ကရင်စကားထာများ။
ချစ်လှစွာသော စာရှုသူအပေါင်းတို့ခင်ဗျား။
ကျုပ် ဘာလေးရေးရ ကောင်းမလဲဆိုပြီး စဉ်းစားနေတုန်း ဖတ်စရာစာအုပ်တွေ ထဲက ကောင်းနိုးရာရာလေးတွေကို ရှာနေရင်း ဒုတိယတန်း ကရင်ဖတ်စာအုပ် အဟောင်းတအုပ်ကို သွားတွေ့တော့၊ စာရွက်ကို ဟိုလှန်ဒီလှန်နဲ့ ရှာနေလိုက်တာ ကရင်စကားထာ(စကားလိမ်) ဖွဲ့တဲ့ စာကြောင်းလေးတွေတွေ့တာနဲ့ ကောက်ရေးလိုက်ပါတယ်။
ဒီစကားထာလေးက နဘေ၊ကာယံတွေနဲ့ မေးလာတဲ့လူကို ဖြေတဲ့လူကလည်း နဘေ၊ကာယံလေးနဲ့ ပြန်ဖြေထားတာ ဖြစ်ပါတယ်။
စာအုပ်က အတော်ကလေးကြာနေပြီဆိုတော့ ကျုပ်ကိုယ်တိုင်ပြန်ရေးပြီး တင်ပေးလိုက်ပါတယ်။ တချို့စာလုံးတွေ မထင်မရှားဖြစ်နေလို့ပါ။
စာလုံးတွေအားလုံးဟာ သူ့မူရင်းအတိုင်းပဲဆိုတာ အာမခံပါတယ်။
ကဲ ဖတ်ကြည့်ကြပါ။

မေးခွန်း။ ။ခြေထောက်ဆယ်ချောင်း ခေါင်းမရှိ
အဲဒါဘာလဲ မေးလို၏အဖြေ။ ။ဘယ်ညာယိမ်းနွဲ့ ကွင်းပြောင်ထက်
လျှောက်ပြေးနေတာ ဂဏန်းကွယ့်။

မေးခွန်း။ ။ဦးချို(ဂျို)ပဲလာ ကိုယ်မပါ
အဲဒါဘာလဲ ဖြေစမ်းပါ။အဖြေ။ ။ကိုယ်ခန္ဓာမဲ့ ချို(ဂျို)သက်သက်
မှတ်ထားမပျက် လဆန်းရက်။

မေးခွန်း။ ။ခြေထောက်လေးဘက် ခေါင်း(ဦးခေါင်း)တလုံး
ဘယ်သူဝပ်ပြီး မွေးတာတုန်း။အဖြေ။ ။ကုန်းမြေကမ္ဘာ ဝပ်မွေးတာ
အပြင်လောက လိပ်ပါဗျ။

မေးခွန်း။ ။ခြေခြောက်ချောင်းနဲ့ ဝါတာတာ
နန်းတော်ဆောက်တာ ဘယ်သူလဲဗျာ။အဖြေ။ ။ရောင်ဝါခါးနွဲ့ သစ်ပင်ထက်
နန်းတော်ဆောက်တာ ခါချဉ်ကွယ့်။

ဓါတ်ပုံ မဆုမွန်
မိမိတို့၏ စာပေအား တန်ဘိုးထား၊ မြတ်နိုးကြသူများတွက် ရည်ရွယ်ခြင်းဖြစ်သကယ့်သို့ တပါးမျိုးနွယ်စု စာပေအပေါ် ဟန့်တားပိတ်ပင် သူအချို့တို့သည်လည်း နောင်တတရားရကာ အမှားပြင်ဆင်နိုင်ကြရန် အထူးရည်ရွယ်ပါသည်။

0 comments:
Post a Comment