ဓါတ်ပုံ ဖါးစည်သံလွှမ်း ရွှေကိုက္ကိုလ်ပန်း စာစောင်ပြင်းထန်စွာသတိပေးခြင်း
ဒေသစွဲဖြင့် ဒို့အမျိုးထဲ
စိတ်ဝမ်းကွဲအောင် ခွဲဖြာစိပ်ခြမ်း
မကြိုးပမ်းနှင့်။
လူမျိုးစွဲဖြင့် ဒို့အမျိုးထဲ
စိတ်ဝမ်းကွဲအောင် ခွဲဖြာစိပ်ခြမ်း
မကြိုးပမ်းနှင့်။
ဘာသာစွဲဖြင့် ဒို့အမျိုးထဲ
စိတ်ဝမ်းကွဲအောင် ခွဲဖြာစိပ်ခြမ်း
မကြိုးပမ်းနှင့်။
ဒို့သွေးစည်းမှု ညီညွတ်မှုအား
ထိပါးရန်ပြု ကြိုးပမ်းမှုတိုင်း
တုနှိုင်းမရ ပိုင်းဖြတ်ကြေပျက်
ပေးဆက်အသွေး မနှေးပျက်ပြုဉ်း
နိဂုဏ်းမလှ ချုပ်ငြိမ်းရလိမ့် မလွဲတည်း။
စခင်မောင်စိုး(ပန်းတနော်)
ကရင့်သက္ကရာဇ် ၂၇၃၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးကော်မီတီ
ကွမ်ဘီကျေးရွာ လှိုင်းဘွဲမြို့နယ်မှ ထုတ်ဝေသည့် နေခြည်သစ်စာစောင်မှ ကူးယူဖေါ်ပြသည်။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)


0 comments:
Post a Comment