+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 7, 2009

အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ

အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ
(မင်းစိုးစံ)

အခန်း(၁)

အုပ်စုတောင့်တိုင်းဗိုလ်ကျချင်သဖြင့် လူတကာမှားခဲ့ဘူးသောအမှားများကို မြိန်မြိန်ယှက်ယှက်ကြီး လိုက်မှားနေကြသည့် အမှားနောက်လိုက်ကောင်းများက အရူးဘုံမြှောက်သတ်မှတ်ထားသော အဖွဲ့ တဖွဲ့၏အုပ်စုဗိုလ်ဟု ထင်ရ,သူတဦးဆီမှ ဆင်ခြင်တုံတရားကင်းမဲ့သည့်စကားလုံးများဖြစ်သည်။

ကြက်ဒူးဆစ်ရွာမှာနေခဲ့တုန်းကလို ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို နှစ်နေရာဖြစ်အောင်တော့ မ လုပ်နဲ့ပေါ့ဗျာ

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို ဖူ့ယောင်ဟဲ့တယောက်အပြောခံလိုက်ရ,သည်၊ရင်ထဲတွင် ထောင်းကနဲဖြစ်သွား၏၊ထိုအချင်းအရာကိုရိပ်မိသော မိခင်ဖြစ်သူက,ဖူ့ယောင်ဟဲ့ကိုတားသည်။

ငါ့သား မင်းအခုမှ ဒီနေရာကိုရောက်လာတာနော်၊ ဟိုမှာနေခဲ့တုန်းကလို ထင်တိုင်းကျဲလို့မဖြစ်သေးဘူး၊ ဘာကြောင့်လည်းဆိုတော့ ငါတို့က,လူနည်းစုဖြစ်နေတဲ့အပြင် သူတို့လိုပြောတတ်ဆိုတတ်တာမဟုတ်
လေတော့ သူတို့ကိုအားကိုးရ,ဦးမှာ

အမေ့စကားသည်မှန်တော့မှန်သည် သို့သော်အားလုံးတော့မဟုတ်။

အမေကလည်းဗျာ နယ်မြေသစ်ကိုရောက်နေတာတောင်မှ အခုထက်ထိအကြောက်တရားက
ရှိနေတုန်းပဲ

အမေသည်ဖူ့ယောင်ဟဲ့ကို တချက်ငဲ့ကြည့်လိုက်ပြီး အံပုံများကိုဆေးလိမ်းကျံနေရာမှ

နယ်မြေသစ်ကိုရောက်လာပြီဆိုပြီး အောက်ခြေမလွတ်နဲ့သား၊ မင်းဘယ်အလုပ်ကိုပဲလုပ်လုပ်
ဒီလူတွေ နဲ့တွဲလုပ်တဲ့အခါတိုင်း မင်းခေါင်းထဲမှာထည့်ထားရ,မှာက ဒီပုတ်ထဲက ဒီပဲတွေပဲဆိုတာ
မေ့မထားလေနဲ့

သွားများမရှိတော့သောအမေသည် အံပုံကိုပါးစပ်အတွင်းနေသားတကျဖြစ်အောင် ပြုပ်လုပ်ပြီးငုံခဲ နေသည်၊ ပြူတင်းပေါက်မှန်ကာထားသောအိမ်ခန်းအတွင်းမှနေ၍ အပြင်၌ထူထပ်စွာကျနေသည့် နှင်း များကိုငေးကြည့်နေသည့် ဖူ့ယောင်ဟဲ့၏အတွေးစ,များသည် အတိတ်ဆီသို့မျောလွင့်နေ၏။

အခန်း(၂)

တုံးအောက်က,ဖါး တုံးပိလို့ပြား…..ပြားတဲ့ဖါးက,ပြား ဖေါင်းတဲ့ဖါးကဖေါင်း
တုံးအောက်က,ဖါး တုံးပေါ်က,ဖါး….နေရာတကာမှာ ဖါး
အသံကြောင့် ဖါးသေ…….ဖါးကြောင့် အမှန်တရားသေ
အမှန်တရားသေတော့ အသံတွေတိတ်….အသံတွေတိတ်တော့ ဖါးတွေကောင်းစား
ဟိုနေရာမှာ ဖါး……သည်နေရာမှာဖါး
နေရာတိုင်းမှာ ဖါး……ဖါး…တွေသာကောင်းစား

နှစ်တနှစ်၏နောက်ဆုံးရက်ဖြစ်သော ဒီဇင်္ဘာလ ၃၁ရက်နေ့၏ ညချမ်းအချိန်တွင်ဖြစ်သည်၊ ဟောင်းနွမ်း သောအတွေးအခေါ်အယူအဆ,များကို ဆန်းသစ်သောအယူအဆ,တို့ဖြင့်အစားထိုးနိုင်ရန် ဖူ့ယောင်ဟဲ့
တို့အုပ်စု စင်မြင့်ပေါ်တွင် တခန်းရပ်ပြဇာတ်တင်ဆက်ရင်း သံချပ်ထိုးနေကြခြင်းဖြစ်၏။

ဇာတ်လမ်းအကျဉ်းမှာ တိုင်းပြည်တပြည်တွင် သူခိုးများသောင်းကျန်းလွန်းသဖြင့် ဘုရင်ဖြစ်သူက,စစ် သူကြီးတဦးကို ခုနစ်ရက်အတွင်း သူခိုးများတယောက်မျှမကျန် မိအောင်ဖမ်းရန်နှင့် ဖမ်းမိသည့်သူခိုး
မှန်သမျှ ခေါင်းဖြတ်သတ်ပစ်မည်ဖြစ်ပြီး အကယ်၍စစ်သူကြီးအနေဖြင့် သတ်မှတ်ရက်အတွင်း သူခိုး များကိုဖမ်းဆီးရ,မိဖြင်းမရှိပါက ခေါင်းဖြတ်သတ်ပစ်ခြင်းခံရမည်ဟု တချက်လွှတ်အမိန့် ထုတ်လိုက်
လေသည်။
ခြောက်ရက်မြောက်သည့်တိုင် သူခိုးတဦးတယောက်မျှဖမ်းဆီးရ,မိဖြင်းမရှိသေးသောစစ်သူကြီးသည် ညအချိန်၌စိတ်ဆင်းရဲခြင်းကြီးစွာဖြင့် မှေးကနဲဖြစ်သွားခိုက် အလွန်ကျယ်လောင်သောအသံဖြင့် ဘာမျှ ပူပင်သောက,မဖြစ်ရန်နှင့် အာရုဏ်ကျင်း၍ ဘုရင်မင်းမြတ်ထံအခ,စားဝင်လျှင် သူခိုးမှန်သမျှဦးခေါင်း
တွင် ချိုများပေါက်နေလိမ့်မည်ဟု ပြောကာပျောက်ကွယ်သွားလေ၏။
ခုနစ်ရက်မြောက်နေ့တွင် စစ်သူကြီးသည် နန်းတော်သို့အခ,စားဝင်လိုက်သောအခါ ဘုရင်အပါအဝင်
မိဘုရားနှင့်တကွ မူးကြီးမတ်ရာ သေနာပတိမှစ,နန်းတော်အတွင်းရှိလူများအားလုံး ချိုပေါက်နေသည်ကို တွေ့ရ,လေ၏။
ချိုမပေါက်သော စစ်သူကြီး ခေါင်းဖြတ်အသတ်ခံရ,၏၊ဘုရင်နှင့်အပေါင်းအပါတို့ သူခိုးဖမ်းပွဲကို ချိုခြင်း ဝှေ့(ခွေ့)ကာ အောင်မြင်စွာကျင်းပ,ကြလေတော့၏၊အနောက်တိုင်းတီးလုံးကိုနောက်ခံတေးထား၍ ဘုရင်နှင့်အပေါင်းအပါတို့ တီကောင်စားတို့ခံရ,သော ဟန်မျိုးက,ပြလျှက် လိုက်ကာချပြီး ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။

လူအများစုသဘောကျ၏၊လက်တဆုပ်စာလူစု နှာခေါင်းရှုံ့၏၊
နှစ်ဆန်း(၁)ရက်နေ့ဝေလီဝေလင်းအချိန်တွင် ဖူ့ယောင်ဟဲ့တို့အုပ်စု တာလပေါ့စားကြရ၏။ ပြဇတ်အမည်
မှာ မျက်ကန်းတို့တိုင်းပြည် ဖြစ်သည်။

အခန်း(၃)

အဝေးရောက်အစည်းအရုံးအဖွဲ့ထဲကို ခင်ဗျားတို့အားလုံးဝင်ရ,မယ်၊ ဒီအဖွဲ့ရဲ့ဦးဆောင်မှုအောက်မှာ
ခင်ဗျားတို့ အလုပ်လုပ်ကြရ,မယ်၊ ဘာကြောင့်လည်းဆိုတော့ ခင်ဗျားတို့တတွေဟာ အဝေးကိုရောက်
နေသူတွေဖြစ်လို့ပဲ၊ ကျုပ်တို့ဟာ ဒီဒေသ,ကိုမရောက်ခင်ကတည်းက ထိပ်တန်းကနေလှုပ်ရှားခဲ့ကြတဲ့ လူတွေဖြစ်တယ်ဆိုတာ ခင်ဗျားတို့ခေါင်းထဲမှာထည့်ထားကြပါ။
ဘယ်အလုပ်မျိုးမဆို ကျုပ်တို့အဖွဲ့ပဲဦးဆောင်မယ်၊ ကျုပ်တို့ရဲ့အဖွဲ့နာမည်ကိုက,အားလုံးကိုကိုယ်စားပြု
ထားလို့ပဲ၊ ကျုပ်တို့အဖွဲ့ရဲ့နာမည်ကိုဖတ်ကြည့်စမ်းပါ၊ အရှေ့တွေ အနောက်တွေ မပါဘူး၊ ခွဲခြားထားတာ
မရှိဘူး၊ ဒီနေ့ဒီအချိန်ဟာ သီးခြားနေထိုင်ရပ်တည်ဘို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ အားလုံးဟာ ကူးလူး ပေါင်းသင်းဆက်ဆံရ,မယ် စုပေါင်းနေထိုင်တတ်တဲ့အလေ့အကျင့်တွေကို လေ့လာကျင့်သုံးရ,မယ်
ဒီတော့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကို ဘယ်လိုအဖွဲ့မျိုးမှဦးဆောင်တာမျိုးမလိုချင်ဘူး။

ထိုအခိုက်ယင်းအဖွဲ့အတွင်းမှ လူတဦးကမန်ကတန်းထ,၍ပြော၏၊ ပြောနေသည့်လူကိုလည်း ပြန်ထိုင် ခိုင်းလိုက်၏။

ဒီလိုရှိပါတယ်၊ ကျွန်တော်တို့အဖွဲ့ကပဲ ဦးစီးဦးဆောင်လုပ်မှာမဟုတ်ပါဘူး၊ ဖူ့ယောင်ဟဲ့တို့ရဲ့ စာပေယဉ် ကျေးမှုအဖွဲ့လည်းရှိနေလေတော့ ဒီမိုကရေစီနည်းအရ,ရွေးကြတာပေါ့၊ လူတွေလည်း အတော်များများ ရှိနေကြတာပဲ။
ဖူ့ယောင်ဟဲ့ရဲ့စာပေနဲ့ယဉ်ကျေးမှုအဖွဲ့နဲ့ ကျွန်တော်တို့ရဲ့ အဝေးရောက်အဖွဲ့တို့ကို လက်ညှိုးထောင်မဲပေး
စနစ်နဲ့ မဲခွဲဆုံးဖြတ်ကြရအောင်။ ကျွန်တော်တို့အဖွဲ့ထဲက လူအများစုဟာအဖွဲ့အစည်းနဲ့ပတ်သက်လာ
ရင် ကာလ,အတော်ကြာအဖွဲ့အမျိုးမျိုးဖွဲ့ပြီး အမျိုးသားရေးကိုလုပ်ကိုင်လာခဲ့ကြတာနဲ့အမျှ အတွေ့အကြုံ ရှိပြီးသားအဖွဲ့ဖြစ်ပါတယ်၊ မဲများတဲ့ဘက်က,ဦးဆောင်တာပေါ့။

လူဦးရည် ခုနစ်ဆယ်ကျော်ခန့်တက်ရောက်လာကြသည့်အနက် ၆၉မဲ ၂မဲဖြင့် ဖူ့ယောင်ဟဲ့ရှုံးလေတော့
သည်။

ကျွန်တော်တို့မဲနိုင်လို့ ကျွန်တော်တို့ဦးဆောင်ရ,ပေမယ့် ယဉ်ကျေးမှုလုပ်ငန်းတွေကို ဖူ့ယောင်ဟဲ့တို့က နားလည်လေတော့ကာ ယဉ်ကျေးမှုနဲ့ပတ်သက်တာမှန်သမျှဘာမဆို တာဝန်ယူပြီးလွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့က လက်ညှိုးထိုးမခိုင်းပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဖူ့ယောင်ဟဲ့တို့လို အပ်တာမှန်သမျှ အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမှာပါ၊ နောက်အပါတ်ကျရင် လိုအပ်တဲ့အချက်အလက် တွေကိုဆက်လက် ဆွေးနွေးကြတာပေါ့

ရေများရေနိုင် မီးများမီးနိုင်ဟုဆိုရ,မည်လော? အာဂ,ဒီမိုကရေစီဟုဆိုရ,မည်လော?

ဆက်လက်ဖေါ်ပြပါမည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment