+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, September 14, 2010

ဗိုလ်ချစ်သူရဲ့ အမှာစကား


ဗိုလ်ကြီးချစ်သူရဲ့ မိန့်ခွန်းလေးပါ အာဇာနည်ကုန်းကို ရောက်တိုင်း သူပြောနေကျ စကားဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ အုတ်ဂူပေါင်း ၁၈၀ ရှိပြီး ဒါဏ်ရာရ,စစ်သည်တွေကတော့ ဒိထက်မက,များပြားလှပါတယ်တဲ့ဗျား
စိတ်ဝင်စားလျင် အောက်မှာ ရုပ်သံလေး စီစဉ်ပေးထားပါတယ်။
တတ်သမျှလေးပေါ့ဗျာ။





အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, September 12, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဘဝ,သံသရာ

ဟိုးတချိန်တုန်းက ဆရာဦးသုခ,ရဲ့ ဘဝ,သံသရာ တေးသီချင်းကို လူတွေကြိုက်ခဲ့ကြတယ်။
အခုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဗွီဒိုယို ကြော်ငြာတခု
ယူကျုထဲမှာတွေ့လို့ တင်ဆက်လိုက်ပါတယ်။
ခေါင်းစဉ်က သန်းရွှေရဲ့ ဘဝ,သံသရာတဲ့။
အားပေးလိုက်ကြပါနော်။



လူထုရဲ့ပို့သ,တဲ့ မေတ္တာဓါတ်ကြောင့် မေတ္တာစူးရှမှုဒါဏ်ကို တနေ့ ဒီစစ်အာဏာရှင်တွေ မလွဲမသွေ ခံစားစံစားကြရပါလိမ့်မယ်။
ခုချိန်မှာတော့ အဲဒီတနေ့အတွက် ကျုပ်တို့အားလုံး လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားကြပါစို့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

နှိုင်းယှဉ်ကြည့်နိုင်ဘို့ပါ။

နှိုင်းယှဉ်ကြည့်နိုင်ဘို့ပါ။
အောင်မြင်တာလား တန်ဘိုးရှိတာလား။

ဗမာပြည်ကိုပုဂံဘုရားဖူးလာကြတဲ့ နိုင်ငံခြားသားတွေအတွက် ဘာသာပြန်ပေးတဲ့ကလေးငယ်လေးရဲ့
ရုပ်သံလေးပါ။
နောက်အပိုင်းအစ,တခုကတော့ အခုနောက်ပိုင်းမှာ အင်္ဂလိပ်စကားပြန်သုံးစရာမလိုတော့တဲ့ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့ အင်္ဂလိပ်လို ပြောတာလေးကို ကြားကြရမှာပါ။





ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထါခေါဟ် ဆ်ုအဲ

ထါခေါဟ်ဖိုင် လ၀်ဝေ့ဍး ဖႜုံအဲဆိုဒ်ဏှ် အဲအု ဆ်ုဃှီ့ဆ်ုလာ။
မ်ုမွဲါဟှ။

ယု္ဍး႓း ဖႜဳံအွ္လု္ဟွာ အဲအု္ဆိုဒ္တု္ယာၟယွာလွ္။
္ဘးဆါင့်ဍေ ဆ်ုဃှီ့ဆ်ုလာလ်ုဖါ မာဝေ့္ဘးဏင်ၟမိင်အေး။
အ်ုဖင့်လအိုဝ် ယ်ုမုဖါအ်ုမိင်၊ အဲုးသာဆိုင် လေ၀်ယေါဝ်ၟခွါၟဏင်ထီး။



ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထါခေါဟ် ဆ်ုအဲ

ဆံင့်ဏးယှံင်္ဘးလာၟ ထါခေါဟ် လ်ုပုဂ်ယိုဝ်ဆါ်



ဆ်ုလ၀်လေါဟ်ခႜါင်လေါဟ် သံင်းလေါဟ်ဖှေ်ယု ဆြာ့အးဟှာအ်ုထိုင့်အ်ုကႜာ ယ်ုလုဟှာ စ်ါဂုဏ်္ဘး
ဆြာ့ ဆုတောင်း(ရာဓနာၟ) အ်ုလု ကိုဝ်းရီးယးထီ့ခါန်ၟ လ်ုဟှာ ဍေါဟ်ဍေါဟ်လေံဆေ၀်ၟလှ်ဆါ်။

ဆံင့်ဏးယှံင်ထါခေါဟ် ဖူၟ၀ဲါသီးလ်ုဖး ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်လာၟကိုဝ်ၟဟှာဍေဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, September 11, 2010

ကာလ,ရှည်ကြာလာသည်နှင့်အမျှ


ကာလ,ရှည်ကြာလာသည်နှင့်အမျှ
(မင်းစိုးစံ)

ငါ့ဘဝ,လို့ပြောတာထက်
ငါ့ခြံပါလို့ ပြောချင်တယ်။

ဖြူ နီ ဝါ ရောင်စုံဖြာတဲ့
မဟာဆန်တဲ့ပန်းခြံထဲ
မြေသြဇာ အတန်တန်ထည့်
ပန်းနံရံနဲ့အလှဆင်
ပန်းတံတိုင်းပမာအသွင်ဆန်း
ငါ…..ပန်းခူးဘို့ချေလှမ်းပြင်တော့။

လေစိမ်းဝင်နေတဲ့ပန်း
နုယွတဲ့ပွင့်ဖတ်နဲ့
လတ်ဆတ်တဲ့ဝတ်ဆံတွေ
ရေခဲပြင်လိုအေးစက်
ရင်ခုံသံနဲ့အသက်ရှူသံ
ယဲ့ယဲ့လေလား
မြန်နေသလား။

သေခြာတဲ့အချက်က
အခက်ပေါ်က အရွက်တွေဟာ
ခါတိုင်းအချိန်ထက်
စိမ်းချက်က ပိုနေတယ်။


မထိရက်လို့လက်ကိုအမြန်ရုပ်
တံတိုင်းထဲကပြန်ထွက်ဘို့လုပ်တော့
ရုတ်ရုတ်သဲသဲနဲ့ပန်းတွေ
လန်းဆန်းဝေဆာလိုက်တာမှ
ပွင့်လွှာတွေနွေးအိ
ဝတ်ဆံချင်းထိနေလေသလား
အမှတ်မှားစရာ။

တကယ်တမ်းတော့လေ
ပန်ုးတွေအကြောင်းကို ငါသိနေတာထက်
ငါ့အကြောင်းကို ပန်းတွေက
ပိုသိနေကြသလိုပဲ။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လူမှားနေမယ်

လူမှားနေမယ်
(မင်းစိုးစံ)

တရုတ်ပြည်သွားတုန်းက မျက်ခွက်က တမျိုး။
ပြန်လာတော့ မျက်ခွက်က တမျိုး။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်က ပြန်ရောက်လာတဲ့ပုံ။

ဗိုလ်ချုပ်နမှူး ကြီးသန်းရွှေ တရုတ်ပြည် မသွားခင်က ပုံ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကဗျာ အတိုလေးများ

အကျုံးဝင်မှု

သမိုင်းထဲ မပါ
ဘာအရေးလဲ
မြေကြီးထဲ ဆွေးမြေ့သွားတဲ့အခါ
ပထ၀ီထဲတော့ ပါမှာပေါ့။

အင်တာဗျူး

အနာဂတ်ကို ယုံကြည်မှုရှိပါသလား (တဲ့)
ကျွန်တော် နားမရှင်းလိုက်ဘူး။
ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား။



ဂုံးတံတားအောက်က နိုင်ငံရေး

သူတောင်းစားတစ်ဦးဟာ
အစာငတ်ခံဆန္ဒပြချင်ရင် ဘယ်လိုလုပ်ရပါ့
စားနိုင်သောက်နိုင်မှသာ
ဆန္ဒလည်းပြနိုင်ပေလိမ့်မယ်။

တေဇာ

ကဗျာတိုလေးတွေ အများအပြားထဲက ကျုပ်ကြိုက်တဲ့ ကဗျာလေးတွေကို ကူးထားတာပါ။
စိတ်ဝင်စားလျင် http://www.tazar.co.cc/2009/12/blog-post_17.html
အဲဒီကိုသွားလည်နော်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒေါင်ဒေါင်မြည် ဆင်ခြေသမား

ဒေါင်ဒေါင်မြည် ဆင်ခြေသမား
တေဇာ

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည် ဆင်ခြေသမားတစ်ယောက်နဲ့များ
ရင်ဆိုင်တိုးမိခဲ့တယ်ဆိုရင်
သူ့ကို ပြုံးမပြပါနဲ့
သူက ခင်ဗျားကို ပြန်ပြုံးပြမှာ မဟုတ်ဘူး။

အကယ်၍ ခင်ဗျားအနေနဲ့
`ဘယ်သွားမလို့လဲ´ လို့ သူ့ကို
ယဉ်ကျေးပြူငှာ နှုတ်ဆက်မိတယ်ဆိုရင်
သူက `ဘယ်သွားနေတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ ပြန်မေးလိမ့်မယ်
ဒီတော့လည်း မျက်နှာပျက်ရရုံပဲ ရှိမယ်။

ဒါမှမဟုတ် ခင်ဗျားအနေနဲ့
`ဘယ်က လာတာလဲ´ သူ့ကို မေးမြန်းမိတယ်ဆိုပါတော့
`ဘယ်ကလာတယ်ဆိုတာ ဘယ်သူများ သိလို့လဲ´ လို့ သူက ပြန်မေးမှာ အမှန်ပဲ
ဒီတော့လည်း ခင်ဗျားအနေနဲ့က နှုတ်ဆိတ်နေရုံပေါ့။

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ
လက်ဆွဲနှုတ်ဆက်ဖို့ ကြုံလာခဲ့ရင်
ကိုယ့်လက်တွေကို အရင်ကမ်းမပေးပါနဲ့
သူက ဆွဲယူမှာ မဟုတ်ဘူး
ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ
ဆင်ခြင်နိုင်တဲ့ လက်တွေ မရှိဘူး။

အကယ်၍ ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမား တစ်ယောက်နဲ့များ
တွဲကရဖို့ ကြုံလာခဲ့ရင်
စည်းချက်နဲ့အညီ ခင်ဗျားကိုယ်ခန္ဓာကို
သူ့လက်မောင်းပေါ် ယုံကြည်စိတ်ချစွာ မှီနွဲ့ချလိုက်တာမျိုး မလုပ်ပါနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမားမှာ
အလေးအပင်ခံနိုင်တဲ့ လက်တွေမရှိဘူး။

အကယ်၍များပေါ့
ခင်ဗျားအနေနဲ့
ဒေါင်ဒေါင်မြည်ဆင်ခြေသမားတစ်ယောက်ကိုများ
ချစ်မိခဲ့တယ်ဆိုရင်
ခင်ဗျားရဲ့ အချစ်တွေကို သိမ်းဆည်းထားလိုက်ပါတော့။

ဖွင့်ဟမိခဲ့တယ်ဆိုရင်
သူက
ခင်ဗျားဆီမှာ ရှိမနေတဲ့
သူ့ကို ချစ်ရခြင်းအတွက် ဆင်ခြေတစ်ခုကို
ခင်ဗျားဆီက တောင်းဆိုတဲ့အခါ
ဆွံ့,အ ကျန်ခဲ့ရလိမ့်မယ်။

ဒါကို သူလည်းသိနေပါတယ်
သူကိုယ်တိုင်လည်း
ဆင်ခြေတစ်ခု လစ်လပ်နေမှုကြောင့်
ခင်ဗျားကိုချစ်ကြောင်း ဖွင့်ဟဖို့
ထာဝရဆွံ့,အ နေခဲ့ရတာ မဟုတ်လား။

ဒီတော့ ခင်ဗျားအနေနဲ့က
ဒေါင်ဒေါင်မြည်ဆင်ခြေသမားတစ်ယောက်နဲ့များ
မတော်တဆ…
ဒါမှမဟုတ် မလွဲမရှောင်သာ…
ဒါမှမဟုတ် မပြောကောင်းမဆိုကောင်း…
ရင်ဆိုင်တိုးမိခဲ့မယ်ဆိုရင်
မျက်နှာလွှဲပြီး မမြင်ချင်ယောင်ဆောင်သွားလိုက်တာ ပိုကောင်းလိမ့်မယ်ထင်တယ်။

သူကတော့…
ခင်ဗျားမှာ ရှောင်လွှဲသွားရခြင်းအတွက်
ဆင်ခြေကောင်းကောင်းတစ်ခု ရှိလိမ့်မယ်လို့
သူ့ကိုယ်သူ

တိတ်ဆိတ်ကြေကွဲစွာ ဆင်ခြေကန်နေပါလိမ့်မယ်။ ။

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၅) ၂၀၁၀

ဒီကဗျာလေးကိုတော့ http://www.tazar.co.cc/2009/12/blog-post_17.html ကနေ ကူးယူထားတာပါ။
သူငယ်ချင်းတချို့ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အချိန်မီ

အချိန်မီ
(နန္ဒာသိန်းဇံ)




http://sagarwarmyae.net မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....