မင်ဏီဆိုးတားပြည်နယ် မေပယ်ဝုမြို့ရှိ သီတဂူဓမ္မဝိဟာရကျောင်းတော်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့အား ၂၀၀၉ခု မေလ ၁၇ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သ တင်းရရှိပါသည်။
ထိုအခန်းအနားသို့ ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ စုစုပေါင်း ၁၀၀ ခန့်ကြွရောက်တရားနာခဲ့ ကြကြောင်း၊ အခန်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကိုဖွင့်လှစ်ခဲ့ကြကြောင်း၊ ထိုအခန်း အ နားတွင် ကရင်သံဃာတော်သုံးပါးနှင့် ဗမာ(မြန်မာ) သံဃာတော်နှစ် ပါး စုစုပေါင်းသံဃာတော်ငါးပါး မှကြွရောက်လာကြသည့် ဓမ္မမိတ်ဆွေအပေါင်းတို့အား တရားရေအေးအမြိုက်ဆေးများ တိုက်ကျွေး သွားကြောင်းသိရှိရပါသည်။
ကရင်သံဃာတော်များ၏ဘွဲ့အမည်များမှာ ဦးသုန္ဓရ၊ ဦးပဏ္ဍိတနှင့် ဦးသြဘာသ တို့ဖြစ်ကြောင်း ကြား သိရပါသည်။
အခန်းအနားအစီစဉ်များအရ၊ ဆရာတော်ဦးသုန္ဓရ (ကရင်)ထံမှ ကြွရောက်လာကြသည့် ဓမ္မမိတ်ဆွေ အပေါင်းတို့က ငါးပါးသီလခံယူကြပြီးနောက် ဓမ္မဝိဟာရသာသနာ့နုဂ္ဂဟအသင်း၏ ဘဏ္ဍာရေးမှူးဖြစ် သူ ဦးတိုးလွင်မှ၊ လက်ရှိဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသွားပါသည်၊ ထို့နောက်အဖွဲ့၏အတွင်းရေးမှူးဖြစ်သူဦးအောင်ကိုးမှနေ၍ အဖွဲ့အစည်း၏ တိုးတက်မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များအပါအဝင်၊ ဤကျောင်း တိုက်ဖြစ်ပေါ်လာပုံ၊ အဖွဲ့ဝင်များအခက်အခဲများကြားမှ မည်သို့မည်ပုံကြိုးစားလာခဲ့ကြရပုံ များကို အသေးစိပ်ရှင်းလင်းပြောကြားသွားကြောင်း၊ ထို့အတူ အဖွဲ့ ၏ဥက္ကဌဖြစ်သူ ဦး အောင်သန်းမှ အသစ်ရောက်ရှိလာသော သီတဂူဓမ္မဝိဟာရကျောင်းတိုက်၏ တွဲ ဘက်ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးမည့်သံဃာတော်နှင့်ဓမ္မပရိဿတို့အား၊ မိတ် ဆက် ပေးပြီးသကာလ၊ လှူဘွယ်ဝတ္တုပစ္စည်းများကို အဖွဲ့၏နာယကကြီးများဖြစ်ကြသော၊ မန်းချစ်မောင်နှင့်၊ ဦးစိန်လွင်တို့မှ သံဃာတော်များအား အဖွဲ့၏ကိုယ်စား ဆက်ကပ်လှူ ဒါန်းသွားကြကြောင်း သတင်းရ ရှိပါသည်။
သီတဂူဓမ္မဝိဟာရကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဖြစ်သော ဆရာတော် အသျှင် နာယကာလင်္ကာရမှ တရားတော်များဟောကြားပြီးနောက်၊ သံဃာတော်အသျှင်မြတ်များက ပရိတ်တ ရားတော်များ ကိုရွတ်ဖတ်သရဇ္ဇျယ်သွားကြကြောင်းကြားသိရပါသည်။
အဆိုပါကျောင်းတိုက်၏ တွဲဘက်ကျောင်းထိုင်ဆရာတော်မှ နှုတ်ခွန်းဆက်တရားဟောကြား ရာတွင် လောကတွင်မည်သည့်အရာကိုမျှ အချည်းနှီးမရနိုင်ကြောင်း၊ မကြိုးစားပဲနှင့် ရနိုင်သော ကောင်းသော အရာဌာနမရှိကြောင်း၊ မိမိ၏ ဥာဏ်နှင့်ဝိရိယကို အားစိုက်မှသာလျှင် မြင့်မြတ်ထူးကဲ ကောင်းမွန်သည့် နေရာဌာနကိုရရှိလျှက်၊ ကြီးပွါးချမ်းသာနိုင်ကြောင်း မိမိ၏ ဥာဏ်နှင့်ဝိရိယကို မစိုက်ထုတ်ပါက မည် သည့်နိုင်ငံ၊မည်သည့်အရပ်ဒေသတွင် နေထိုင်ကြရစေကာမူ၊ မည်သို့သောမိတ်ဆွေကောင်းများ ရရှိ နေစေကာမူ တိုးတက်ကြီးပွါးနိုင်မည် မဟုတ်သဖြင့် ဥာဏ်အားဝိရိယအားများ ဆိုက်ထုတ်လျှက် မိမိ ဘဝတိုးတက်လမ်းကိုရှာဖွေကြရန် ဟောကြားသွားပါသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့အခန်းအနားကို မွန်းလွဲ ၂း၀၀ နာရီတွင်ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများ က ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြီမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်းသတင်း ရရှိပါသည်။
သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ USA
|
|
Monday, May 18, 2009
မင်ဏီဆိုးတားပြည်နယ် မေပယ်လ်ဝုမြို့ ဗုဒ္ဓနေ့ကျင်းပခြင်း
မင်ဏီဆိုးတားပြည်နယ်၊ မေပယ်လ်ဝုမြို့၌
ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပကြခြင်း
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment