+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 5, 2009

တိမ်မြုပ်နေသော တေးတပုဒ်

တိမ်မြုပ်နေသော ကရင်တေးရေးဆရာ၏ တေးတပုဒ်

ကျုပ်အခု ရေးပြမှာကတော့ ကရင်အမျိုးသားတဦး ရေးသားစပ်ဆိုခဲ့ပြီး တတိုင်းပြည်လုံးက ဇာတ်သဘင် ပညာရှင်တွေသီဆိုခဲ့ကြတာပါ၊ ဒီတေးသီချင်းကို ဘယ်အချိန်ဘယ်ကာလမှာ ရေးသားစပ်ဆိုခဲ့သလဲဆိုတာ အတိအကျ မသိရပေမယ့် ခန့်မှန်းမိသလောက်ကတော့ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ဝန်းကျင်လောက်က ဒီတေး သီချင်းဟာ အင်မတန်ရေပန်းစားခဲ့ပြီး ဦးနေဝင်း အာဏာသိမ်းလိုက်တဲ့နောက် ဘမ်းဆီး ထောင်ချမှုတွေကြောင့် တိမ်မြုပ်ခဲ့ပါတယ်။
ဦးနေဝင်းစစ်အာဏာမသိမ်းမှီကာလတွေမှာတော့ ဇာတ်ပွဲတိုင်း ဇာတ်ပွဲတိုင်း ဇာတ်မကခင်မှာ ဒီသီချင်းကို သီဆိုပြီးမှ ကကြပါတယ်။
ကျုပ်တို့ငယ်ငယ်တုန်းက ရုပ်ရှင်မပြခင် ကမ္ဘာမကြေ သီချင်းဆိုသလို၊ ကျောင်းစာသင်ခန်းထဲမှာ စာမသင်ခင် ကမ္ဘာမကြေသီချင်းဆိုသလို ဆိုခဲ့ကြတာလို့ သိရပါတယ်။
ရန်ကုန်၊အင်းစိန် ခဝဲခြံမှာဇာတ်ပွဲသွားကြည့်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးပြောပြလို့ သိရတာပါ။
သထုံမြို့၊ ကျိက္ကော်၊ ဝီယော် တဝိုက်မှာဆိုရင် ဒီတေးသီချင်းကို အဖွင့်တေးအဖြစ်မဆိုပဲနဲ့ ဘယ်ဇာတ်မျိုးမှ ကခွင့် မရှိပါဘူး၊ ဗမာဇာတ်ဖြစ်ဖြစ်၊ကရင်ဇာတ်ဖြစ်ဖြစ် အားလုံးဆိုကြရပါတယ်။
နောက်တခုက ကျုပ်ဘာကိုသွားမြင်မိသလဲဆိုတော့၊ ဒီတေးသီချင်းထဲမှာ သမိုင်းအချက်အလက်တချို့ကို သီချင်း စာသားတွေ ဖတ်ရင်းလေ့လာနိုင်မှာဖြစ်သလို၊ သမိုင်းမှာ ငြင်းမရနိုင်တဲ့ ခိုင်မာတဲ့အထောက်ထားတချို့ ရနိုင်လိမ့်မယ်လို့ ယုံကြည်ယူဆမိတဲ့အတွက် ဇာဂနာဘလော့ဂ် ကနေ ကူးယူတင်ပြလိုက်ပါတယ်။

ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့၊ ဖတ်ကြည့်ပါခင်ဗျာ။

ပြည်ထောင်စုရယ် မောင်ရင်နုရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်း လှတယ်
တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ်
မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေးမှာ သီးခြားတည်တော့မယ်။ ခေါင်းဆောင်အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။
ကိုယ့်ဗမာကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း
ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်
လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သန်းသန်း ကုဋေကျော်တယ်
ပုဒ်မ(၅)နဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ်
အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ် စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။ သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ်
အမိုက်မှောင် ဒုက္ခတွေ့တယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်
တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ်
ဟေ့ အသက်နဲ့လဲမယ်
ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ်
တို့လူမျိုးတွေ ရှေးရိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ၊
မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment