+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, March 31, 2012

ကြက်ဥ စားသုံးခြင်းဖြင့် စိတ်ကျ ရောဂါကို သက်သာစေနိုင်

ကြက်ဥ စားသုံးခြင်းဖြင့် စိတ်ကျ ရောဂါကို 

သက်သာစေနိုင်

Saturday 31st March 2012

 ကြက်ဥထဲတွင် ပါဝင်သည့် ဓါတ်တစ်မျိုးမှာ စိတ်ကျ ရောဂါကို သက်သာစေနိုင်ကြောင်း ဂျပန် နိုင်ငံရှိ သုတေသန ပညာရှင်များမှ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

Kyushu တက္ကသိုလ် ဘွဲရများ ကျောင်းမှ ပါမောက္ခ Mitsuhiro Furuse ဦးဆောင်သည့် သုတေသန အဖွဲ့ တစ်ခုမှာ လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ဂျပန်ရှိ Society of Animal Science ကွန်ဖရင့်တွင် အဆိုပါ သုတေသန ရလာဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သုတေသနကို ပုံမှန် လှုပ်လှုပ်ရှားရှား နေတတ်သည့် ကြွက်များထက် အနည်း
ငယ် ငြိမ်သက်သည့် စိတ်ကျရောဂါ လက္ခဏာကို ပြသသည့် ကြွက်များကို ရွေးချယ်ပြီး တစ်လကြာ ကြက်ဥအရည်
များ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ခြင်း ဖြစ်ကာ ယခင်ကထက် ပိုပြီး လှုပ်လှုပ်ရှားရှား နေထိုင်သည်ကို တွေ့ရှိခဲ့ခြင်း
 ဖြစ်သည်။

 ယင်းစမ်းသပ်ချက် အရ အဆိုပါ ကြွက်များ အတွင်းတွင် ကြက်ဥရည် သောက်ရသည့် ကြွက်များမှာ အခြား ကြွက်
များထက် ၁.၃ ဆ ပိုမိုပြီး ရေကူးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
ထို့ ပြင် tryptophan ခေါ် အမိုင်နိုအက်ဆစ်ဓါတ် တိုးလာသည်ကို တွေ့ခဲ့ရပြီး ယင်းဓါတ်မှာ စိတ်ကျ ရောဂါကို တိုက် ဖျက်ရာတွင် ကူညီသည့် ဓါတ်တစ်မျိုးလည်းဖြစ်သည်။

source : NHK News

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, March 28, 2012

ကမ္ဘာ့ အသေးဆုံး ခွေးငယ်ကလေး အဖြစ် စံချိန်တင်ရန် ကြိုးပမ်း


Beyoncé perches atop an iPhone: The puppy, born in San Bernardino, northern California, a fortnight ago and named after one of the world's biggest pop stars, could set the world's record for tiniest dog

Read more: http://www.dailymail.co.uk/news/article-2121355/How-worlds-smallest-puppy-measures-iPhone-pocket.html#ixzz1qXLOcdqj

ကမ္ဘာ့ အသေးဆုံး ခွေးငယ်ကလေး အဖြစ်

စံချိန်တင်ရန် ကြိုးပမ်း


Wednesday 28th March 2012

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းရှိ တိရ စ္ဆာန် ကယ်ဆယ်ရေး
လုပ်သားများမှာSan Bernardino မြို့တွင် ခွေးမကြီးတစ်ကောင်ကို မွေးဖွားလု ဆဲဆဲ အနေအထား
တွင် လမ်းဘေး တစ်နေရာတွင်တွေ့ ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေး စင်တာသို့ ခေါ်ဆောင်ခဲ့ပြီး မွေး
ဖွားစေခဲ့ရာတွင် ခွေး ငါးကောင်ထဲ၌ တစ်ကောင်မှာ စံချိန် တင်နိုင်လောက်အောင်ပင် သေးငယ်လှ
သဖြင့် ကမ္ဘာ့ အသေးဆုံး မွေးကင်းစ ခွေးတစ်ကောင်အဖြစ် သတ်မှတ်နိုင်ရန် ဂင်းနစ်ကမ္ဘာ့ မှတ်တမ်း
စံချိန် အဖွဲ့သို့ တင်ပြထားကြောင်း ပြောကြားလိုက်သည်။


အဆိုပါ ခွေးငယ်လေးကို Beyonce ဟု အမည်ပေးထားပြီး နှလုံးမခုန်ဘဲ မွေးလာခြင်း ဖြစ်ကာ အသက်
ရှင်အောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် ယခုလို စံချိန်တင်ရန် ကြိုးပမ်းခဲ့ခြင်းပင် ဖြစ်သည်။

Beyonce မှာ ခွေးမလေး တစ်ကောင် ဖြစ်ပြီး မတ်လ ၈ ရက်နေ့က မွေးဖွားခဲ့ခြင်း ဖြစ်သည်။

source : BBC news

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 27, 2012

၆၇ ကြိမ်မြောက် တော်လှန်ရေးနေ့

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် အလေးပြုခံနေသည့် တော်လှန်ရေးနေ့အခန်းအနား
Source Picture from http://www.bbcburmese.com/images

ပထမဆုံး စစ်အရာရှိဟောင်း စိုင်းဝင်းကျော်ရဲ့ တပ်မတော်အပေါ်သုံးသပ်ချက်ကို
နားသောတဆင်ကြည့်ကြပါ။


March 27 Tuesday Morning
Source NEWS Audio from http://www.bbcburmese.com

နိုင်ငံရေးသမားတွေရဲ့ အမြင်ကိုလည်း သောတဆင်တော်မူကြည့်ကြပါဦး


သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--03-27-12--tatmadaw-nay-burma-144360825.html

နားသောတ ဆင်ပြီးကြပြီဆိုလျင်တော့ အောက်ကမေးခွန်းလေးကို ဖြေကြည့်ကြပါစို့လား။

အာဏာသိမ်းပွဲ ထပ်ဖြစ်နိုင်ပါသလား။
ဘာကြောင့်ပါလဲ။

အာဏာသိမ်းပွဲ ထပ်မဖြစ်နိုင်ဘူးလား။
ဘာကြောင့်ပါလဲ။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

interview,

တွေ့ဆုံမေးမြန်းခန်း


March 26 Saturday evening
Source VIDEO click from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, March 25, 2012

ကမ်းနားသစ်ပင်


ကမ်းနားသစ်ပင်

(လင်္ကာဒီပ)

မပွင့်မလင်း မရိုးရှင်းပါဘူး
မနူးမနပ်လေးလိုသဘောထား
လှည့်ဖျားကွေ့လိမ် မာယာအခင်းအကျင်း
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့်အချိုး
လာဘ်ထိုးလိုက်တဲ့ငြိမ်းချမ်းရေး
အသေးအမွှား ကလေးကစားစရာလိုပုံဖော်
အရော်အစား အဝယ်အရောင်းသဏ္ဍာန်
ကျွန်းပြန်ကြီးလည်း နယ်ရုပ်လေးဖြစ်ခဲ့ရပြီ။

ခေါင်းမာဂိုဏ်း ခေါင်းပျော့ဂိုဏ်း
ခေါင်းဒီဇိုင်းအစုံစုံ
ခေါင်းပုံဖြတ်ခဲ့ကြတာအတူတူပါ
တလွှာခြင်း တလွှာခြင်း သုံးသပ်ဆင်ခြင်
အဆိုးမြင်လွန်းခြင်းမဟုတ်ပါ
ထာဝရ အမြီးကောက်ခဲ့ကြသမို့
ကောင်းမြင်ဖို့ ခဲယဉ်းလှပါဘိလေ။

အမျိုးသားတန်းတူပါမှ
အကျိုးများကောင်းစွာ ဖွံ့ဖြိုးရှင်သန်နိုင်
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့
ရဲရင့်တဲ့ ဘဝအာမခံချက်ရှိပါမှ
ထာဝရငြိမ်းချမ်းရေးအလှ
သာယာဝပြောရှိရပေလိမ့်
ထိတ်လန့်စိုးရွံ့နေကြရတဲ့ဘဝ
မညီမျှလှတဲ့ လူနေမှုစနစ်
ကမ်းနာသစ်ပင်လို မရှင်သန်ချင်နေစမ်းပါနဲ့။

ဈေးဆစ်ရအောင်ကလည်း
ပွဲစားတွေရဲ့ကုန်ပစ္စည်းမဟုတ်ပြန်
ရွှေဥာဏ်တော်ကစားတဲ့ နိုင်ငံရေးဖဲဝိုင်း
သမိုင်းတရားခံ အဖြစ်ခံတော့မလား
အားလုံးမြင်အောင်ကြည့် အားလုံးနားဆင်
ဂန္တဝင်အတွက် ဈာန်ဝင်
ပြင်ပြင်ဆင်ဆင် ထဲထဲဝင်ဝင်
ကရင်တွေနိုင်ငံရေးလုပ်ကြဖို့လိုပြီ။

တမျိုးသားလုံးနဲ့ဆိုင်တဲ့အရေး
အတွေးအခေါ် အယူအဆများ
အားလုံးပေါင်းစပ်ထားပါမှ
ဂွင်ကျအံဝင် ထာဝစဉ်တည်တံ့မယ့်လမ်းကြောင်း
တဦးကောင်း တယောက်ကောင်းနဲ့မဖြစ်
စုစည်းကျစ်လစ်မှုရှိရမယ်
ရန်ပယ်ချောင်းကရေထု
မကောင်းမှု ဘေးရန်အထွေထွေ
ပန်ထွာရေ…လာရောက် မှတ်ကျောက်တင်တိုက်စားပါလှည့်တော့။


မတ်လ ၂၆၊ ၂၀၁၂

လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။

Copy from http://www.sawkyawkhwi.com/2012/03/blog-post_25.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, March 22, 2012

ဆူဇူကီး ကုမ္ပဏီမှ အသေးစား ကားသစ်တစ်မျိုး

ထိုင်းနိုင်ငံ စက်မှုဝန်ကြီး Pongsvas Svasti

ဆူဇူကီး ကုမ္ပဏီမှ အသေးစား ကားသစ်တစ်မျိုး

ထုတ်လုပ်ခဲ့


Thursday 22nd March 2012

ဂျပန်နိုင်ငံ အခြေစိုက် Suzuki ကားကုမ္ပဏီဟာ ထိုင်းနိုင်ငံ အရှေ့ပိုင်း Rayong ပြည်နယ်က စက်ရုံအသစ်မှာ ထုတ်လုပ်ခဲ့တဲ့ မော်တော်ယာဉ်အသေးစားတစ်မျိုးကို ပွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ Suzuki Swift ကားအသေးစား မိတ်ဆက် ပြသတဲ့ပွဲကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ
စက်မှုဝန်ကြီး PongsvasSvasti နဲ့ ဆူဇူကီးကုမ္ပဏီ ဥက္ကဋ္ဌ Takayuki Sugiyama တို့ တက်ရောက်ခဲ့ပါတယ်။
ဆူဇူကီးကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ မော်တော်ယာဉ် အသေးစားထုတ်လုပ်တဲ့ ၄ ခုမြောက် မော်တော်ကား ကုမ္ပဏီဖြစ်
ပါတယ်။

Suzuki to build Thai small-car plant for Eco car project plans 2012 start

အခုအသစ်ထုတ်လုပ် လိုက်တဲ့ Suzuki Swift ကားအမျိုးအစားမှာ ၁၂၄၂စီစီ အင်ဂျင်အမျိုးအစား တပ်ဆင်
ထားပြီး လောင်စာဆီစားနှုန်း သက်သာဖို့အတွက် အလေးချိန် ကို လျော့ချတဲ့ဒီဇိုင်း ထုတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီကားတွေကို ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့က စတင်ရောင်းချ သွားမှာဖြစ်ပြီး အခုနှစ်အတွင်း အစီးရေ
တစ်သောင်းေ လာက် ရောင်းချနိုင်ဖို့ မျှော်လင့်ထား တယ်လို့ သိရပါတယ်။

Reference : Asiavision.com

Copy from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, March 20, 2012

နေရပ် ပြန်လာသူများပြား မြ၀တီမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီးတွင် ယာဉ်တန်းအဆင်းနေ့ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိစဉ်

နှစ်သစ်ကူး သင်္ကြန်အတွက် နေရပ်ပြန်လာသူများပြားမှုနှင့်အတူ

ယာဉ်တန်းအဆင်းနေ့တိုင်း မြ၀တီမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

Wednesday, 21 March 2012

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် နီးကပ်လာပြီဖြစ်၍ မြ၀တီမြို့မှ အပြန်ကားများတွင် မွေးရပ်မြေသို့ ပြန်လာသူ
များနှင့် ပြည့်သိပ်လျက်ရှိကြောင်း၊ မော်တော်ယာဉ်များအနေဖြင့် ခရီးသည်ရရှိရေးအတွက် ဆောင်ရွက်ကြသော်
လည်း ဘုရင့်နောင်လမ်းတစ်လျှောက်နှင့် နှစ်နိုင်ငံချစ်ကြည် ရေး တံတားအနီးတို့တွင် ယာဉ်တန်း အဆင်းနေ့
နံနက်တိုင်း သုံးနာရီခန့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

''ဘုရင့်နောင်လမ်းဟာ ခြောက်လမ်းသွား လမ်းကျယ်ပါ။ ခရီးသည်နဲ့ ကုန်ပစ္စည်းလုခေါ်ရင်းနဲ့  အသွားအပြန်လမ်း
မရှိအောင် ကားတွေနဲ့ ပြည့်ကုန်တာပါ။ လမ်းကျယ်တစ်ခုလုံး ကားတွေနဲ့ ပြည့်နေတော့ လမ်းသွား လမ်းလာကား
တွေ ၊ ဆိုင်ကယ်တွေ၊ ခြေကျင် ခရီးသွားတွေအတွက် အန္တရာယ် အရမ်းများပါတယ်''

ဟု ချစ်ကြည်ရေးတံတားအနီး နေသူတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို တစ်နှစ်ခွဲကြာ ယာယီပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်းတွင်
မြ၀တီ-မဲဆောက် ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်များမှာ တံတားထိပ်လမ်းလယ်တွင် နေရာယူ ဂိတ်ထိုး
ခြင်းကြောင့်လည်း တံတားပတ်လမ်းဘယ်၊ ညာအ၀င်ဝတို့တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်လျက်ရှိသည်
ဟု ဒေသခံများက ပြောဆိုကြသည်။

''လမ်းလယ်မှာလည်း ဂိတ်ထိုး သေးတယ်၊ စည်းစနစ်လည်း မရှိဘူး၊ ရပ်ချင်သလို ရပ်နေကြတာ၊ မဲဆောက်သွား
မယ့် ကားတွေက ယာဉ်လိုင်းနှစ်ခု ဖြစ်လာတော့ ပိုဆိုးလာတယ်''
ဟု ချစ်ကြည်ရေးတံတားအနီးမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြ၀တီ-မော်လမြိုင်၊ မြ၀တီ-ဘားအံနှင့် အခြားခရီးသည် ယာဉ်လိုင်းများမှ မော်တော်ယာဉ်ငယ်များ ခရီးသည်နှင့် ကုန်စည်များကို လုယက်တင်ဆောင်နေခြင်းတို့ကြောင့် ပေ၁၀၀ကျော်ကျယ်သည့် လမ်းမကြီးမှာ ကားသိုလှောင်
သည့် ၀င်းကြီးသဖွယ်ဖြစ်နေပြီး လမ်းသွားလမ်းလာ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များမှာ လမ်းသွယ်များမှ
ရှောင်ကွင်း သွားလာနေရကြောင်းလည်း သိရသည်။

''လမ်းမကြီးလို့တောင် ပြောဖို့ ခက်တယ်၊ ကားဝင်းကြီးလို ဖြစ်နေတာ။ တံတားထိပ်ကို ခရီးသည်သွားပို့ရင် လမ်းသွယ်တွေက ကွေ့ပတ်ပြီး သွားရပါတယ်။ အဓိက ပြဿနာကတော့ ကားဂိတ်ဆိုတာ သီးသန့်မရှိလို့ပါပဲ''

ဟု ဆိုင်ကယ်တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, March 18, 2012

ဧရာဝတီမြစ် အထက်ပိုင်း မြစ်ရေအဆိပ်ဖြစ်

ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မေခမြစ်အတွင်း ရွှေလုပ်ကွက်များမှ ရေဆိုးရေညစ်များ
စီးဆင်းနေသည်ကို မတ်လ ပထမပတ်က တွေ့ရစဉ်

မြစ်ရေအရည်အသွေး စစ်ဆေးတွေ့ရှိချက်အရ

ဧရာဝတီမြစ် အထက်ပိုင်းဒေသများတွင်

အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ်

ပုံမှန်ထက် ပိုမိုပါဝင်နေ


Sunday, 18 March 2012

၂၀၁၂ နှစ်စပိုင်း တိုင်းတာ စစ်ဆေးချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးသည် မြစ်အထက်ပိုင်းဒေသ
များတွင် လူနှင့်ရေနေ သတ္တ၀ါများအတွက် အဆိပ်ဖြစ်စေသော အမိုးနီးယားဓါတ်များ ပုံမှန်ထက် ပိုမို ပါဝင်နေ
ကြောင်းမြန်မာနိုင်ငံရေ သုတေသနဌာနမှ သိရှိရသည်။

မြစ်ရေ အရည်အသွေး တိုင်းတာစစ်ဆေးရာ၌ WHO ၏ စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါသတ်မှတ်ချက်နှင့် မကိုက်ညီသော ရေကို အသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်
အနည်းနှင့် အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက

''ဧရာဝတီမြစ်ရဲ့ ရေအရည်အသွေးကို စစ်ဆေးနေပါတယ်။
လက်ရှိမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြောက်ဘက်ပိုင်း ဗန်းမော်က နေမန္တလေးအ
ပိုင်းကို စစ်ဆေးပြီးသွားပါပြီ။
စစ်ဆေးချက်တွေအရ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ အမိုးနီးယား ဓါတ်တွေ ပိုမိုပါဝင်နေတာ တွေ့ရပါတယ်။ အမိုးနီးယားဓါတ်က လူနဲ့ ရေနေသတ္တ၀ါတွေအတွက် အဆိပ်ဖြစ်စေပါတယ်''

ဟု ပြောကြားခဲ့သည်။

''မြစ်ရေအရည်အသွေး စစ်ဆေးတာကို အရင်က နှစ်စဉ် မလုပ်ဖြစ်ပါဘူး။
၂၀၀၆ ခုနှစ်က တစ်ခါလုပ်တယ်။ ၂၀၀၉ ခုနှစ်မှာ တစ်ခါလုပ်ဖူးတယ်။
ချင်းတွင်းမြစ်မှာတော့ ၂၀၁၀ ပြည့်နှစ်က တစ်ခါ စစ်ဆေးဖူးတယ်။
စစ်ဆေး ချက်တွေက parameter ၁၄ ခုနဲ့ တိုင်းတာနေတာပါ။
အရင်က မြစ်ရေကို ယူပြီးနောက်မှ စစ်တဲ့သဘော။ အခုမြစ်ရေကို အခုယူ အခုစစ် လုပ်နေတာပါ။
မြစ်ရေမှာ ရှိသင့်ရှိထိုက်တဲ့ စံအတိုင်း ရှိမနေတာတွေကို စစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်''

ဟုလည်း ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမိုးနီးယားသည် ရေနေသတ္တ၀ါများအတွက် အဆိပ်ဖြစ်စေကြောင်း၊ အပင်များက သတ္တ၀ါများထက် အမိုးနီးယား
အား လက်ခံနိုင်မှု ပိုများပြီး ကျောရိုးမဲ့သတ္တ၀ါများသည် ငါးများထက် အမိုးနီးယားအား ပိုမိုခံနိုင်စွမ်း ရှိကြောင်းသိရှိ
ရသည်။
ငါးများတွင် ငါးမျိုးပွားနှုန်း အား ထိခိုက်စေကြောင်း၊ ငါးပါးဟက်၊ အသည်းနှင့် ကျောက်ကပ်ရှိ တစ်ရှူးများအား ထိ
ခိုက်နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် လူသတ္တ၀ါများတွင် ကိုယ်ဟန်အနေအထား ဟန်ချက်ညီမှုလျော့ပါးခြင်း၊ တက်ခြင်း(Coma) ကိုးမားဟုခေါ်
သောကြာမြင့်စွာ သတိလစ်၍မြောနေခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အမိုးနီးယားမော်လီကျူးသည် အသက်ရှင်နေထိုင်ခြင်းအတွက် လိုအပ်သောအာဟာရတစ်ခုဖြစ်သော်လည်း အမိုးနီးယားများ ခန္ဓာကိုယ်အစိတ်အ
ပိုင်းများတွင် ပိုမိုများပြားစွာ ပါဝင်မှုသည် ဇီဝဖြစ်စဉ်ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ်တွင် ph မြင့်မားခြင်းကို ဖြစ်စေနိုင်
ကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, March 17, 2012

အကြောင်းသင့်လို့ ရေးတာပါ

Minnesota ရှိ ရိုးရာကောက်သစ်စားပွဲတော်တွင် အမှတ်တရ ဓါတ်ပုံရိုက်နေကြသူအချို့
ဓါတ်ပုံ( ဖူ့ယောင်ဟဲ့)

အကြောင်းသင့်လို့ ရေးတာပါ

(မင်းစိုးစံ)

March 16 2012 Saturday

တိုက်ဆိုင်လိုက်တာ မပြောပါနဲ့တော့ လွန်ခဲ့တဲ့ ၁၁နှစ်တုန်းက ၂၀၀၁ ခုနှစ်တုန်းကပေါ့ အခုလိုပဲ ကရင်အမျိုး
သားနေ့ ဖြစ်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ထိုင်းနိုင်ငံ ကန်ချနပူရီ မနီလွိုင် မြန်မာကျောင်းသားများစခန်းအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ အခန်းအနားတခု ရန်ပွဲဖြစ်ခဲ့ဘူးပါတယ်။

ကရင်အချင်းချင်းပါ ကညောသူးမပါပါဘူး၊ ကရင်အချင်းချင်းဖြစ်တော့ ဘယ်သူမြတ်တယ်ထင်သလဲ စုစည်းaပး
သလိုလို ကူညီမယ်လိုလို လုပ်တဲ့လူတွေ အမြတ်ထွက်သွားတာပေါ့ဗျာ၊ ဘယ်သူတွေနာမည်ပျက်သလဲဆို တော့ တကယ်မျိုးချစ်စိတ်ရှိတဲ့လူ တကယ်မိရိုးဖလာကိုထိန်းသိမ်းချင်တဲ့လူနာမည်ပျက်သလို ဖျက်လိုဖျက်ဆီး လုပ်တဲ့
ကရင်လည်း နာမည်မကောင်းပါဘူး၊ နောက်ဆုံးတော့ ကရင်(ငပွေး)တွေနာမည်မကောင်းတာပါ။

မှတ်မိသေးတယ် ကျုပ်တို့ ၂၀၀၁ခုနှစ်မှာ မြန်မာကျောင်းသားများစခန်းထဲကနေ ထွက်ရတော့မယ်ဆိုတော့
ကျုပ်က ကရင်နှစ်သစ်ကူးတဲ့ပွဲမှာ ရိုးရာကောက်သစ်စားတဲ့ပွဲလေးပါ လုပ်ဘို့စီစဉ်ထားတာမို့ အစည်းအဝေး
တခုမှာ တင်ပြလိုက်ပါတယ်၊ အစည်းဝေးမှာ စကားများကြပါတယ်။

စကားများကြရတာက ပွဲတော်ကျင်းပမယ့် နေရာကနေစပါတယ်၊ အများစုက ခရစ်ယာန်ဘုရားကျောင်းထဲ
မှာ လုပ်ဘို့ မဲပေးတော့ ၉၉မဲ ၁မဲနဲ့ အနိုင်ရသွားပါတယ်၊ ကျုပ်တစ်ယောက်ထဲပဲ အခန်းအနားမှန်သမျှ ကျင်း
ပနေကြ ဘတ်စ်ကက်ဘောကွင်း မှာကျင်းပဘို့ရွေးတာပါ၊ အဲဒီတော့ နေရာနဲ့ပတ်သက်လို့ ကျုပ်ကိုဘယ်သူမျှ သ ဘောမတူကြပါဘူး၊ မထောက်ခံကြပါဘူး၊ ကရင်အများစုသဘောတူတဲ့ ဘုရားကျောင်းမှာ ကျင်းပဘို့ဆန္ဒ
ရှိကြ လို့ဖြစ်ပါတယ်။

ရိုးရာကောက်သစ်စားပွဲ ကိစ္စကိုဆွေးနွေးတဲ့အခါမှာတော့ ပြဿနာစပါတော့တယ်၊ ရိုးရာနဲ့ပတ်သက်လာလျင် ဘုရားကျောင်းမှာ လုပ်ခွင့်မရှိဘူးလို့ပြောတဲ့အပြင် ကရင်အမျိုးသားထုတရပ်လုံး စုစည်းမှုကို တကယ်လိုချင်
တယ်ဆိုလျင် အဲဒီရိုးရာတွေဆိုတာကို မလုပ်ပဲနေကြတာပိုကောင်းတယ် ဆိုတဲ့အထိပြောလာပါတော့တယ်။

အဲဒီအကြောင်းအရာတွေကို OKRSO စာစောင်တခုမှာ အသေးစိပ်ရေးထားပြီးသားမို့ မရေးတော့ပါဘူး၊ ကျုပ်
ရေးချင်တာက အဲဒီတုန်းက ကျုပ်သာစိတ်မထိန်းပဲတခုခုပြန်လုပ်မိခဲ့လျင် ကိုးဒီသွေးတင်ထားတဲ့ အဖြစ်ထက် ပိုဆိုးသွားမှာဖြစ်ပါတယ်။

OKRSO စာစောင်ထဲမှာမပါတဲ့အပိုင်းလေးကို ဖေါ်ပြပါ့မယ်၊ နောက်ဆုံးအစည်းအဝေးဆုံးဖြတ်ချက်က နိုင်ငံ
ရေးနဲ့ပတ်သက်တာတွေ အမျိုးသားအလံတင်တာတွေ ကရင်အမျိုးသားသမိုင်းကြောင်း ဆင်းသက်လာပုံ စတဲ့
အကြောင်း အရာတွေအပြင် ကျွေးမွေးဧည့်ခံရေးကို ဘုရားကျောင်းမှာလုပ်ပြီး ကောက်သစ်စားပွဲကိုတော့ စော
စောက ဘတ်စ်ကက်ဘောကွင်းမှာလုပ်ဘို့ သဘောတူလိုက်ကြပါတယ်။

တခုရှိတာက ရိုးရာကောက်သစ်စားပွဲအတွက် တင်ပြထာတဲ့ကုန်ကျမယ့်ငွေထဲက ကျန်နေတဲ့ငွေကိုတော့ ကုန် သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့ ပွဲတော်ကျင်းပမယ့်ရက် နှစ်ရက်လောက်အလိုမှာ ကပ်ပြီးပြောလိုက်တာမို့ အခန်းအနားပြင်ဆင်ရေးအတွက် ငွေကြေးလိုအပ်လာတဲ့အတွက် ငွေချေးပြီးလုပ်ကြပါတယ်။

ကျုပ်တို့လုပ်ထားတဲ့အခန်းအနားမြင်ကွင်းလေးကို စာဖတ်သူတို့မြင်နိုင်အောင် အတတ်နိုင်ဆုံး ပုံဖေါ်ပြီးရေးပြ
ကြည့်ပါ့မယ်။
ဘတ်စကက်ဘောကွင်း တနေရာမှာက စင်မြင့်လိုလိုနေရာလေးတခုရှိနေတော့ အဲဒါကို သဘာပတိနေရာပေါ့
ဗျာ၊ ဘတ်စ်ကက်ဘောကွင်းကတော့ တက်ရောက်လာတဲ့ပရိဿတ်နေရာနဲ့ ဒုံးကဘို့နေရာပေါ့။

ဘတ်စ်ကက်ဘောကွင်းရဲ့ ညာဘက်ထောင့်မှာတော့ ဗမာလို ဖုံးမကျီနတ် ကရင်လိုကတော့ ဖိဘီးယော် လို့ခေါ်
တဲ့ တဲနန်းလေးဆောက်ထားပါတယ်၊ တဲနန်းပတ်ဝန်းကျင်မှာ ရာဇမတ်နဲ့ကာရံထားပြီး ရာဇမတ်အတွင်းဘက်
မှာတော့ တဲနန်းတဆောင်၊ တဲနန်းအောက်ခြေမှာတော့ လယ်ယာသုံးပစ္စည်းအချို့ တလင်းပြင်တခု စပါးပုံတပုံ
ဆန်ဖွပ်ဆုံ ကျည်ပွေ့ အဲဒီကျည်ပွေ့နဲ့ဆုံတွေကို ဒရင်ကောက်ညွန့်တွေ ရစ်ပတ်ထားပါတယ်၊ ရာဇမတ်ဘေး ပတ်
ပတ်လည်မှာတော့ ငှက်ပျောပင်၊ ပိန်းပင်၊ ကြက်မောက်ပန်းပင်တွေ စိုက်ထားပါတယ်။

တဲနန်းပေါ်မှာကတော့ ကောက်ညှင်းဖင်ချွန်၊ ခွက်ပြင်၊ ပိန်းဥနဲ့ခရုရောချက်ထားတဲ့ဟင်း ထမင်း အဲဒီလိုတွေ ပြင်
ထားတာ ညနေဘက်မှာတော့ ကျုပ်တို့က အဲဒီ ဖိဘီးယော် လို့ခေါ်တဲ့ အဘွားရဲ့ဝိညာဉ်ကို သွားပင့်ဖိတ် ထားတာ
ပေါ့ဗျာ၊ ညဘက်ကျတော့ ငှက်ကြီးတောင်ဓါးတရမ်းရမ်းနဲ့ ကရင်တစ်ယောက်ပေါက်ချလာတယ်၊ ကရင်နှစ်သစ်
ကူးဆိုတာ တနေရာမှာပဲ ကျင်းပရမယ်၊ ဒါဘယ်သူဦးဆောင်တာလဲ၊ ဆိုပြီးလာရမ်းပါတော့တယ်။

ကျုပ်တို့ကလည်း မနက်ဖြန်အတွက် အခန်းအနားပြင်ဆင်နေတုန်းပေါ့ဗျာ စာလုံးတွေ မီးလုံးတွေ စကားပြော
ခွက် ဘာညာတွေပြင်ဆင်နေတဲ့အချိန်ဆိုတော့ သီချင်းလေးဘာလေးဖွင့်တော့ အသံချဲ့စက်ကို လာပိတ်ပါရော အဲဒီမှာတင် ဘေးက ဆွမ်းကြီးလောင်းဘို့ ပြင်နေတဲ့လူတွေကလည်း အကွက်စောင့်နေတာ။

ကျုပ်ရှေ့တည့်တည့်မှာတော့ တောကြက်ဆိုတဲ့ လူ့ဗလံလေးက ခင်ဗျား ဘာလုပ်ချင်လဲ လုပ်ကြည့်လေတဲ့
သူ့ ပုံစံက အရက်နဲ့ဆေးခြောက်ရောနေတာဖြစ်လို့ ယိုင်တိုင်တိုင်ဖြစ်နေပါတယ်၊ ကျုပ်သာသူပြောသလိုလုပ်
လိုက် မိလျင် ဆွမ်းကြီးလောင်းအဖွဲ့ရယ် ထိုင်းတာဝန်ရှိသူတွေရယ် ရှုတ်ကုန်မယ့်ဖြစ်ခြင်း။

ကျုပ်စိတ်ကို ထိန်းထားရလွန်းလို့ တဆတ်ဆတ်တုံနေပါတယ်၊ ဘေးကလူတယောက်ကတော့ ဘာမျှမလုပ်နဲ့
စိတ်ကိုထိန်းထား ခင်ဗျားတခုခုလုပ်ပြီဆိုတာနဲ့ ခင်ဗျားနောက်မှာ အမြင်ကပ်ပုဒ်မနဲ့ ဒီကောင်တွေကိုကျွေးမယ့် လူတွေရှိနေတယ် သတိထား၊ သတိထား အဲလိုကိုပြောနေတာ။

ဘာမျှမလုပ်ပါဘူး၊ ကျုပ်တို့လည်း အဲဒီညနေမှာ ဖိဘီးယော်ကို ဒုံးနဲ့ဧည့်ခံရတာ သိပ်အရသာမရှိတော့ပါဘူး၊
မနက်လိုကျတော့ အစီအစဉ်တွေကို ဆုံးဖြတ်တဲ့အတိုင်း လုပ်ဖြစ်သွားပါတယ်၊ ညနေပိုင်းကျတော့ ဖိဘီးယော်
တဲနန်းနဲ့ အမှတ်တရ ဓါတ်ပုံရိုက်တဲ့သူတွေနဲ့ တိုးမပေါက်အောင်စည်ကားသလို စင်မြင့်ပေါ်တက်ပြီး ဓါတ်ပုံ
ရိုက်ကြတဲ့လူတွေနဲ့ စင်မြင့်သာ အင်္ဂတေကိုင်ထားတာမဟုတ်လျင် ပြိုကျသွားနိုင်ပါတယ်။

ဆိုလိုချင်တာကတော့ ကရင်ဖြစ်ပြီးဘာသာရေးကိုရှေ့တန်းတင်ကြသူတွေအနေနဲ့ တကယ့်ကို ကိုယ်ကိုး
ကွယ် တဲ့ ဘာသာကို နှစ်နှစ်ကာကာယုံကြည်တယ်ဆိုလျင် အမျိုးသားနဲ့ဆိုင်တဲ့ပွဲတော်တွေမှာ လုပ်ငန်း
တွေမှာ ဆင် ဆင်ခြင်ခြင်လုပ်ကြစေလိုပါတယ်၊ တနင်္ဂနွေနေ့မို့လို့ စနေနေ့မို့လို့ လပြည့်နေ့မို့လို့ လကွယ်
နေ့မို့လို့ ခရစ်ယာန် ဘုရားကျောင်း ၀င်းထဲမှာမို့လို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝင်းထဲမှာမို့လို့ ဘာ
သာရေးနဲ့ပတ်သက်တဲ့ အ ခါကြီးရက်ကြီး နဲ့ဆုံနေလို့ စတဲ့ စတဲ့ အကြောင်းပြချက်တွေနဲ့ အယူအဆတွေနဲ့
အမျိုးသားအခန်းအနားကိုစော ပြီးလုပ်တာမျိုး နောက်ကျပြီးလုပ်တာမျိုး သုံးလေးခုပေါင်းပြီး တခါတည်း
တနေ့တည်းလုပ်တာမျိုး ဟိုလူဦး ဆောင်တာဖြစ်လို့ ဒီလူဦးဆောင်တာဖြစ်လို့ မသွားချင်တာမျိုး မလုပ်ကြ
ပါနဲ့

အဲဒီလိုသဘောထားမျိုးနဲ့ပဲဖြစ်စေ အခြားသောစေတနာမမှန်တဲ့သဘောမျိုးနဲ့ဖြစ်စေ ရှေ့ဆက်လုပ်နေကြဦး
မယ်ဆိုလျင် ကရင်လူမျိုးတမျိုးအဖြစ်ရေရှည်ရပ်တည်နိုင်ရေးမှာ အင်မတန်ကိုအန္တရာယ်ရှိနေပါကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)

မြန်မာကျောင်းသားများစခန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၁ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အခန်း
အနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ကရင်များအားလုံးနှင့် တိုင်းရင်းသားညီရင်းအစ်ကို များ
အားလုံးကို သတိတရဖြင့်ရည်ရွယ်ရေးသားပါသည်။




အပြည့်အစုံကြည့်ရှုလိုပါလျင်
http://www.9dblood.com/2012/03/blog-post_16.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, March 16, 2012

တောင်ဥက္ကလာ ၄ ရပ်ကွက်မီးလောင်မှု



တောင်ဥက္ကလာ ၄ ရပ်ကွက်မီးလောင်မှု

တောင်ဥက္ကလာ ၄ ရပ်ကွက် ဝေဇယန္တာလမ်းမတွင် ညနေ ၆ နာရီဝန်းကျင်ခန့်မှ စတင်ပြီး မီလောင်ကြွမ်းမှုတစ်ခု ဖြစ်ပွားလျှက်ရှိပါသည်။










တောင်ဥက္ကလာ ၄ ရပ်ကွက် ဝေဇယန္တာလမ်းမ သုတ ၁ လမ်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကြွမ်းမှုသည် အိမ်ခြေ ၁၀လုံး လောင်ကြွမ်းခဲ့ပြီး ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။

၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် သုတ
(၁)လမ်းတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ မတ်လ ၁၆ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စတင်လောင် ကျွမ်း
ခဲ့ပြီး ည ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးညွန့်ကျိုးငြှိမ်းသတ် နိုင်ခဲ့ပြီး ၇ နာရီအချိန်ခန့်တွင် မီးငြိမ်းသွား
ခဲ့ကြောင်း သိရသည်။

''မီးကတော်တော်ပြင်းတယ်။
လေက လမ်းမကြီးဘက်က တိုက်တော့ မီးလောင်မှုဖြစ်တဲ့ အိမ်တွေရဲ့ ကျောခြင်း ကပ်အိမ်တွေကတော့
မီးကူးစက်မှု မရှိခဲ့ပါဘူး။ ပြီးတော့ ဝေယဇန္တာလမ်းပေါ်က ကုမ္ပဏီတစ်ခုရဲ့ အနောက်ဘက် မှန်တွေကိုခွဲပြီး
တော့တောင် မီးငြှိမ်းသတ်ခဲ့ရတယ်။
ရပ်ကွက်က လမ်းလည်းကျဉ်းတယ်။
ပြီးတော့ ၀ိုင်းအုံကြည့်နေကြတဲ့သူတွေနဲ့ ပိတ်နေတော့ မီးသတ်ကားတွေဝင်ဖို့ ခက်နေလို့ မီးသတ်ကားတွေ
က လမ်းမကြီးပေါ်က သတ်ခဲ့ကြတယ်။
ဒါတောင် မီးလောင်တဲ့နေရာနဲ့ တော်တော်လှမ်းလှမ်းမှာရှိတဲ့ အုန်းပင်တွေတောင် မီးညွန့်တွေ ကူးစက်သွား
တယ်။ မီးသတ်ကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ရပ်ကွက်က တာဝန်ရှိသူတွေကိုလည်း ကျေးဇူး
တင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ မီးလောင်နေတဲ့အချိန်မှာ လုံခြုံရေးပိုင်းကို တာဝန်ယူပေးခဲ့ကြလို့ပါပဲ။
မီးလောင်နေတဲ့အချိန်မှာ ပစ္စည်းခိုးတဲ့ သူခိုးတစ်ယောက်ကို ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်''
ဟု ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ အထောက်အကူပြုယာဉ် ၅ စီး လာရောက်ငြိမ်း
သတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေဆယ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။



မီးသတ်ကားလည်းမတွေ့မိဘူး။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....