+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, May 23, 2009

အဖြေပေးကြစမ်းပါ

အဖြေပေးကြစမ်းပါ
အခန်း(က)
အစည်းဝေးခန်းမဆောင်တခုတွင် လူနှစ်ရာခန့် စုဝေးနေကြ၏။
အုပ်စုကြီး။ ။စည်းရုံးရေးလုပ်ကြရအောင်ဗျာ။
အုပ်စုငယ်။ ။ဘယ်လိုလုပ်မှာလဲ။
အုပ်စုကြီး။ ။ခင်ဗျားတို့အုပ်စုငယ်နဲ့ကျုပ်တို့အဖွဲ့ကြီး ပေါင်းလိုက်ရင် အကျိုး ကျေးဇူးတွေ အများကြီးရနိုင်တယ်၊ ဥပမာ အမျိုးသားရေးနဲ့ ဆက်နွယ်နေတဲ့ အလုပ်တွေပေါ့။
ဒီတော့ဗျာ ကျုပ်တို့တတွေ ဒီမိုကရေစီနည်းအရ မဲရွေးမယ်၊ မဲအများ၊ အနည်း ပေါ်မူတည်ပြီး ခေါင်းဆောင်တွေတင်ကြလုပ်ကြတာပေါ့။
အုပ်စုငယ်။ ။ကောင်းတာပေါ့ဗျာ၊ အမျိုးသားရေးလုပ်တယ်ဆိုတာ ဒီလိုဖြစ်ရမှာပေါ့။
သိပ်မကြာလိုက် ထိုအဖွဲ့ပျက်လေ၏။
ဘာကြောင့်လို့ထင်သလဲ။

အခန်း(ခ)
အစည်းဝေးခန်းမဆောင်တွင် လူငါးရာခန့် စုဝေးနေကြ၏။
အုပ်စုကြီး။ ။စည်းရုံးရေးလုပ်ကြရအောင်ဗျာ။
အုပ်စုငယ်။ ။ဘယ်လိုလုပ်မှာလဲ။
အုပ်စုကြီး။ ။ကျုပ်တို့အုပ်စုနဲ့ ခင်ဗျားတို့အုပ်စုငယ်လေး ပေါင်းလုပ်ကြရအောင်၊ ဘာကြောင့်လဲ ဆိုတော့ ကျုပ်တို့တတွေ အခန်းအနားလုပ်တဲ့အခါ နှစ်နေရာ၊သုံး နေရာလောက် ဖြစ်နေတဲ့အတွက် အများအမြင်မှာ မကောင်းဘူးဗျ။
ဒီတော့ ဒီပွဲမှာ ကျုပ်တို့ပေါင်းလုပ်ကြရအောင်။
အုပ်စုငယ်။ ။ကောင်းသားပဲ၊ မဆိုးပါဘူး။
နောက်နှစ် ဒုံရင်းအတိုင်းပြန်ဖြစ်၏။
ဘာကြောင့်လို့ထင်သလဲ။

အခန်း(ဂ)
အစည်းဝေးခန်းမဆောင်တွင် လူလေးရာခန့် စုဝေးနေကြ၏။
အုပ်စုကြီး။ ။ ဟိုအဖွဲ့ကလူတွေ တယောက်မှ မတွေ့တော့ပါလား။
ဘာကြောင့်လို့ထင်သလဲ။

အခန်း(ဃ)
အစည်းဝေးခန်းမဆောင်တွင် လူအချို့ စုဝေးနေကြ၏
အုပ်စုကြီး။ ။ တို့ထဲကလူ အဖွဲ့အသစ်တခု ထပ်ဖွဲ့နေတယ်ဆိုပါလား။
ဘာကြောင့်လို့ ထင်သလဲ။

အမျိုးသားစည်းလုံးညီညွတ်ရေးကို တကယ်လိုလားတယ်ဆိုရင်
ပထမ အဲဒီမေးခွန်း လေးတွေကို အရင်ဆုံးဖြေကြည့်ပါ။
ဒုတိယ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာ ဖြေကြည့်ပါ။
တတိယ ဘာတွေလုပ်ဘို့ လိုသလဲဆိုတာ ဖြေလိုက်ပါ။

(တခြားကိစ္စတွေကို ခဏလောက် ဘေးချိတ်ထားပြီး ကိုယ်ထင်ရာ မြင်ရာတွေကို လွတ်လွတ်လပ်လပ်ဖြေပါ၊ အားမနာကြပါနဲ့တော့ အရေးကြီးနေပြီ)
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment