မင်ဏီးဆိုးတားပြည်နယ် စိန့်ပေါမြို့ အမှတ် 603 Maryland Avenue ရှိ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင်
လာမည့် June 05 2009 နေ့၌ ဝါဆိုသင်္ဃန်းကပ်လှူခြင်း၊ ဘုရားအနေကဇာ တင်ခြင်းတို့ကို Karen Buddhist Association မှ ဦးဆောင်ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပွဲတော်အခန်းအနားသို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့နေအိမ်များ၌ ကိုးကွယ်ထားရှိသော ဘုရားဆင်းတုတော်များကို
ဘုန်းတော်ကြီးကျောင်းသို့ပင့်ဆောင်လာနိုင်ကြပြီး၊ သင်္ဃန်းတစုံလျှင် ဒေါ်လာသုံးဆယ်ဖြင့် ကပ်လှူပူဇော်နိုင်ကြောင်းနှင့် မိမိတို့နှစ်သက်ရာ စားဘွယ်သောက်ဘွယ်များကိုလည်း ယူဆောင်လှူဒါန်းနိုင်ကြောင်းသတင်းရရှိပါသည်။
သို့ဖြစ်ပါ၍ အနယ်နယ်အရပ်မှ ဓမ္မမိတ်ဆွေများ အနေဖြင့်ဖေါ်ပြပါအစီစဉ်အတိုင်း ကြွရောက်ပါဝင်လှူဒါန်းကာ တရားတော်များနာယူနိုင်ကြောင်းသိရှိရပါသည်။
Karen Buddhist Association ၏ ဘိတ်ကြားလွှာလာမည့် June 05 2009 နေ့၌ ဝါဆိုသင်္ဃန်းကပ်လှူခြင်း၊ ဘုရားအနေကဇာ တင်ခြင်းတို့ကို Karen Buddhist Association မှ ဦးဆောင်ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ပွဲတော်အခန်းအနားသို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့နေအိမ်များ၌ ကိုးကွယ်ထားရှိသော ဘုရားဆင်းတုတော်များကို
ဘုန်းတော်ကြီးကျောင်းသို့ပင့်ဆောင်လာနိုင်ကြပြီး၊ သင်္ဃန်းတစုံလျှင် ဒေါ်လာသုံးဆယ်ဖြင့် ကပ်လှူပူဇော်နိုင်ကြောင်းနှင့် မိမိတို့နှစ်သက်ရာ စားဘွယ်သောက်ဘွယ်များကိုလည်း ယူဆောင်လှူဒါန်းနိုင်ကြောင်းသတင်းရရှိပါသည်။
သို့ဖြစ်ပါ၍ အနယ်နယ်အရပ်မှ ဓမ္မမိတ်ဆွေများ အနေဖြင့်ဖေါ်ပြပါအစီစဉ်အတိုင်း ကြွရောက်ပါဝင်လှူဒါန်းကာ တရားတော်များနာယူနိုင်ကြောင်းသိရှိရပါသည်။
သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ USA
ဖူ့ယောင်ဟဲ့အား အထူးကျေးဇူးတင်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment