+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 3, 2009

သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့ပါသလား?

သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့ပါသလား?
အပိုင်း(၂)
M.ထက်ခေါင်




ကရင့်တော်လှန်ရေးမှာ အမျိုးသား ဒီမိုကရေစီတော်လှန်ရေး ဖြစ်၏။ အမျိုးသားရေးနှင့် ဒီမိုကရေစီရေး၏ကေအဲန်ယူသည် အဓိကအားဖြင့် အမျိုးသားရေးကို ပို၍ရှေ့တန်းတင် ကြိုးပမ်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ယနေ့လက်ရှိ ဒီကေဘီအေ၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့၊ ဗိုလ်ချုပ်ဌေးမောင်အဖွဲ့ စသည့်အဖွဲ့အစည်းများမှာ ယခင်က ကေအဲန်ယူနှင့် ကေအဲန် အယ်လ်အေများဖြစ်ကြ၏။ အခြားအမျိုးသားများ နည်းတူ မိမိတို့အမျိုးသားများ တန်းတူညီမျှ ရရှိပိုင်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်တို့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနှင့် ကေအဲန်အယ်အေ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သို့ ၀င်ရောက်လာခဲ့ကြသူများ ဖြစ်သည်။

နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော အဖွဲ့အစည်းကြီးအတွင်း အကျင့်စရိုက်ပေါင်းမျိုးစုံ ရောပြွမ်းလျက်၊ ရသည့်သူတွေက တရားလွန်ရ၊ မရသောသူတွေကတော့ ငတ်ပြတ်နေ စသဖြင့် ထက်အောက်မညီမျှမှု၊ ဗျူရိုကရက်ဆန်မှု၊ လက်ဝါးကြီးအုပ်လိုမှု၊ ဆရာမွေး တပည့်မွေး ဂိုဏ်းခွဲလိုမှုများကို ကြုံလာကြရပြီး။ အခွင့်ကောင်းကိုစောင့်နေသော ရန်သူ၏ ဘာသာရေးအရ သပ်လျှိုမှု။ သွေးခွဲမှု၊ အကြိုက်ပေးစည်းရုံးမှုများ ၀င်ရောက်ပေါင်းစပ်လိုက် သောကြောင့်သာ ဒီကေဘီအေအဖွဲ့ ဟောင်သရောအဖွဲ့ စသည်တို့ ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်၊ သို့ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ ကေအဲန်ယူအတွင်း ရပ်တည်လုပ်ကိုင်လာခဲ့သည့်အလျောက် ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့ စသည်တို့မှ တပ်မှူးကြီးငယ်တို့၏ရင်တွင်း၌မှန်ကန်သော ကရင့်အမျိုးသားရေးစိတ်ဓာတ်မှာ ခိုင်မာစွာ အမြစ်တွယ်လျက်ရှိနေမည် ဖြစ်လေသည်။

စစ်အုပ်စု၏ ခြေလှမ်းကို နှစ်အတော်ကြာကပင် ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့တို့က ရိပ်မိလာခဲ့ကြသည်။
န၀တ တပ်တွင်းမှ အောက်ခြေ တပ်မှူးတပ်သားများ၏ သဘောထားကိုလည်း ၎င်းတို့နှင့်လက်တွဲပြီးနောက် လအနည်းငယ် အကြာမှာပင် သိရှိလာခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အား အခြေအနေတရပ်ကြောင့် ပါစားပေးခြင်းခံထားရသည်ကို မကျေမနပ်ဖြစ်နေခဲ့ကြသည့် န၀တ၊ နအဖ တပ်ဗိုလ်တပ်သားတွေ များစွာရှိကြောင်းကိုလည်း နားလည်ထားကြသည်။
M.ထက်ခေါင်
Karen Information Center မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment