+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, May 24, 2009

မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့တွင် ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း

အမေရိကန်ပြည်ထောင်စု မင်ဏီဆိုးတားပြည်နယ်
စိန့်ပေါမြို့တွင်
ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း

အမေရိကန်ပြည်ထောင်စု မင်ဏီဆိုးတားပြည်နယ်ရှိ စိန့်ပေါမြို့တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းကို တည်ထောင်လိုက်ကြောင်း သတင်းရရှိပါသည်။
ထိုဘုန်းတော်ကြီးကျောင်းတွင် ကရင်သံဃာတော်သုံးပါး သီတင်းသုံးနေထိုင်မည် ဖြစ်ပြီး၊ သံဃာတော်သုံးပါး၏ ဘွဲ့အမည်များမှာ ဦးသုန္ဓရ၊ ဦးပဏ္ဍိတနှင့် ဦးသြဘာသတို့ဖြစ်ကြောင်း
သတင်းရရှိပါသည်။


ဝဲမှယာ သံဃာတော်များ ဦးပဏ္ဍိတ၊ ဦးသြဘာသ၊ ဦးသုန္ဓရ
မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ရှိ ကရင်အမျိုးသားများဖွဲ့စည်းထားသည့် ကရင်ဗုဒ္ဓဘာသာအသင်း (Karen Buddhist Association) မှ ကြီးမှူး၍ ယနေ့ (တနင်္ဂ နွေနေ့ မေလ၂၄ရက်နေ့ ၂၀၀၉)ဒေသစံတော်ချိန်နေ့လည် ၁၂း၀၀နာရီတွင် အမှတ် ၆၀၃ မေရီလန်းရှိ အဆိုပါဘုန်းတော်ကြီး ကျောင်း၌ အစည်းဝေးတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ စိန့်ပေါမြို့ရှိ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအေ​ဝး၌ ကျောင်းထိုင်ဆရာတော်ဦးသုန္ဓရမှ အဖွင့်အမှာစကားပြောကြားပြီး၊ တွဲဘက်ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဆရာတော် ဦးပဏ္ဍိတမှ ရဟန်းဝတ္တရားငါးပါး၊ ဒါယိကာဝတ္တရားငါးပါးတို့ကို အကျယ်တ၀င့်ဟောပြောသွားကြောင်း သတင်း ရရှိပါသည်။


တက်ရောက်လာကြသည့် ဗုဒ္ဓဘာသာဝင်များ
တက်ရောက်လာကြသည့်ဗုဒ္ဓဘာသာဝင်များ

တက်ရောက်လာကြသည့်ဗုဒ္ဓဘာသာဝင်များ

၎င်းနောက် အဖွဲ့၏ကိုယ်စား အဖွဲ့ဝင်တဦးဖြစ်သူ မန်းစမစ်ဒွန်းမှ လိုအပ်သည့် အရေးကြီးစာရွက်စာ တန်းအား ကျောင်းထိုင်ဆရာတော် ဦးသုန္ဓရထံသို့ဆက်ကပ်လိုက်ကြောင်း သတင်းရရှိပါသည်။

အဖွဲ့၏ကိုယ်စား စာရွက်စာတန်း ဆက်ကပ်နေပုံ

အစည်းအဝေးသို့ ကြွရောက်လာကြသည့် ဗုဒ္ဓဘာသာဝင်များက ကျောင်းတော်ကြီး၏ဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားကြပြီး အစည်းဝေးကို မွန်းလွဲ ၃း၀၀ နာရီခန့်တွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။

သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ (USA)

ဓါတ်ပုံသတင်း စ၀်ထေါဟ်တွါ်(USA)

0 comments:

Post a Comment