+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, October 2, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၅)
မန်းR, ဘဖန်

သူငယ်ချင်း
တကယ်တော့
မင်းရဲ့ခန်းနားလှတဲ့
သန်းကျော်တန်တိုက်ကြီးထဲက
ထမင်းစားခန်းထဲမှာ
မင်းရဲ့မိသားစု
အခြွေအရံ အစုံအလင်နဲ့
စားသောက်ပျော်မြူး
သုံးဖြုဉ်းနေချိန်မှာ
နော်တ။
ဝမ်းခါ။
မယ်လ။
စောထာ။

စစ်မြေပြင်က, ရဲဘော်တွေနဲ့
ဘူးသို။
လိုကျိုး။
ကဆောတယ်။
ကလီးဘူကျိုး
က,
မျိုးချစ်ရဲဘော်တွေရဲ့
လူမှုဘဝ,ကို
မင်းလှည့်ကြည့်စေချင်တယ်။

ဆယ်သက်သေလည်း
တို့မမှုဘူးဟေ့.....ဆိုတဲ့
ရဲဘော်တွေရဲ့ ထမင်းဝိုင်းကို
မင်း....လာကြည့်စေချင်တယ်။

ဆက်လက်ဖေါ်ပြပါမည်။

0 comments:

Post a Comment