+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 5, 2009

အလင်္ကာပန်းခင်းကို ကြိုဆိုခြင်း

BBC Burmese Section ကလွှင့်တဲ့ အလင်္ကာပန်းခင်းကဏ္ဍအဖွင့်ကဗျာလေးတပုဒ်ကို
တင်ပြလိုက်ပါတယ်။
အလင်္ကာပန်းခင်းကဏ္ဍကို စီစဉ်ထုတ်လွှင့်တဲ့ ဆရာဦးကျော်ဇံသာ(ယခု VOA)က အဖွင့်ကဗျာ
ရေးပို့ပေးကြဘို့ ပြောတာနဲ့ ဆရာအောင်ဇေ ရေးပို့ပေးလိုက်တာဖြစ်ပါတယ်။
ကလောင်မကိုင်ခဲ့တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ဆရာအောင်ဇေဟာ အလင်္ကာပန်းခင်းကဏ္ဍကြောင့်
သူ့ရဲ့က လောင်ကို ပြန်သွေးလိုက်တယ်ပဲပြောမလား၊ အနုပညာသမားပီပီ ခံစားချက်နဲ့ဝါသနာကြောင့် မနေနိုင်မထိုင်နိုင် အောင်ဖြစ်လာလို့ပဲလားတော့ မပြောတတ်ပါဘူး၊ သူကဗျာတွေပြန်ရေးဖြစ်တာ
ကတော့ ဆရာဦးကျော်ဇံသာရဲ့ အလင်္ကာပန်းခင်းကဏ္ဍကြောင့်ဆိုတာတော့ ညင်းလို့မရဘူးလို့
ထင်ပါတယ်။
ကဗျာခေါင်းစဉ်က အလင်္ကာပန်းခင်း ကို ကြိုဆိုခြင်း ဖြစ်ပါတယ်။

အလင်္ကာပန်းခင်းကို ကြိုဆိုခြင်း
(အောင်ဇေ)

အလင်္ကာပန်းခင်း
ပွင့်လင်းဟန်ပန် ဘိတ်ခေါ်သံကြောင့်
သန်းခေါင်ယံအောက် ဘဝပျောက်လို့
မေ့လောက်ကဗျာ အလင်္ကာကို
ဖွေရှာသီကုံး နှလုံးသားမှ
ယိုစီးကျသည့် ဘဝမင်ရည်
ရေးဖွဲ့သီ၍ စာစီညွှန်းဆို
ဖွဲ့နွဲ့လိုသည်
အလင်္ကာပန်းခင်းကို ကြိုဆိုခြင်း။

အောင်ဇေ

15-June- 1998

0 comments:

Post a Comment