+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 5, 2009

ယဉ်ကျေးမှုဆိုသည်မှာ

ဓါတ်ပုံ ဖါးစည်သံလွှမ်း ရွှေကိုက္ကိုလ်ပန်း စာစောင်

ယဉ်ကျေးမှု
ယဉ်ကျေးမှုဟူသော ဝေါဟာရကို၊ မြန်မာစာအဖွဲ့ထုတ် မြန်မာ-အင်္ဂလိပ်အဘိဓာန်၌ ၁။Politeness.
၂။ Civilization. ၃။ Culture. ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
Politeness ၏ဆိုလိုရင်းမှာ လူမှုဆက်ဆံရေးနယ်ပယ်တွင် ကိုယ်မှု နှုတ်မှု ယဉ်ကျေးသိမ်မွေ့ မှုဖြစ်ပြီး Civilization မှာ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားမှုကို ဆိုလိုကာ Culture မှာမူ ရိုးရာဓလေ့ ယဉ်ကျေးမှုထုံးစံများကို ဆိုလိုပါသည်။
သို့ဖြစ်ပါသောကြောင့်ကျွန်ုပ်တို့ကရင်အမျိုးသားများသည် ယဉ်ကျေးမှုဟူသောဝေါဟာရကို မြင်ကြား လျှင် Culture ဟူသော အနက်တခုတည်းကိုသာ မထင်မြင်၊ မတွေးခေါ်ပဲ ကျန်ရှိ သောအနက်နှစ်ခု
ကိုပါ ထည့်သွင်းစဉ်းစားလုပ်ကိုင်ဆောင်ရွက်တတ်ရန် အရေးကြီးပေသည်။

စိုးကမော်
ကရင့်သက္ကရာဇ် ၂၇၃၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးကော်မီတီ
ကွမ်ဘီကျေးရွာ လှိုင်းဘွဲမြို့နယ်မှ ထုတ်ဝေသည့် နေခြည်သစ်စာစောင်မှ ကူးယူဖေါ်ပြသည်။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment