ချစ်လှစွာသော ကရင်ညီအစ်ကို မောင်နှမအပေါင်းတို့
ကျုပ်ဖေါ်ပြထားတဲ့ အခြေခံ ကရင်သင်ပုန်းကြီး ဖတ်စာများ ဆိုတဲ့ စာအုပ်လေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က မနီလွိုင် မြန်မာကျောင်းသားစခန်းမှာရှိတဲ့ အမှိုက်ပုံးတခုထဲက ကောက်ယူခဲ့တာပါ။
နိုင်ငံခြားကို ထွက်တော့မယ့် မိသားစု တစုစုကနေပြီး နိုင်ငံခြားသွားတော့မှာမို့ အမှိုက်ပုံးထဲ ကောက် ပစ်ထားခဲ့တဲ့ပုံ ပေါ်ပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုတော့ ဒီစာအုပ်ကလေးဟာ အမှိုက်ပုံးထဲကနေပြီး စင်္ကြာဝဠာ ထက်မှာရှိနေတဲ့ ဆက်သွယ်ရေးဂြိုလ်တုပေါ်ကို ရောက်သွားပါပြီ။
တခုတော့ မေတ္တာရပ်ခံပါရစေ၊ ဒီစာအုပ်လေးထဲက စာလုံးတချို့ ဖတ်လို့မရတာ၊ မထင်မရှားဖြစ်နေ တာတွေ ရှိနေတာမို့ ဖေါင့်ရှိတဲ့လူတွေ ပြင်ဆင်ရိုက်နှိပ်ဖြည့်စွက်ဖေါ်ပြပေးကြပါ။
ဘယ်နေရာဘယ်ဒေသကိုပဲ ရောက်ရောက်၊ ကိုယ့်စာပေကို မြှင့်တင်ကြပါ၊ သင်ယူကြပါ၊ လေ့လာ ကြပါ။
နိုင်ငံခြားကိုရောက်နေပေမယ့် ဘယ်လောက်ပဲချမ်းသာနေပေမယ့် ခင်ဗျားတို့ ကျုပ်တို့ ညီအစ်ကို မောင်နှမအားလုံးတို့ဟာ တိုင်းပြည်မရှိတဲ့အတွက် အားလုံးဟာ သခင်မရှိတဲ့ခွေးတွေလိုပါပဲ။
သခင်မဲ့တဲ့ခွေးဘဝဟာ ဟိုချောင်တိုးရင် ဟိုကရိုက်လွှတ်၊ ဒီချောင်တိုးပြန်တော့ ဒီကရိုက်လွှတ်၊ ဒီလိုခံနေရတာကို မသိလို့ပဲဖြစ်ဖြစ်၊ သိသိကြီးနဲ့ဖြစ်ဖြစ် အချင်းချင်း သမနေကြတာကတော့ဖြင့် ဝမ်းနည်းစရာ အင်မတန်ကို ကောင်းလှပါတယ်။
ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ်မှု၊ နှုတ်မှုတွေကို ထိန်းသိမ်းကြပါ။
အချင်းချင်း ဘာသာမခွဲနဲ့၊ မျိုးနွယ်စုမခွဲနဲ့၊ ဒေသမခွဲနဲ့၊ စာပေမခွဲနဲ့၊ စကားမခွဲနဲ့ အယူမသည်းကြပါနဲ့။
အဲဒီလို လုပ်ရပ်တွေကြောင့် တန်ဘိုးမဖြတ်နိုင်တဲ့ နစ်နာဆုံးရှုံးမှုတွေဟာ ဘယ်လိုမှ အဖတ်ဆည်လို့ မရနိုင်လောက်အောင် ဖြစ်ခဲ့ရပြီးပါပြီ။
သင်္ခဏ်းစာယူတတ်ကြပါစေ။
ကျုပ်ကိုအခုလို Blog လေးတခု လုပ်ပေးတဲ့ စောကျော်ခွိ၊ စောလင်းနက်၊ အဲခေါင်သောင့် (ကျုပ်မသိ ကြွမ်းပေမယ့်) (အခြားနာမည်မသိသူတွေပါ)တို့ရဲ့ ကျေးဇူးတရားကို ကျုပ်တသက်လုံးမမေ့ပါဘူး။
အစစအရာရာ အသေးစိပ်ကအစ စိတ်ရင်းစေတနာအပြည့်အ၀နဲ့ ကူညီဆောင်ရွက်ပေးကြတဲ့အတွက် သူတို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်များ အမြန်ဆုံးပြည့်ဝကြပါစေ။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)
|
|
Saturday, May 9, 2009
မေတ္တာရပ်ခံခြင်းနှင့် ဆော်သြခြင်း
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment