+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, May 9, 2009

နောင်ကြဉ်သွားတဲ့ သင်္ခဏ်းစာ

နောင်ကြဉ်သွားတဲ့ သင်္ခဏ်းစာ

သူတို့အုပ်စုနဲ့ ကျုပ်
စည်းလုံးညီညွတ်ရေး လုပ်တမ်း
ကစားခဲ့ကြတယ်။
သူတို့ဘက်က
မလုပ်တတ်သမျှ

ကျုပ် လုပ်ပြခဲ့တယ်။
သူတို့ဘက်က
မပေးနိုင်တာတွေ
ကျုပ် ပေးခဲ့တယ်။
သူတို့
မကစားတတ်တဲ့အကွက်
ကျုပ် လက်ထပ်
သင်ပေးခဲ့တယ်။

ကစားကွင်းလေးအနား
လူဖြူလူမဲတွေ စိတ်ဝင်စားလာတော့
ကျုပ်လုပ်ထားခဲ့သမျှဝါးမြို
သူတို့လုပ်တာဆိုပဲ။

သူတို့အုပ်စုသဘောတူရင်
ကျုပ်ကြည်ဖြူရင်လည်းဖြစ်
ကျုပ်မကြည်ဖြူရင်လည်းဖြစ်

ဒါ ဒီမိုကရေစီစနစ် တဲ့။

ပစောက်ကို မှောက်ခုံရေး
ဂငယ်ကို ပက်လက်ထား
ကကြီး ကို ယပက်လက် လုပ်
ဖဦးထုပ် ကို သဝေထိုး လို့သတ်မှတ်
သူတို့အုပ်စုက သဘောကျရင်
အဲဒါတရားဝင်ပဲ။


လူတကာတွေ အမှားပြင်ဆင်နေချိန်မှာ
သူများမှားဘူးသားတွေကို လိုက်မှားနေကြတဲ့
အမှားနောက်လိုက်ကောင်းတွေ နဲ့မှ
စည်းလုံးညီညွတ်ရေး လုပ်တမ်းကစားမိခဲ့တဲ့ ကျုပ်
အုပ်စုများရင် ဗိုလ်ကျလို့ရတယ် ဆိုတဲ့ အတွေးအခေါ်သမားတွေကြား
ဦးဏှောက်ဖေါက်စားတာ ခံခဲ့ရတယ်။
မင်းစိုးစံ (အဝေးရောက်ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment