ဟွ၀္ဏွ္ တ်ုစင်လ်ုဟှးဏှ် ဖေါဟ်လီသီးလ်ုဖး္ဘးမီ့ဆုက်ဝေ့ ဖီ့ဖူ့အ်ုဟှိင်းဖိုင်ဏှ်ဆေ၀်ၟ လှ်။ ယှိုတ်ထါင်ဝိလာဟှံင်္ဘးယှိုတ်ထါင်လာလု ခွါဖိုင်ဏှ်ဆေ၀်ၟလှ်။
ယှိုတ်ဝိလာခွါဖိုင်ခါ့ ဆာၟမွဲါ ဖေါဟ်လီသီးလ်ုဖး္ဘးဖံင်းထ ခွါကိုဝ်ၟဟှာဍေလှ်။



ဆ်ုခႜါင်မေါဝ်ၟတိုင်ဏှ် ပ်ုဆ်ုဖ်ါဆုမာလ်ုဖး္ဘေ့မ်ုလင်မေါဝ်ၟအ်ုခႜီ့ ဖါၟအ်ုသးသိုဝ် ပ်ုသယ်လ်ုစံင်းယိုဝ် ပ်ုမု္ဘး သံင်းလေါဟ်ထ ဖေါဟ်ဍီပြီး လ်ုဖးယိုဝ်ဆေ၀်ၟလှ်။ ပ်ုသံင်းလေါဟ်ဆု အေ လု္ဘး္ဘးဍူ လ်ုခါင့်စူးယာ့ခေါဟ် ပ်ုဆုဃှီ့ဆ်ုလာ ထူၟရူ့မုင်ၟ္ဘျာ အ်ုရၜအ်ုသါ့ သီးလ်ုဖးမ်ုလင်မာၟဟှာဟှံင်ပႜ၀်ဝေ့ဆေ၀်ၟလှ်။

မွဲါဏ်ုသီးဆံင့်မံင်း္ဘေ့သှေ်သိုဝ်လဲ ဆ်ုခႜါင်အ်ုဝေ့ဏှ် မွဲ္ဘါးဆ်ုဏှ်လ္ဘဲးအင်းစါထင်းဏှ်။ ခေါဝ်ၟက်ုတ၀် ပ်ုဆု ဃှီ့လာ အ်ုသေါဟ်အ်ုယါင်လ်ုဖး မ်ုဟှာဟှံင်္ဘးခေါတ် အ်ုစံင်ဏှ်လှ်။
ယ်ုမုဖှေ်္ဘးသာ ဏ်ုသီးဆ်ုကုင်းဏှ်

လ်ုခႜုဂ်လေ၀်္ဘုံးဖါဍေါဟ်ဍ်ါခါ့ ခါင်ၟဖှေ်ဝီၟဏ်ုသီးဖေါဟ်လီအ်ုစူး လ်ုဏုသီးဟှိင်းဏှ်ဆါ်။

လ်ုခႜုဂ်ခါင်ၟစူးဍါ်္ဘးခါ့ လ၀်ထါင်ဖှေ်လာၟ ဏ်ုသီးဖေါဟ်ဏ်ုသီးလီ လာခုဂ်ခါင်ၟစူးဟှယ့်ကဲထင်း အ်ုထါ်အု္ဘံင်ဍေ အ်ုကုယိုင့် အ်ုခ၀့်ပ်ုယ၀့်ခါ့ လ၀်္ဘးလာၟ ထီ့ထီ့ဆါဆါဏှ်ဆါ်။

လင်ခါင့်ထုက်လ်ုမိင်ဏှ် ဆ်ုလုပ်ုယှာၟ လ်ုဖႜုံသီးယိုဝ် ပ္တံင်ဆ်ုမာလ်ုမိင်ဟှေဝ်လ်ုမိင်ဟှေဝ် ပ္တံင်မာထင်းဝေ့လု လာယေါတ် ထံင်ထါင်လာဃှဦုဏှ်ဆေ၀်ၟလှ်။

ဆ်ုသိုင့်မိင်ဏှ် လ၀်ထါင်ဖှေ်လာၟပ်ုဖေါဟ်ပ်ုလီ ကိုဝ်ၟဟှာဍေဏှ်ဆါ်။

ဏ်ုသီးယေါဝ်ၟထါင် ပ်ုဏိင်းထင်းသင့်မူၟဏီစါ်္ဘိုဝ် လာထါင့်ခုက်ဖေါဟ် ယေါတ်ထင်းလ်ုသင့် ဆေ၀်ၟလှ်။ အေယေါဝ်ၟထါင် လာခုဂ်ခါင်ၟစူးလ်ုခ၀့်ဏှ်ဍ၀် လာခုဂ်ဃှဦုဏှ်ဆေ၀်ၟလှ်။ အ်ုခေါဟ်စံင် ပ်ုယှာၟလ်ုဝီၟဍးအိုဝ် ပ္တံင်လင်ဆ်ုဖါ်ဆ်ုမာ လာယေါတ်ထံင်လင်ထါင် လါဃဦှုဏှ်လှ်။
လာလင်စါ်္ဘိုဝ် ပ္တံင်လင်ဝေ့ ဆ်ုဖါ်ဆ်ုမာဏှ်အေး၊ မွဲ္ဘါးဆ်ုဏှ်လဲစါ်္ဘိုဝ် က်ုတ၀်ဝေ့ ဖႜုံဆိုဒ်ဖေါဟ်အ်ုကျး မု လင်သုဂ် မ်ုခါ်ယှုက်္ဘးခေါတ်ဆေ၀်ၟလှ်။

အ်ုသီးဝေ့ ပ္တံင်လင်ဆ်ုဖါ်ဆ်ုမာ လာယေါတ်ထင်းဍေ လာဃှဦုအ်ုခေါဟ်စံင် ထံင်မူၟဆါ့လ်ုဏီယိုဝ် လင်ဆိုဝ် ဖေါဟ်လင်ဆိုဝ်လီ ဏ်ုသယ်ပ်ုသီးလ်ုဖး ဖိုင့်ခိုင့်ထုဂ်ဖႜဟ်ထင်းဏေ၀်ၟဝေ့ဟှေဝ်ဟှေဝ်္ဘး္ဘး ခိုင့်ခိုင့်ဏံင် ဏံင် ဆေ၀်လှ်ဏှ် ယ်ုလ၀်္ဘုံးဝေ့ဆေ၀်ၟလှ်။

ပ်ုယှာၟဆ်ုခႜါင် အေဆံင့်ဏး အင်းဃှဦ္ဘုယ် လုက်ဍေထါပး။
ပု္ယွာၟဆု္ခႜါင္ ေအခင့္ဖး မူၟလု္ဏီ မု္ထံင္ဆု္ကး။

ဆု္ခႜါင္လ၀္ဆို၀္လု္ဖး ဏ်ုသီးထံင်ဏါင်းဏေ၀်ၟလါၟ ကိုဝ်ၟဟှာဍေဆါ်။
ယှူးခႜိင်း္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်လါၟ ကိုဝ်ၟဟှာဍေဆါ်။
အသံဖိုင်လေးပါ။


စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ (ကောဝ်တြာ် ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 5, 2010

ခဲုးသိင့်ဏး(ပုတ်သင်ညို)


ခဲုးသိင့်ဏး(ပုတ်သင်ညို)
(မင်းစိုးစံ)

အရောင်တော့ပြောင်းသွားပြီ။
ကိုယ့်အမျိုးသားအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်းမရှိ။
ကိုယ့်အမျိုးသားအတွက် ဘာတခုမျှသိအောင်လည်းမလုပ်။
ကိုယ့်အမျိုးသားအတွက် အကျိုးရှိမှန်းမသိ။ မရှိမှန်းမသိ။
အိမ်ကောင်းကောင်းဆောက်ပြီး အိမ်အပေါ်ထပ်ကနေ ကိုယ့်အမျိုးသားတွေ အနိုင်ကျင့်ခံရတာကို အရသာခံကြည့်နေချင်တဲ့ အဖွဲ့တွေအတွက် အောက်ကအဖြစ်အပျက်မျိုးကြုံလာပြီဆိုလျင် ဘာလုပ်ဘို့စဉ်းစားပြင်ဆင်ထားကြပြီလဲ?

ဘီဘီစီ တနင်္ဂနွေ ညနေပိုင်းအစီစဉ်က ကူးယူထားတာပါ။

အသံကြည်လင်ပြတ်သားမှုမရှိတာကို သည်းခံပေးကြပါ။
ကျုပ်ရဲ့ အားနည်းချက်ပါ။

ပြောစရာမလိုတာကတော့ ဘာဆိုဘာမျှ မလုပ်ထားဘူး မပြင်ထားဘူး။
ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ မူကိုလက်ကိုင်ထားတဲ့ အဖွဲ့တွေအတွက် အဓိက,က ကိုယ်လွတ်လျင်ပြီး မလွတ်တဲ့လူတွေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။

ဒါဆိုလျင် မင်းစိုးစံ ခင်ဗျားရော အဲဒီပြဿနာဖြစ်လာလျင် ဘယ်လိုလုပ်ပေးနိုင်မလဲလို့မေးလာလျင်တော့
အဟီး အနော်လည်း တိဘူးဂျာ။ အနော်က နိုင်ငံခြားမှာလေ အော်မှာပေါ့ဂျ။
စိတ်မကောင်းပါဘူးဆိုပြီးတော့ပေါ့။ စစ်အစိုးရ ဘာညာပေါ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ချင်ခြင်းတ,ခြင်း

ဓါတ်ပုံကို သောသီခို ဘလော့ဂ် ကနေ ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။
ချင်ခြင်းတ,ခြင်း
(မင်းစိုးစံ)

“သင်းခွေချပ်သား စားချင်တယ်”
ပထမ ကိုယ်ဝန်ဆောင်တုန်းက ကျုပ်ဇနီး ချင်ခြင်းတ,ပုံ။
“မျောက်မျက်ကွင်းဖြူသား စားချင်တယ်”
ဒုတိယကိုယ်ဝန်နဲ့တုန်းက။
“အုဋ်နီခဲ စားချင်တယ်”
တတိယမြောက် ကိုယ်ဝန်မှာ တ,တဲ့ချင်ခြင်း။

တောထဲမှာဆိုတော့ သင်းခွေချပ်တို့ မျောက်မျက်ကွင်းဖြူတို့က ပြဿနာမရှိဘူး၊ အုဋ်နီခဲ ကျတော့ မလွယ်ဘူးဗျ တောကြီးမျက်မဲလေဗျာ သိတဲ့အတိုင်း အများအားဖြင့် သစ် ဒါမှမဟုတ်လျင် ဝါး အဲဒါတွေနဲ့ အဆောက်အဦးတို့ ဘာတို့ ဆောက်ကြတာ။ အုဋ်နီခဲ ဆိုတော့။
“အုဋ်နီခဲတော့ မရှိဘူး၊ မီးသွေးခဲပဲရ,မယ်”

အဲဒီလိုလည်းပြောမိရော ဇနီးချောက လုံးဝ,ကိုစိတ်ကောက်သွားတော့တာပဲဗျို့။ မိခင်တွေ ချင်ခြင်းတ,ပုံများနော် အဲဒါလေ ကျုပ်လူပျိုလူလွတ်ဘဝတုန်းက ယုံတမ်းစကားလို့ထင်ခဲ့တာ။ ကျုပ်ကို ကျုပ်အမေ ကိုယ်ဝန်ဆောင်ခဲ့ တုန်းက ကျုပ်အမေက ဆင်နှာမောင်း စားချင်တယ်ဆိုတာ ပြောပြတယ်ဗျ။

အဲဒါ ကျုပ်အဖေ ဆင်တကောင်ဝယ်ပြီး နှာမောင်းချက်ကျွေးလိုက်တယ် လို့ မထင်နဲ့နော်။ ဆင်ဆိုတာက ငါးပြား ဆယ်ပြားမှ မဟုတ်တာ။ ဒီတော့ ကြက်ဆင် ချက်ကျွေးလိုက်ရတယ်တဲ့။
ကျုပ်ညီကို ကိုယ်ဝန်ဆောင်တော့ အမေက ကုလားခြေသလုံးသား စားချင်တယ်ဆိုပဲ။ ကျုပ်တို့ခေတ်တုန်းက ကုလားတွေ က ဆင်ခေါင်းပဲလှော်နဲ့ သတ္တုအိုးတွေ ကော်ရုပ်တွေ ကြေးနဲ့လုပ်ထားတဲ့ပစ္စည်းတွေကို လိုက်လဲတဲ့ ခေတ်လေဗျာ။ ပဲလှော်စားချင်တဲ့ ကလေးအများစုဟာ သတ္တုအိုးတွေကို ကုလားကိုပေး ပဲလှော်နဲ့လဲစား။ အမေတွေ အိမ်ပြန်ရောက်တော့ ချက်စရာအိုးက မရှိ။ အဲဒီကစ,လို့ ဆင်ခေါင်းပဲကနေကုလားပဲဆိုတဲ့ အမည်ဖြစ် သွားတယ်လို့ ဆိုပါတယ်။

ကုလားတွေကလည်း ကလေးဆိုတော့ ပဲလှော်လေး နည်းနည်းပါးပါးပေး ဒန်အိုးဒန်ခွက်တွေကိုယူပြီး စီးပွါးရေး အရ အတော်တွက်ခြေကိုက်နေလိုက်တာ ဟော အခုဆိုလျင် ကရင်တွေ ကုလားသူဌေးဆီက အတိုးမတန်တဆ နဲ့ ငွေချေးနေရပြီပေါ့။
ဒါကြောင့်လည်း စကားပုံလိုလို ဘာလိုလို ပြောစမှတ်ပြုတဲ့စကားလေး တခုရှိခဲ့သေးသဗျ။
တရုတ်လိုရှာ။ ကုလားလိုစု။ ကရင်လိုမစားနဲ့။ ဗမာလိုမကြွားနဲ့။ ဆိုတာ။

ချင်ခြင်းတ,တဲ့အကြောင်းရေးဘို့မေ့သွားတယ်။ ဘယ်ရောက်သွားပါလိမ့်နော်။ ဟုတ်ပြီ ကျုပ်အမေ ကုလား ခြေသလုံး စားချင်တယ်ဆိုတာ။
“ဒန်အိုးဒန်ခွက်တွေ ပဲလှော်နဲ့လဲတယ်၊ ကော်ရုပ်ကော်ခွက်တွေ ပဲလှော်နဲ့လဲတယ်” ဆိုတဲ့အသံလည်းကြားရော ကျုပ်အမေဟာ ကျုပ်အဖေကို ဓါးမကြီးတလက်ပေးပြီး သွားခုတ်ပါဆိုပြီး ခိုင်းပါလေရော။
ကျုပ်အဖေလည်း ဓါးမကိုယူ အိမ်ပေါ်ကနေ အပြေးကလေးဆင်းပြီး ကုလားကိုလိုက်ခုတ်တော့တာပဲလို့ မထင် လိုက်ပါနဲ့ တနေကုန်ပျောက်သွားလိုက်တာ ညနေစောင်းမှ အိမ်ပြန်ရောက်တယ်။ အမေက ဘယ်မှာလဲကုလား ခြေသလုံး ဆိုတော့ ဒီမှာ ဆိုပြီးကျုပ်အဖေက သူငယ်ချင်းအိမ်က ပဲဆီပုလင်းပေးလိုက်တယ်။
ခြေသလုံးမှမဟုတ်တာ စကားများတော့တာပေါ့ အဖေက အေး အထဲမှာ ကုလားခြေသလုံးကို အဆီထုတ်ပြီး ထည့်ထားတယ်။ အဲဒါထမင်းနဲ့ကြော်စားကြည့်။

အဲသလိုအဲသလိုကို ချင်ခြင်းတ,ကြတာ။

တချို့ကျတော့ ဆေးလိပ်ပြာ။ ဆန်။ ကွမ်းသီး။ သဲ။ မြေကြီး။ မြေနီခဲ။ အိုးတိုက်ဖွဲပြာ အဲသလိုကို စားချင်ကြတာ။ အန္တရာယ်ဖြစ် မဖြစ်ဆိုတာတော့ ကျုပ်လည်းမသိဘူး။
ပြောသံကြားတာကတော့ အဲသလို ချင်ခြင်းတ,နေလျင် မတားပါနဲ့။ ရအောင် ရှာပေးပါ။ အဲဒီလို မှမဟုတ်လျင် အမေစိတ်မချမ်းသာတဲ့အတွက် မိခင်ဝမ်းထဲက ကလေးလည်း စိတ်ညစ်နေလိမ့်မယ် လို့ဆိုကြပါတယ်။
ဒါကြောင့် ဆရာဝန်တယောက်နဲ့ တွေ့ဆုံမေးမြန်းခန်းလေး နားဆင်ကြည့်ပါ။

ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကပါ။

ကဲ နားဆင်ပြီးကြတဲ့ ပုဂ္ဂိုလ်များ ခင်ဗျား။

ဗမာစစ်အစိုးရရဲ့ ညစ်ပတ်စုတ်ပဲ့မှုအလီလီ၊ ရက်စက်မှုအမျိုးမျိုးကြားကနေ ကိုယ်ဝန်ဆောင်နေကြရတဲ့ ကျုပ်တို့ ကရင့်မိခင်လောင်းတွေကနေ ထိတ်လန့်မှု စိုးရိမ်မှု ပင်ပမ်းဆင်းရဲမှု အစာရေဆာ ငတ်ပြတ်မှုအမျိုးမျိးနဲ့ မွေးလာ မယ့် လူဖြစ်လာမယ့် ကရင့်မျိုးဆက်သစ်လေးတွေရဲ့ အခြေအနေ၊ နောင်မှာ လူကြီးဖြစ်လာမယ့် ကရင်လေးတွေ ရဲ့အနာဂတ် ကရင်အမျိုးသားတွေရဲ့အနာဂတ်။
နအဖလို့နာမည်ဆိုးနဲ့ အထင်ကရဖြစ်နေတဲ့ မြန်မာအာဏာရူးစစ်အုပ်စုကို အားပေးထောက်ခံတဲ့လူပုဂ္ဂိုလ် ဒါမှမ ဟုတ် အဖွဲ့အစည်းတွေအားလုံးကို ကျုပ်ပြောချင်တာကတော့ လူမျိုးတမျိုးပြုဉ်းတီးရေးအတွက် အစီအစဉ်ရှိရှိ စ နစ်တကျ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်နေဦးမယ့် ဒီမကောင်းဆိုးဝါးစစ်အစိုးရအာဏာတည် တံ့ဘို့ ခင်ဗျားတို့ဟာ တကယ့်ရေသောက်မြစ်တွေဖြစ်တယ် ဖြစ်နေပြီဆိုတာပါပဲ။

ကျုပ်ကိုယ်ဝန်မဆောင်ပေမယ့် ချင်ခြင်းတ,နေမိတယ်၊ အဲဒါကတော့ ခင်ဗျားတို့အားလုံး အမြင်မှန်ရစေချင်တဲ့ ချင်ခြင်းပဲဖြစ်ပါတယ်။
ဒီကေဘီအေ ၉၉၉ အထူးတပ်ရင်းမှ အချစ်ဆုံးသူငယ်ချင်း ဗိုလ်သူရိန်နှင့် ဗိုလ်ကြည်လင် တို့အတွက် ရည်ရွယ် ခြင်းဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 4, 2010

လွန်သွားပြီ

လွန်သွားပြီ
(မင်းစိုးစံ)

ငါ့ကိုလူတွေက
အတ္တသမားကြီး
ဒေါသ သမားကြီးလို့
ဆိုကြတယ်။

ငါကတော့
ငါ့ကိုယ်ကို
အပိုအလိုမရှိ
ပြကတေ့မစ္ဈိမတရား
လက်ကိုင်ထားတဲ့
အလယ်အလတ်သမားလို့မြင်
စိတ်ကြီးဝင်လိုက်တာဆို
ငါ့ကိုယ်ငါ အမွှမ်းတင်လို့မဆုံး။

ငါ့လက်သုံးစကား
မတရားတာမှန်လျင်
တော်လှန်ဘို့အသင့်
အတင့်ရဲတဲ့ငါ
နေရာမရွေးဘူးဆိုခဲ့။

ငါ့အပြောနဲ့ငါ့အလုပ်
ခုတ်ရာတခြား ရှရာတလွဲ
သူတပါးကိုသာအမြဲအပြစ်ပြော
မောဟတရားတွေဖေါသီ။

အချိန်တွေကြာညောင်း
နှစ်တွေပြောင်းလာ
နောက်ကြောင်းကိုပြန်လှည့်
ပြောခဲ့တဲ့စကားကိုပြင်ချင်လို့
မမြင်မကန်းနဲ့
မီးအိမ်ကိုစမ်းကြည့်လိုက်တဲ့အခါ
မသုံးတာကြာတဲ့ငါ့မီးအိမ်ဟာ
မီးစာကုန်ဆီခမ်း
အခန်းထောင့်မှာ ဂျွမ်းပြန်ရှာပေါ့။

မပြောလို့မဖြစ်
ပြောလိုက်မှဖြစ်မယ်
အသံကုန်ဟစ်ဘို့အလုပ်
လည်ချောင်းမှာတစ်ဆို့
နှစ်ချို့နေတဲ့ငါ့အမှားတွေ
မောဟများနဲ့ပျော်နေလေရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်

ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်

၁။ မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
၂။ သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။
၃။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။
၎။ ငါကို ပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်။
၅။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးလိုလားမည်။
၆။ ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ရွက်ဆောင်မည်။
၇။ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေမဟုတ်။
၈။ သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။
၉။ ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။
၁ဝ။ ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ်ရလိမ့်မည်။

စတုတ္ထစံကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပညာကြီးရင့်ကြောင်း ရှစ်ပါး

ပညာကြီးရင့်ကြောင်း ရှစ်ပါး

အသျှင်ဘုရားနာဂသေန ရှစ်ပါးသော အကြောင်းတို့ကြောင့် ပညာသည် ကြီးရင့်၏၊
ရင့်ကျက်ခြင်းသို့ ရောက်၏။

အဘယ်ရှစ်ပါးသော အကြောင်းတို့ကြောင့်နည်းဟူမူ-

၁။အရွယ်ကြီးရင့်သောကြောင့် ပညာသည် ကြီးရင့်၏၊
၂။ အခြံအရံ အကျော်အစောများသောကြောင့် ပညာသည် ကြီးရင့်၏၊
၃။ အဖန်ဖန် မေးမြန်းသောကြောင့် ပညာသည် ကြီးရင့်၏၊
၎။ ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော်သောကြောင့် ပညာသည် ကြီးရင့်၏၊
၅။ သင့်လျော်စွာ နှလုံးသွင်းသောကြောင့် ပညာသည် ကြီးရင့်၏၊
၆။ တိုင်ပင်ဆွေးနွေးသောကြောင့် ပညာသည် ကြီးရင့်၏၊
၇။ ချစ်ခင်သူနှင့် ပေါင်းဖော်ရသောကြောင့် ပညာသည် ကြီးရင့်၏၊
၈။ သင့်လျော်သော အရပ်ဌာန၌ နေထိုင်ရသောကြောင့် ပညာသည် ကြီးရင့်၏၊

http://www.lknt.org မှ ကူးယူဖေါ်ပြသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်ခုံတွေစားပွဲတွေမရှိတဲ့ စားသောက်ဆိုင်


စားပွဲခုံတွေ ကုလားထိုင်တွေမရှိတဲ့ စားသောက်ဆိုင်အကြောင်းလေး မသိချင်ကြဘူးလား
နားထောင်ကြည့်ပါ
ပြီးတော့ သွားလည်လို့ရအောင် လိပ်စာလေးပါပေးလိုက်ပါ့မယ်။


လိပ်စာကတော့ www.maungmaungmsf.blogspot.com ဖြစ်ပါတယ်။
www.voanews.com/burmese က ကူးယူဖေါ်ပြထားတာပါ။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သြစတြေးလျား က ကရင့်ယဉ်ကျေးမှုသင်တန်း

သြစတြေးလျား က ကရင့်ယဉ်ကျေးမှု သင်တန်းလေးပါ။
နိုင်ငံတကာကိုရောက်နေတဲ့ ကရင်အဖွဲ့အစည်းတွေ အတုယူလုပ်ဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။



သောသီခို ကနေတဆင့်ကူးယူဖေါ်ပြလိုက်တာဖြစ်ပါတယ်။
သြစတြေးလျားက ကရင်ညီအစ်ကို မောင်နှမ များ အားလုံးကိုကျေးဇူးတင်ကြောင်းပါခင်ဗျား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, September 1, 2010

ယောက်ျားလေးများအား ခွင့်လွှတ်သင့်သောအချက် (၁၀) ချက်

ယောက်ျားလေးများအား ခွင့်လွှတ်သင့်သောအချက် (၁၀) ချက်

၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။

၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ…. စောင့်မနေပါနဲ့။
ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။

၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။

၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ…
သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။

၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့
သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။

၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။

၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ" ဆိုတဲ့မေးခွန်းမေးမဲ့အစား "သတိထားသွားလို့ ပြောပါ။

၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။

၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. သူငိုရင် လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။

၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင် White lie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။

နားလည်မှုတွေပေးရင်း ပျော်ရွှင်နိုင်ပါစေ။
Last Updated on Friday, 25 June 2010 13:38

အဲဒီစာသားတွေကို http://www.ourmandalay.net ကနေ တိုက်ရိုက်ကူးယူထားတာပါ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မသိတာတာလား သတိမထားတာလား


မသိတာလား သတိမထားတာလား
(မင်းစိုးစံ)

ဒေါသတွေ ထွက်နေတယ်၊ ဘာကြောင့်လည်းဆိုတာ အသေအခြာမသိဘူး။
စိတ်ငြိမ်သွားအောင် ဘုရားခန်းထဲဝင်လိုက်တယ်၊ ဓမ္မပဒ ကိုကောက်ကိုင်လိုက်တယ်၊ အဲဒီတော့မှ ပိုပြီးစိတ်တို လာတယ်၊ မျက်မှန်ကိုဘယ်နေရာမှာ သွားထားမိမှန်းမမှတ်မိဘူး။
ရှာလိုက်တာ နေရာအနှံ့ပဲ၊ မတွေ့ဘူး။

မျက်မှန်ရှာနေတုန်း ရေအိမ်တက်ချင်လာတယ်၊ ရေအိမ်ထဲ ဝင်တော့မှ မျက်မှန်ကိုတွေ့တယ်၊ ရေအိမ်ထဲမှာထိုင် နေရင်း မျက်မှန်ကိုကောက်တပ်လိုက်တော့ စိတ်တိုလာပြန်ရော၊ မှန်သားတွေက နောက်ကျိနေတယ်၊ ရေအိမ် ထဲက စက္ကူနဲ့မှန်ကိုအလျင်စလို ရှင်းလိုက်တယ်၊ မရ,ဘူး။

နောက်ကျိမြဲနောက်ကျိနေတဲ့ မျက်မှန်ကိုချွတ်လိုက်တယ်၊ ရေအိမ်ကပြန်မထွက်ခင် လက်ကိုသန့်ရှင်းလိုက်တယ် ပြီးတော့ လက်သုပ်စက္ကူနဲ့လက်ကို သန့်စင်နေတုန်း တည်ထားတဲ့ရေနွေးအိုးက တရွှီးရွှီးအသံတွေထွက်လာတာ ကြားလိုက်တယ်၊ ကမန်းကတမ်း ရေအိမ်ကပြန်အထွက် ရေချိုးတဲ့ခုံပုလေးကို တိုက်မိပြီး ခြေမ,ကွဲသွားတယ်။

သွေး စ,နည်းနည်းမြင်လိုက်တယ်။ဒေါသ ထွက်ထွက်နဲ့ ခုံကိုဆောင့်ကန်လိုက်တယ်။ မထိဘူး။
ဒေါသပိုထွက်လာတယ်။ ထပ်ကန်ဘို့လုပ်တယ်။ ရေနွေးအိုး က ပိုအရေးကြီးတယ်။

မီးခလုတ်ကိုပိတ် ရေနွေးကရားကို အသာချ ဘုရားခန်းထဲပြန်ဝင် ဓမ္မပဒကိုဘတ်ဘို့လုပ်တော့ စာအုပ်ကို ရှာလို့ မတွေ့ပြန်ဘူး။

မှတ်မိပြီ ရေအိမ်ထဲမှာရှိမယ်၊ ရေအိမ်ထဲတခါပြန်ဝင်ပြီး စာအုပ်ကိုယူလာတယ်၊ ဘုရားခန်းထဲပြန်လာတယ်၊ ဘု ရားခန်းထဲရောက်တော့ မေ့ပြန်ပြီ။

မျက်မှန်။

မျက်မှန်ကို ဆေးရည်နဲ့ဆေး အဝတ်စ,လေးနဲ့သုပ်ပြီး ဓမ္မပဒကိုဖတ်နေလိုက်တယ်၊ ဒေဝဒ အကြောင်း။ တော်တော်ဆိုးတဲ့ ပုဂ္ဂိုလ်ပဲ။

မျက်လုံးတွေကိုက်လာတယ်၊ မျက်ရည်ပူတွေထွက်လာတယ်။ မျက်မှန်ကိုချွတ်လိုက်ပြီး မျက်လုံးကိုလက်မ,နဲ့ အသာအယာပွတ်လိုက်တယ်။ နည်းနည်းသက်သာသလိုရှိတယ်၊ ဘုရားခန်းထဲကနေ ပြူတင်းလိုက်ကါကိုဖွင့်ပြီး အပြင်ကို ကြည့်လိုက်တယ်၊ အားလုံးဟာ သူ့နေရာနဲ့သူပဲ သစ်ပင်မြင့်မြင့်တွေပဲ လေတိုက်လို့ ဟိုသည်ယိမ်းနေ တယ်။

မြင့်တဲ့သစ်ပင်တွေဟာ လေတိုးတာပိုခံရတယ်ဆိုတာ ဒါပဲနေမှာပါ။

မေ့ပြန်ပြီ ဆရာဝန်မှာထားတယ်၊ တနေ့မျက်စဉ်းလေးခါ ခပ်ရမယ်ဆိုတာ၊ အဲဒါမှ ပြဿနာ ညတုန်းကလည်း မျက်စဉ်းခပ်ဘို့မေ့နေတယ်။

တော်ပါသေးရဲ့ မျက်စဉ်းခပ်ဆေးက ဘုရားခန်းထဲမှာပဲ၊ အလွယ်လေးရှာတွေ့လို့။ မဟုတ်လျင် ထွက်ဦးမယ်။

ဒေါသ။

လွန်ခဲ့တဲ့ခြောက်လ,လောက်တုန်းက ဆရာဝန်ဆီသွားတော့ မျက်စဉ်းခပ်ဆေးတခုပေးတယ်၊ တနေ့နှစ်ကြိမ်။ လေးလ ခပ်ပါတဲ့။ အခုပြန်ပြတော့ အခြေအနေက ဆိုးလာတယ်၊ ဆေးကိုတနေ့လေးကြိမ်ခပ်။ တနှစ်တိ တိ။ သတိတခုပေးလိုက်သေးတယ် တစ်လတိတိ Computer လုံးဝ,မကိုင်ပါနဲ့။
ကောင်းရော။

မတတ်နိုင်ဘူး Computer ကို နည်းနည်းလောက် လိုက်ကလိမှပါလေ၊ ဘာတဲ့ RFA သတင်းက ထိုင်း ဗမာ နယ်စပ်ဂိတ်သုံးခုထဲက ကော့သောင်းနဲ့ တာချီလိတ်ပဲဖွင့်မယ် ကျန်တဲ့ဂိတ်မဖွင့်ဘူးဆိုပါလား။ မှတ်ထား။ ဘာတတ်နိုင်လဲ DKBA ။ အဲဒါ ရွေးကောက်ပွဲ မလုပ်ခင်လေး ပညာပေးလိုက်တာ။
မဲဆောက် မြဝတီ ဂိတ်

ရွေးကောက်ပွဲ လုပ်နေတုန်းမှာ နောက်ထပ် ပညာပြလိမ့်မယ်၊ ရွေးကောက်ပွဲပြီးပြီဆိုတာနဲ့ ပြမယ့်ပညာ ကတော့ အချီကြီးပဲ။ ဘာတွေပြင်ဆင်ထားပြီလဲ။

နိုး။ ဘာမျှမရှိဘူး။

ကောင်းလိုက်တာ။

စိတ်ညစ်ဘို့။

လာပြန်ပြီတခု ပညာပေးစာပိုဒ်။ ကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ပါ။ ကွန်ပျူတာတစ်စုံရှိ Keyboard မှာ Office တခုရဲ့အများသုံး Toilet ထက် ၅ ဆ, ပိုညစ်ပတ်ပါသတဲ့။

ဒါတော့ မဖြစ်နိုင်ဘူး။ သက်သက်ရွှီးတာပဲ။

မယုံမရှိကြပါနဲ့ ။
London National Laboratory တစ်ခုရဲ့ တိကျသေချာသော သုသေသန လုပ်ဆောင်ချက်တစ်ခုက နေ ရရှိလာတဲ့ Reslut တစ်ခုပါ။
ဟိုက် တယ်ဟုတ်ပါလား ဒါဆိုဆက်ဘတ်ကြည့်လိုက်ဦးမှ။

Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွားရှင်သန်နိုင်ကြောင်း လေ့ လာတွေ့ ရှိရသည်။ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာ ဖြစ်ပြီး ၀မ်းလျောခြင်း ) မှ အစ,သေစေနိုင်လောက်သည့် ရောဂါများအထိ ဖြစ်ပွားပျံ့နှံ့စေနိုင်သည်။

အလိုလေး ဒါဆို သတိထားမှထင်တယ်။မျက်လုံးတွေ ကိုက်လာပြန်ပြီ။

မျက်လုံးတွေကို လက်နဲ့ပွတ်လိုက်တယ်။

သွားပါပြီဗျာ။

အိမ်သာထဲက အဲလေ Keyboard ပေါ်က သန်းနဲ့ချီတဲ့ Bacteria တွေ ကျုပ်မျက်လုံးထဲ။
Computer အသုံးပြုပြီးတိုင်း လက်ကိုသန့်စင်ပါ ဆိုတာလေး။

အနီရောင်ဖြင့် ပြထားသောစာလုံးများသည် http://kyawnanda1978.multiply.com
မှ ကူးယူထားခြင်းဖြစ်ပါသည်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....