+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, July 7, 2009

ညီညွတ်မှုအား



ညီညွတ်မှုအား

အယောက်များစွာ
ရှိပါကလည်း
ပညာနည်းက
နောက်ကျတတ်၏။ ။


တယောက်တည်းသာ
ပညာရှိလည်း
အဖေါ်မဲ့က
အားချိတတ်၏။ ။


နည်းမျိုးနှစ်လီ
ပေါင်းစုံညီမှ
လိုရာဆန္ဒ
ကြိုးစားကြလော့
အာဏာပေါ်ထိပ်
ကြယ်ဖိတ်ဖိတ်ကို
ခူးလိုပါလည်း
ခူးမခက်။ ။

စောကြယ်ပျံ
ထီးဖိုးစံ(ကော့ကရိတ်)

2003 August 14 နေ့ထုတ် အားမာန်သစ်စာစောင် မှ ကူးယူတင်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment