မာနတံခွန်
ရောင်စုံမီးပျောက်တွေနဲ့
ဘန်ကောက်ရဲ့ညချမ်းဟာ
ကိလေသာလေစိမ်းတိုက်ပြီး
ယိမ်းနွဲ့လို့ နေပါပေါ့လား။
အသွေးအသားတွေနဲ့
ဈေးကစားတဲ့ပွဲတော်မှာ
မင်း…..မပျော်ပါနဲ့နော်။
ဘဝတခုကို
အတ္တလုယူသွားပြီဆိုရင်တော့
ပါးပြင်ထက် သနပ်ခါးကွက်မှာ
မျက်ရည်တွေ စိုစွန်းတတ်တယ်ကွယ့်
မွန်းကြပ်တဲ့ သောကဆိုတာကတော့
ဘဝပြဇာတ် တပုဒ်လိုပေါ့။
မင်းရဲ့ ရိုးသားမှုတိုင်းတွေကို
လောဘတွေ မကိုက်စေနဲ့
ရောင့်ရဲခြင်းတွေ ရင်မှာပိုက်လို့
မင်းရဲ့ အပျိုစင်ဘဝလေးကို ထိန်းသိမ်းနိုင်ပါစေ။
ရောင်စုံမီးပျောက်တွေနဲ့
ဘန်ကောက်ရဲ့ညချမ်းမှာ
ကျားဆိုတဲ့သတ္တဝါတွေ ကိုက်တတ်တဲ့ည
အသူရာရည်တွေနဲ့ ကာမတွေငှားတတ်တဲ့ည
အဲဒီမှာ
မင်းအလှ
မင်းဘဝ
မင်းမာနက
တန်ဘိုးရှိတဲ့မိန်းကလေးအဖြစ်
နာမည်တွင်ရစ်နိုင်ပါစေ။
အမုန်း ပင်လယ်ပျော်
ခံစားရေးဖွဲ့ပါသည်။
2003 August 14 နေ့ထုတ် အားမာန်သစ်စာစောင် မှ ကူးယူတင်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
|
Tuesday, July 7, 2009
မာနတံခွန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment