+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 11, 2010

နှစ်ယောက်အကြောင်း

နှစ်ယောက်အကြောင်း
(ချစ်တိုးနွယ် )

တစ်ယောက် မျက်နှာဆီ
တစ်ယောက်က ငေးတော့
တစ်ယောက် မျက်ဝန်းဆီမှာ
တစ်ယောက်က နှင်းကျတယ်….။

မေ့နိုင်ပြီလား…တဲ့
တစ်ယောက်ရဲ့ နိမိတ်မေးခွန်းက
တစ်ယောက်ရဲ့ စိတ်ကို သွေးစွန်းပေါ့
နီးလွန်းခဲ့တဲ့ အဝေးမှာ
ကဗျာရေးတော့လည်း အလွမ်းအဆွေး
တစ်ယောက်ရဲ့ အရေးအသားက
တစ်ယောက်ရဲ့ အသွေးအသား
တစ်ယောက်ရဲ့ သမုဒယက
တစ်ယောက်ရဲ့ လူ့ဘ၀ဖြစ်လို့
တစ်ယောက်ရဲ့ စိတ်ဖြစ်စဉ်က
တစ်ယောက်ရဲ့ အတိတ်မှာ နစ်ဝင်တယ်။

တွေ့ ချစ် ဝေး ကွဲ
သမားရိုးကျ ဇာတ်လမ်းတွဲ တွေလို
အလွမ်းကို မြန်မာစာတန်းထိုးမရတော့
တစ်ယောက်စိတ်မှာ
တစ်ယောက်အရိပ် ရှိနေသမျှ
တစ်ယောက်ကို တစ်ယောက်က
တစ်ယောက်တည်း တစ်မျက်နှာအဖြစ်……။ ။

ချစ်တိုးနွယ်
( အောက်တိုဘာ ၂၀၀၅ သရဖူ )


Source : http://patheincity.com/new
မြို့တော်ပုသိမ် သတင်းစဉ် မှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, September 10, 2010

အပိုင်တွက်ထားပြီးသားနော်

အပိုင်တွက်ထားပြီးသားနော်
(မင်းစိုးစံ)

၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်လည်းနိုင်ရ,မယ်၊ ရှုံးလည်းနိုင်ရ,မယ်။
ဒါမြန်မာ့စစ်အစိုးရရဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ။
မကြေနပ်ဘူးလား?
ဘာဖြစ်ချင်လဲ?
ပြည်ပ,ကို အားကိုးစရာမလိုဘူး။ ပေါက်ဖေါ်ကြီးရှိတယ်။
ပေါက်ဖေါ်ကြီးက အားလုံးတာဝန်ယူတယ်။
ရှင်းလား?

ဓါတ်ပုံကwww. google.com/images ဖြစ်ပါတယ်။



အသံဖိုင်က www.bbcburmese.com ကဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ (၆)

အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ(ကေါဝ်တြာ်ခင်းထ်ါလ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာဇိန် ရဲ့ အတွေးအမြင်


KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာဇိန် ရဲ့ အတွေးအမြင်



Copyright © 1998-2010 Radio Free Asia. All rights reserved.

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လျှာမရှည်နဲ့ တရားမျှတ,တဲ့ရွေးကောက်ပွဲဆိုတာ ဒါပဲ

လျှာမရှည်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဒါပဲ


မိုးမခ ကနေ ကူးယူတင်ပြထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, September 9, 2010

ယောက်ျားဖေါင်စည်း၊ မိန်းမ,မီးနေ

Photo by www.google.com/images

ယောက်ျားဖေါင်စည်း၊ မိန်းမ,မီးနေ
(မင်းစိုးစံ)

“ဗျို့ ဘကြီး ဘာတွေစဉ်းစားနေတာလဲဗျ”
“ လန့်လိုက်တာကွာ မင်းကလည်း အသံမပေးဘာမပေးနဲ့”

“လန့်စရာ မဟုတ်လန့်နေတယ်၊ ဟိုသတင်းကြားပြီးပြီလား”
“ဘာသတင်းလဲကွ ရွေးကောက်ပွဲလား၊ စိတ်မဝင်စားဘူး၊ နယ်ခြားစောင့်တပ်လား ဝေးသေး၊ လူ့အခွင့် ရေးသတင်းလား တော်တော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ပြည်သွားတဲ့သတင်းလား နားထား ”
“ခက်တော့နေပြီ ပဲခူး (ပဂိုး)မှာလေဗျာ ကလေးနှစ်ယောက်ကို နအဖ စစ်သားတွေက သေနတ်နဲ့ပစ် သတ်သွားတဲ့သတင်းလေ…..ဟို……”

“တော်လိုက်စမ်းပါကွာ၊ ကြားပြီးပြီ၊ ဆန်းတာမှတ်လို့”
“မဆန်းလို့ရ,မလားဗျ၊ မြို့လည်ခေါင်မှာ သေနတ်နဲ့ပစ်ရဲတာ၊သူတို့ကိုယ်တိုင် သက်ဆိုင်တဲ့မိသားစုတွေ ကို တောင်းပန်ပြီး၊ အသုဘချပေးမယ့်အပြင် ကလေးတယောက်ကို ဗမာငွေ ဆယ်သိန်း အလျှော်ပေး မယ်ဆိုတော့…….”
“ဘာလဲ ဒေါ်လာဆယ်သိန်းဆိုလျင် မင်းက အသတ်ခံချင်လို့ လာပြောနေတာလား”
“ဘကြီးကလည်းလေ စကားကို ဘယ်တော့မျှ အကောင်းမပြောဘူး၊ ဆေးစားမှားနေတာ အခုထက်ထိ အရှိန်မသေသေးဘူးထင်တယ်”
“အေး ထားလိုက်တော့ ငါက ဆေးစားမှားလို့၊ မင်းက ဘာအစားမှားနေလဲ”

“ကျွန်တော် ထင်တာကတော့ ဒီ စစ်အစိုးရတွေ ပြည်သူလူထုကို အာရုဏ်လွှဲတာနေမှာဗျ၊ သူတို့က အဲ ဒါမျိုးလုပ်နေကျလေ။ နောက်တခုက ကျွန်တော်တို့ထဲက လူအချို့ကလည်း စစ်အစိုးရဘာလုပ်နေသလဲ ဆိုတာကို လိုက်ကြည့်နေတတ်တာမဟုတ်လား”
“အဲဒါတွေ မင်းဘယ်လိုလုပ် သိသတုန်း၊ ရမ်းမပြောနဲ့၊ သက်သေသာဓက,နဲ့ပြော၊ နေစမ်းပါဦး သူတို့က လူထုကို အာရုဏ်ဘယ်လိုပြောင်းသလဲ၊ မင်းအမြင်ကိုပြောလေ၊ ငါနားထောင်မယ်”

“ကျွန်တော်မြင်တာကတော့ နိုင်ငံတကာကနေပြီး ဗမာစစ်အုပ်စုဟာ လူ့အခွင့်ရေးချိုးဖေါက်တယ်၊ စစ် ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ပြောနေတာတွေကို မဟုတ်ဘူးဆိုတာပြချင်လို့ အခုလိုလုပ်ပြလိုက် တာပဲ”
“အံမာ မင်းကကြံကြံဖန်ဖန်လိုက်မြင်တတ်သားပဲ၊ တကယ်ကော သူတို့စိတ်ရင်းက အဲလိုလုပ်တာလို့ မပြောနိုင်ဘူးလား၊ ဆိုလိုတာကကွာ ကာယကံရှင်တွေကို တောင်းပန်တာတို့ လျှော်ကြေးပေးတာတို့ ဆိုတာ”

“ဘကြီးကလည်းဗျာ ဒီလူတွေရဲ့ စိတ်နေသဘောထားကို သိနေလျက်သားနဲ့ မေးနေပြန်ပါပြီ၊ သူတို့ကို ဘာတခူမျှပြန်ပြီး ခံမလုပ်ရဲအောင်၊ နောက်တက်လာမယ့် အစိုးရဆိုတာ ဒါပဲ ဆိုပြီးပြသွားတာ”
“မင်းကတော့ လုပ်တော့မယ်၊ ပဲခူး(ပဂိုး)မှာ ကလေးအသတ်ခံရတာနဲ့ ဘယ်လိုလုပ်ပြီး နောက်တက် လာမယ့် အစိုးရကို သွားချိတ်လိုက်တာလဲကွ၊ မဆိုင်လိုက်တာများကွာ”

“အဲဒါပဲ ဘကြီး ကျွန်တော်တို့တတွေဟာ ပြဿနာတခုဖြစ်ပြီဟေ့ဆိုလျင် ဆက်စပ်ခဲ့တာ ဆက်စပ်နေ တာ ဆက်စပ်ဦးမှာ တွေကိုမတွေးတတ် မဆင်ခြင်တတ်တဲ့အပြင် နောင်ခါလာနောင်ခါဈေး ဆိုပြီး…”
“တော်….. တော်ပါတော့ မိကျောင်းသားမက်ရယ် မင်းဆိုလိုချင်တာက အခုအစိုးရ,နဲ့ နောက်တက်လာ မယ့်အစိုးရက မပြောင်းဘူး၊ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မယ်၊ သဘောထားတွေမပြောင်းဘူး ဆိုတာ မ ဟုတ်လား”
“ဖြေနေစရာလိုသေးလားဗျာ ဘကြီးကတော့လေ ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးနဲ့လား ဆိုပြီး မေးနေသေးတယ်”
“ဒါဆို တောင်းပန်တာတို့ လျော်ကြေးပေးတာတို့ ဆက်လုပ်သွားမယ့်သဘောမျိုးလို့ ဆိုလိုတာလားကွ”
“အဲဒါမျိုးတော့ ကြေးစည်ထုတဲ့အသံပါ”
“ဘာလဲကွ ကြေးစည်ထုတဲ့အသံ ဆိုတာ”
“မထင်..ဟင်၊ မထင်..ဟင်”

“တခါတလေအကောင်းမြင်ကြည့်ချင်တယ်ကွာ ဘာလဲဆိုတော့ ပဲခူးကလူသတ်မှုမျိုးလို လျော်ကြေး ပေးတာ တောင်းပန်တာတွေ ဗမာစစ်အုပ်စုအနေနဲ့ ကရင်ပြည်သူလူထုကို တောင်းပန်ပေးမယ်ဆိုလျင် ဘယ်လောက် ကောင်းလိုက်မလဲနော်”
“ဘကြီးကလည်း ကြီးမှဝက်သက်ပေါက်နေပြန်ပါပြီ၊ ဘယ်တော့မျှတောင်းပန်ခံရဘို့ လျော်ကြေးရဘို့မ စဉ်းစားနဲ့၊ နအဖ စစ်အုပ်စုသာ ကရင်တွေကိုတောင်းပန်ပြီး လျော်ကြေးပေးမယ်ဆိုလျင် နအဖဆွေ ခု နစ်စဉ် မျိုးခုနစ်ဆက် တောင်းပန်တာတောင်မျှ အသတ်ခံရတဲ့ အပြစ်မဲ့ကရင်တွေ ကုန်မှာမဟုတ်သလို သူတို့မှာရှိသမျှစည်းစိမ်ဥစ္စာတွေအပြင် ဆွေခုနစ်စဉ်မျိုးခုနစ်ဆက် အခုလိုပဲ တိုင်းပြည်က ထွက်တဲ့သ ယံဇာတတွေကို ခိုးလို့ရတဲ့ငွေတွေနဲ့လျော်တာတောင် တဝက် လောက်ကြေလျင် ကံကောင်းပဲ”
“မင်းကတော့လေ နအဖကိုပြောလိုက်တာများ သေချင်ဆော်ပါနံတယ်၊ မင်းမှာဘာအထောက်အထားရှိ လို့ ပြောနိုင်တာလဲ”
“ဘကြီးရေ ရိုးရိုးသတ်လို့သေတာလောက်ကိုပဲ ပြောနေသေးတာ၊ အဲဒီသတ်ဖြတ်မှုနဲ့ဆက်စပ်မှုကြောင့် သေတဲ့လူတွေက ဒီထက်မက,ပိုများတယ်၊ မယုံလျင်ကျွန်တော်ကူးထားတဲ့အသံဖိုင်လေးကိုနားထောင် ကြည့်၊ ကျုပ်တို့ကရင်လူမျိုးတွေတင်မက တိုင်းရင်းသားတွေအတွက် နစ်နာဆုံးရှုံးမှုတွေလို့ ပြောနိုင်သ
လို အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် မကောင်းတဲ့အလားအလာပဲဗျ”
“မင်းကတော့ ဆက်စပ်တွေးတောတယ်လေးဘာလေးနဲ့ ပေါက်ကရ,တွေလျှောက်တွေးပြီး ဘာမျှမလုပ် အားမကိုင်အားနဲ့ ယောင်ချူးကြီးဖြစ်နေတော့မှာပဲ”

“ဘကြီးကိုကျွန်တော် ရှင်းပြမနေတော့ဘူး၊ အသံဖိုင်ကိုနားထောင်ကြည့် ပြီးတော့တွေးကြည့် ဒီတော့မှ ဘကြီးရေးမယ့် ယောက်ျားဖေါင်စည်း မိန်းမ,မီးနေ ဆိုတဲ့ အကြောင်းအရာကို ပိုပြီးအထောက်အကူပြု လိမ့်မယ်”
“မင်းက ငါရေးမယ့် ခေါင်းစဉ်ကို ဘယ်လိုလုပ်သိသွားတာတုန်းကွ”
“ဘကြီးဘေးက စာရွက်ထပ်ရဲ့ အပေါ်ဆုံး စာကြောင်းကိုတွေ့လို့ပေါ့ဗျာ၊ ကဲ သွားပြီဗျို့”

အင်းအှ်ဟှ အင်းအှ်ဟှ (ကလေးငိုသံ-ကရင်လိုငိုနေတာ)

“ဘာလေးလဲဟေ့”
“မိန်းကလေး”

ရွှီး……ဝုန်း….ဒုံးဂွမ်း (လက်နက်ကြီးသံ)
ဒက်….ဒက်….ဒက် (လက်နက်ငယ် အတွဲလိုက်)

“ကလေးအမေကို အလျင်ထမ်းလေကွာ”
“ဘယ်လိုထမ်းမှာတုန်းဟဲ့ ချက်ကြိုးတောင်မဖြတ်ရသေးဘူး”

“အမလေး…….”
“ဟာ…….လက်သည်အဒေါ်ကြီးကို မှန်သွားပြီ”
x x x x x x x x x x x x x x x x x
အသံကိုတော့ www.voanews.com/burmese ကနေကူးယူပြီး တင်လိုက်တာပါ
ိ


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အိမ်နီးချင်းကောင်းဆိုသည်မှာ

ပုံပြင်လေးက ဆိုးတော့မဆိုးဘူး။
ဒါပေသိ အဲဒီအိမ်နီးချင်းကောင်းရဲ့ စရိုက်က တမျိုးကြီးပဲ။
ဘဲပေးလိုက်ရုံနဲ့ပြေလည်သွားလို့ကတော့ ကောင်းတာပေါ့ဗျာ။ ဘဲပြီးတော့ ရ,မှန်းသိလို့ ငတိကြီးက မျက်နှာသာပေး ရွှေရေးပုဂံတက် လုပ်လျင် ဘာဆက်လုပ်မလဲ?
ပုံပြင်ဆိုတော့လည်း ယုံချင်မှယုံပေါ့နော်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်နဲ့ အိမ်နီးချင်းဖြစ်ပြီး အစိမ်းတွေပေးနိုင်လို့ ဝါးတီးမှန်နိုင်ပေမယ့် အစိမ်းမပေးနိုင်တဲ့ တနေ့ကျ ဘဝပျက်တဲ့လူတွေအများကြီးပါဗျာ။
ပုံပြင်ထဲက ရွာသူကြီးကတော့ ခန့်မှန်းရခက်သလိုလိုပဲ။ နအဖ ခေတ်တရားသူကြီးများ ပြန်ဖြစ်နေတာလားနော်


တစ်ခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည်
အိမ်နီးချင်းများ ဖြစ်ကြသည်။ လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး
မုဆိုးတွင် အမဲလိုက်ခွေးများ မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့ ကျူးကျော် ၀င်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး လယ်သမားမှာ သည်းမခံနိုင်သည့်အဆုံး ရွာသူကြီးအား ခွေးများကို အရေးယူပေးပါရန် သွားရောက် တောင်းဆိုခဲ့သည်။


လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက်
ဥာဏ်ပညာရှိသော သူကြီးက. . “အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။
ခွေးတွေကိုလည်း လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း တစ်ယောက် လျော့သွားနိုင်ပြီး ရန်သူတစ်ယောက် တိုးလာနိုင်တယ်။ ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းလုပ်ချင်သလား.. မိတ်ဆွေတစ်ယောက်နဲ့ အိမ်နီးချင်း လုပ်ချင်သလား”

“မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းလုပ်ချင်တာပေါ့”

“ကောင်းပြီလေ….ဒီိလိုဆို ကျွန်တော့် အကြံဥာဏ်ကို ခင်ဗျား လိုက်နာရမယ်။ ခင်ဗျားရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ဦးတိုးလာပါလိမ့်မယ်”



သို့နှင့် လယ်သမားမှာ သူကြီး၏ပြောစကားအတိုင်း အိမ်သို့ရောက်သော် အလှဆုံး ဘဲသုံးကောင်ကိုရွေးပြီး မုဆိုး၏ သားသုံးယောက်အား လက်ဆောင်အဖြစ် ပေးလိုက်သည်။ လက်ဆောင်ဘဲများနှင့် နေ့တိုင်း ပျော်ရွှင်စွာ ဆော့ကစားနေသော သားများကိုတွေ့သော် မုဆိုးမှာလည်း ၀မ်းသာကြည်နူးမိသည်။ ထိုအခါမှ မုဆိုးလည်း သားတို့၏ ဘဲများကို ကိုက်ဖြတ်မည် စိုးသောကြောင့် ခွေးများကို သေသေချာချာ လှောင်ထားတော့သည်။ လယ်သမားအားလည်း ကျေးဇူးတင်ပြီး အမဲလိုက်ရမှ ရလာသော အသားများကိုလည်း ဝေငှာတတ်လာသည်။ လယ်သမားလဲ ခြံထွက် အသီးအနှံများ ဘဲဥများကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။ ချစ်ခင်မှုများ အပြန်အလှန် ဖလှယ်ကြရင်း နှစ်ဦးစလုံးမှာ အိမ်နီးချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။

ဒီပုံပြင်ကို http://myanmarinsingapore.com/ကနေ ကူးထားတာ။
ကြိုက်တတ်တာလေးတွေ လေ့လာနိုင်ပါတယ်။
မကြိုက်လျင်လည်း မသွားနဲ့ပေါ့နော်။ ရေးတဲ့သူက ရေးချင်တာရေးလိမ့်မယ်။ ဖတ်တဲ့သူက ကြိုက်တာဖတ်မယ်။
ဖတ်သူများလျင် ကြိုက်သူများမယ်။
ကြိုက်သူမများတာ ဖတ်သူမရှိလို့။
ဖတ်သူမရှိတာ တင်ဆက်ပုံအားနည်းလို့။
တင်ဆက်ပုံအားနည်းတာက မိမိတာဝန်။
ကိုယ့်တာဝန် ကိုယ်သိ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Interview

တွေ့ဆုံမောင်းထုတ်ခန်း အဲ ဟုတ်ဘူး တွေ့ဆုံမေးမြန်းခန်း
(မင်းစိုးစံ)

မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ကို မေးမြန်းထားတဲ့မေးခွန်းလေးပါ။


ဘယ်လိုဖြစ်သွားရတာလဲ ဗိုလ်ချုပ်ကြီးမောင်အေး။ ခင်ဗျားကို တခြားဆိုက်မှာတွေ့တုန်းက ဒီပုံမျိုးမဟုတ်ပါဘူး။


မှန်ပါတယ်ခင်ဗျာ။ ဒီလိုပါကိုကြီးဒစ်ရယ် အဲအဲ ကိုကြီးဟစ်ရယ် ကျွန်တော်က လူတွေကိုသာသတ်ရဲတာ သေရ,မှာ မတရားကြောက်တာဗျ။ ထိုင်းနိုင်ငံကို အုပ်ချုပ်တာ ဘီလူးမ,လေဗျာ။ တနှစ်တခါ အဲဒီ မယ်မင်းကြီးမက ကြင်ယာရှာတယ်လို့ အယူရှိတယ်။ အဲဒါကြောင့် ယောက်ျားကြီးစစ်စစ်ကနေ ဂန်ဒူးယောင်ဆောင်ထားတာ။
ဖူ့တာမိက်နဲ့တွေ့ပြီး ဒီလိုဖြစ်သွားတာပါ။ လှဘူးလားဟင်။ လှတယ်မတ်လားလို့ဆို။



တော်လိုက်ပါတော့။ ဖူ့တာမိက်ဆိုတဲ့လူကလည်း လုပ်ရက်လိုက်တာ။ သူ့ဝါသနာကလည်း မသေးဘူး။ ငါကတော့ စိုင်းထီးဆိုင်သီချင်းထဲကလိုပဲ ကျည်ဆံလည်းကုန်ပြီ ယမ်းလည်းကုန်ပြီ အခွံပဲကျန်တဲ့ သေနတ်စုတ် သမားဆိုတော့ မင်းရဲ့အဖေကြီး ဥက္ကဌကြီးဗိုလ်ချုပ်ကြီးနေဝင်းဆီသွား။
သူကတုတ်တုတ်ခြင်းရိုက်တဲ့ကားတွေ အမြဲတမ်းကြည့်တတ်တယ်။
သွား သွား မြန်မြန်ထွက်သွားစမ်းပါကွာ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, September 6, 2010

ကိုယ့်ကိုယ်ကို တော်လှန်ရဲတဲ့သတ္တိ ရှိကြစမ်းပါ


ကိုယ့်ကိုယ်ကို တော်လှန်ရဲတဲ့သတ္တိ ရှိကြစမ်းပါ
(မင်းစိုးစံ)

အမှားတခုလုပ်မိပြီဆိုလျင် အချိန်မီသိလို့ကတော့ အကြောင်းမဟုတ်ဘူး။ ပြင်လို့ရ,နိုင်တယ်။ နောက်ကျသွားပြီ ဆိုလျင်တော့ အဲဒီအမှားရဲ့ အကျိုးဆက်ဟာ သားစဉ်မြေးဆက် ဝန်ထုပ်ဝန်ပိုးဖြစ်ကျန်ခဲ့မှာအသေအခြာပဲ။

အမှားတခုကို ပြင်လိုက်နိုင်တယ်ဆိုစေဦးတော့ အမှားလုပ်တဲ့လူကို ဘယ်သူမျှယုံယုံကြည်ကြည်ဆက်ဆံတော့ မှာ မဟုတ်ဘူးဆိုတာ အထင်အရှားပါပဲ။ အဲဒါကို သံသယ လို့ပြောမလား။ အလုပ်တခုကို လုပ်တဲ့အခါ ဘယ်အ လုပ်မျိုးမဆို သံသယကင်းကင်း ယုံယုံကြည်ကြည်လုပ်နိုင်ဘို့လိုတယ်။

သံသယစိတ်ရှိနေလို့ကတော့လား မအောင်မြင်ရေးချ မအောင်မြင်ဘူးပဲ။ နှစ်ပေါင်းဘယ်လောက်ကြာကြာ ဘယ် လောက်ပဲကြိုးစားကြိုးစား ဘယ်တော့မျှမအောင်မြင်နိုင်ဘူး။ အဲဒါသံသယရဲ့ အကျိုးသက်ရောက်မှုပဲ။
စာဖတ်သူအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတခု အကောင်အထည်ဖေါ်မယ်ဆိုပါစို့။ တခြားမပြောနဲ့ ဘလော့တခုမှာ ရှိတဲ့ စီဘောက်လေးတခုမှာ စာကြောင်းလေးတကြောင်းရေးသားချင်တယ်ထားပါတော့။ မိတ်ဆွေရေးမယ့် စာ သား အကြောင်းအရာက သေခြာတယ်၊ ဒါဟာအပြုသဘောဆောင်တယ်လို့ ယုံကြည်လျင် မိတ်ဆွေရဲ့လိပ်စာ ကိုဖေါ်ပြရဲမှာပဲ။ ဘာကြောင့်လဲ အဲဒီဘလော့ပိုင်ရှင်အပေါ်မှာ မိတ်ဆွေရဲ့စေတနာက မှန်ကန်နေလို့ဖြစ်ပါတယ်။ သူ့ကိုလမ်းမှန်ပို့ ချင်တဲ့စေတနာကြောင့်ပါ။

အကယ်၍များ အဲဒီဘလော့ပိုင်ရှင်ကို မလိုမုန်းထားတဲ့စိတ်၊ ဒါမှမဟုတ် မိမိရေးလိုက်တဲ့ အကြောင်းအရာပေါ်မှာ ယုံကြည်စိတ်ချမှုကင်းမဲ့နေလျင် မိတ်ဆွေရဲ့လိပ်စာအမှန်ကို ဖေါ်ပြရဲတဲ့သတ္တိ ကင်းမဲ့နေမှာဖြစ်ပါတယ်။

အကျိုးဆက်ကဘာလဲ မေးစရာရှိပါတယ်၊ ပြည်သူလူထုအကျိုးကို အမှန်တကယ်လိုလားတဲ့ ဘလော့ပိုင်ရှင်တ ယောက်ဆိုလျင် မိမိရေးလိုက်တဲ့ အကြောင်းအရာအပေါ် ဆင်ခြင်သုံးသပ်ပြီး သူ့ကိုယ်သူပြင်သွားမှာဖြစ်ပါတယ် ပြီးတော့တခါ မိမိကို ပြန်လည်ဆွေးနွေးတင်ပြလာမယ့်အကြောင်းအရာတွေကို ပြန်ရနိုင်တဲ့အတွက် နှစ်ဦးနှစ်ဝ စလုံး အကျိုးကျေးဇူးများလှပါတယ်။

လူအများမသိသင့်တဲ့ အကြောင်းအရာလေးတွေဖြစ်နေခဲ့မယ်ဆိုပါလျင်လည်း မိမိရဲ့လိပ်စာကြောင့် အပြန်အ လှန်ပြောဆိုဆွေးနွေးကြတဲ့အခါ ဗဟုဿုတတွေ တိုးလာမှာအမှန်ပါ။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းဟာ အရာအားလုံးကို မသိနိုင်ဘူး။ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝ,လမ်းကြောင်းခြင်း မတူကြလို့ပါ။

ဆရာဝန်တယောက်ရဲ့ အတွေ့အကြုံဟာ ဆိုက္ကားသမားတယောက်ရဲ့ အတွေ့အကြုံနဲ့မတူသလို၊ အတွေးအခေါ် ခြင်းလည်း အလုံးစုံတူနိုင်မှာမဟုတ်တဲ့အတွက် ကိုယ်စီမှာ ဗဟုဿုတ တမျိုးစီရှိကြတာချည်းပါပဲ။

ဒီတော့ အမြင်ခြင်းဖလှယ်မယ်၊ အတွေးအခေါ်ခြင်းဖလှယ်မယ်၊ ရ,လာတဲ့ နှစ်ဦးနှစ်ဘက်ရဲ့အတွေ့အကြုံကိုယူ
ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ကြမယ်ဆိုလျင် အပေါင်းလက္ခဏာဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ပဲ ငါကြိုက်တဲ့အဖွဲ့ ကို ထိကပါးရိကပါးလုပ်တာ မကောင်းပြောတာ ငါ့ရန်သူ၊ ငါ့နဲ့အမြင်ခြင်းမတူတဲ့လူ ငါ့ရန်သူ၊ ငါပြောတာကို ကန့် ကွက်ပြီး ချေပ,တဲ့လူမှန်သမျှ ငါ့ရန်သူ၊ ငါပြောတဲ့အတိုင်းလိုက်မလုပ်တဲ့လူ ဗိုလ်မထားဘူးကွ ငါတို့က မလုပ် တတ်ပေမယ့် ခိုင်းတတ်တယ် အများနဲ့ဆိုင်တဲ့ပစ္စည်း ငါ့ပစ္စည်းဖြစ်အောင်လုပ်မယ် ဒီလူကို ဒုက္ခရောက်အောင် ဒီလိုလုပ်လိုက်မယ် လူတွေသူ့ကို အကြည်ညိုပျက်အောင် ဒီလိုပြောလိုက်မယ် ငါ့ကိုလူတွေ အထင်ကြီးလာဘို့ ဒီလူကို ဘေးရောက်အောင်လုပ်မယ် အဲဒီလိုသာမဟုတ်တာမမှန်တာကိုလုပ်နေမယ်ဆိုလျင်တော့ အမှားတကာ့ အမှားရဲ့ အမှားယွင်းဆုံး မဟာအမှားသမားကြီးတယောက် ဖြစ်မှန်းမသိဖြစ်လာပြီး အနှုတ်လက္ခဏာတွေရ,ပြီး ရင်း ရ,ရုံမက နောက်ဆုံးတော့ ကျဆုံးခန်းနဲ့ဇာတ်သိမ်းရမှာဖြစ်ပါတယ်။

အဲဒီလိုလူမျိုးအများစု စုပေါင်းဖွဲ့စည်းတည်ဆောက်ထားတဲ့ အဖွဲ့ဆိုလျင်တော့ လူတရာရှိတဲ့တပ်ဖွဲ့တခုမှာ ဗိုလ် ကိုးဆယ့်ကိုးယောက်ရှိပြီး ထမင်းချက်တယောက်ထဲရှိတဲ့ အဖွဲ့မျိုးရောက်သွားပါလိမ့်၊ နောက်ဆုံးတော့မီးခိုးတိတ် သွားမှာဖြစ်ပါတယ်။

မီးခိုးတိတ်သွားတာက သူတို့အဖွဲ့နဲ့တင် ပြီးပြတ်သွားလို့ကတော့ အကြောင်းမဟုတ်ဘူး။ အဲဒီလူတရာနဲ့ဆက်စပ် ပတ်သက်နေတဲ့ လူမှန်သမျှ အဲဒီအမည်းစက်ကြီးကို တသက်လုံးခံစားစံစားနေကြရပါလေရော။
အနီးစပ်ဆုံး ဥပမာ ကတော့ ဗမာစစ်ခေါင်းဆောင်များနဲ့အတူ ဆက်စပ်ပတ်သက်သူမှန်သမျှ ဒီမိုကရေစီနိုင်ငံ အချို့ရဲ့ ပိတ်ဆို့တားဆီးခြင်း ခံနေရတာက အထင်အရှားပဲလေ။

ကျုပ်ကတော့
အတတ်နိုင်ဆုံး လူတိုင်းကိုစေတနာထားပါ(ကောင်းသောစေတနာ)။

အတတ်နိုင်ဆုံး ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းအပေါ် မလုပ်မှီ သံသယကင်းအောင် ကြိုးစားပါ။ အထူးသဖြင့် အမျိုးသားရေး။

အတတ်နိုင်ဆုံး ကိုယ်လုပ်တဲ့အလုပ်အောင်မြင်ရ,မယ်ဆိုတာ လေးလေးနက်နက်ယုံကြည်ပါ။

အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ အထင်မကြီးပါနဲ့။

အတတ်နိုင်ဆုံး သူတပါးကို နားလည်ပေးပါ။ အထင်မသေးမိပါစေနဲ့။

အတတ်နိုင်ဆုံး မိမိကြောင့်တပါးသူ စိတ်ဆင်းရဲမှု၊ စိတ်အနှောင့်ယှက်ဖြစ်မှု မရှိစေနဲ့။


အဲဒါတွေကို လက်ကိုင်ထားပါတယ်။ ဘာကြောင့်အတတ်နိုင်ဆုံးလို့ ထည့်ထားရသလဲ?
ကျုပ်ဟာ လူကောင်းတယောက်မဟုတ်ဘူး။ လူဆိုးတယောက်မဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်နေတာဆို တော့ဗျာ၊ အချိန်တိုင်း နေရာတိုင်း အကြောင်းအရာတိုင်း မတတ်နိုင်ဘူး။

ဒါဆိုလျင် မင်းစိုးစံဆိုတဲ့လူ အောင်မြင် မှုတွေ တိုးတက်မှုတွေနဲ့ ပြည့်စုံနေမှာပဲလို့တော့ မထင်လိုက်ပါနဲ့။
အခုထက်ထိ ဘဲဥ(သုည)သုံညမှာပဲ ရှိနေသေးတယ်။ ဝ,လုံး မကွဲသေးဘူး။ ဒါကြောင့် အတတ်နိုင်ဆုံးဆိုတာကို ထည့်ထားတာ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကဲဗျာ ရှုစားကြပေတော့ မျက်ရည်ခိုင်ပါစေ။



ပြီးတော့ တခုခုတော့ ရေးခဲ့ပါနော်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....