ဝါဆိုသင်္ဃန်းကပ်လှူပွဲနှင့် ဘုရားအနေကဇာတင်ပွဲ ကျင်းပခြင်း
ယနေ့ ကောဇာသက္ကရာဇ် ၁၃၇၁ ဝါဆိုလ္ဆန်း ၁၄ ရက်၊ ခရစ်သက္ကရာဇ် July 5, 2009 တနင်္ဂနွေ နေ့တွင် မင်ဏီဆိုးတားပြည်နယ်၊ စိန့်ပေါမြို့ အမှတ် ၆၀၃ Maryland Avenue ရှိ ကရင်ဗုဒ္ဓဘာ သာဘုန်းတော်ကြီးကျောင်း၌ Karen Buddhist Association မှ ကြီးမှူး၍ ဝါဆိုသင်္ဃန်းကပ် လှူခြင်း၊ ဘုရားအနေကဇာတင်ခြင်းတို့ကို ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။
ဆောက်လုပ်ပြီးစီးသွားသည့် ဗုဒ္ဓကျောင်းဆောင်
သံဃာတော်များ ဆွမ်းဘုဉ်းစဉ်
သံဃာတော်ငါးပါးတို့ကို ဆွမ်း၊ ခဲဘွယ်ဘောဇဉ်များဖြင့် ကပ်လှူပြီးနောက် တပည့်ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့က သံဃာတော်များထံမှ ငါးပါးသီလခံယူကြပြီး ဝါဆိုသင်္ဃန်းများကို အသီသီးကပ်လှူပူဇော်ကြကြောင်း သတင်းရရှိပါသည်။
တရားဓမ္မ ဟောကြားတော်မူသော ဆရာတော် အရှင်နာယကာ လင်္ကာရ (ဝဲ)
ထို့နောက် ဆရာတော်အရှင်နာယကာ လင်္ကာရ မှ၊ ဗုဒ္ဓဘာသာဟုဆိုရာတွင် မိမိတို့နှလုံးသား အတွင်း ဗုဒ္ဓ၏အဆိုအမိန့်များကိန်းအောင်းနေမှသာ ဗုဒ္ဓဘာသာအစစ်အမှန်ဖြစ်ကြောင်း၊ ကျောင်းဆောင်များတည်ထောင် အလှူဒါနများမည်မျှပြုနေစေကာမူ ဗုဒ္ဓ၏အဆိုအမိန့်များအ တိုင်း လိုက်နာ၊ကျင့်ကြံ၊ အားထုတ်မှုမရှိလျှင် မိရိုးဖလာဗုဒ္ဓဘာသာသာဖြစ်သဖြင့် အကျိုးမရှိ နိုင်ကြောင်း၊ ဗုဒ္ဓ၏အယူဝါဒမှာ အလယ်အလတ်လမ်းစဉ်ဖြစ်သည်သာမက အရာရာကို ရှင်း လင်းပြတ်သားစွာ မှန်မှန်ကန်ကန်တွေးခေါ်သိမြင်နိုင်ခြင်းဖြစ်ကြောင်း အကယ်၍ တဦးအ ပေါ်တဦး အမြင်ရှင်းလင်းကြမည်ဆိုပါက လက်တွဲနိုင်ကြမည်ဖြစ်သော်လည်း အမြင်မရှင်းလျှင် ရေရှည်လက်တွဲနိုင်မည်မဟုတ်ကြောင်း၊ ဤ Karen Buddhist Association သည် တဦး တည်းတယောက်တည်းက တည်ထောင်စုဖွဲ့ထားခြင်းမဟုတ်မူပဲ လူအများဖြင့်စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်သည့်အားလျှော်စွာ တဦးနှင့်တဦးအမြင်ရှင်းလင်းမှသာ ရေရှည်တည်တံ့နိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာဝင်ကရင်အမျိုးကောင်းသား အမျိုးကောင်းသမီးများအား လုံး တဦးနှင့်တဦးတွေးခေါ်မျှော်မြင်မှုများရှင်းလင်းစွာဖြင့် သာသနာ့အကျိုးကိုထမ်းရွက်နိုင်ကြ ပါစေဟု ဆန္ဒပြုဟောကြားသွားကြောင်း သတင်းရရှိပါသည်။
တရားနာပရိဿတ်အချို့
ကြွရောက်လာကြသော ဗုဒ္ဓဘာသာဝင်များနှင့် ဧည့်သည်တော်များအား ကိုနေဝင်းနှင့် မငယ် ငယ်တို့မိသားစုမှ ရန်ကုန်မုန့်ဟင်းခါးဖြင့် သဒ္ဒါတရားထက်သန်စွာ လိုလေသေးမရှိ ဧည့်ခံကျွေး မွေးကြောင်းသတင်းရရှိပါသည်။
ဝါဆိုသင်္ဃန်းများကို ကပ်လှူနေကြသော ကုသိုလ်ရှင်အချို့
၎င်းနောက် ဘုရားကျောင်းဆောင်အလှူရှင်များဖြစ်ကြသည့် မန်းတာတိုးနှင့် နန်းတင်ရီမိသားစု အပါအဝင် အလှူရှင်များအားလုံးစုပေါင်းရေစက်ချ အမျှဝေပြီး သာဓုအနုမောဓနာများခေါ်ကာ
ညနေ၃း၃၀ နာရီတွင် အခန်းအနားကိုရုပ်သိမ်းလိုက်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင် စုစုပေါင်း ၁၀၀ ကျော်ကြွရောက်တရားနာ ကြကြောင်းသတင်းရရှိပါသည်။
သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ USA
သတင်းဓါတ်ပုံ စ၀်ထေါဟ်တွါ် USA
|
Sunday, July 5, 2009
ဝါဆိုသင်္ဃန်းကပ်လှူပွဲနှင့် ဘုရားအနေကဇာတင်ပွဲ ကျင်းပခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment