အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ
(မင်းစိုးစံ)
အခန်း(၅)
(ယခင်အပါတ်မှအဆက်)(မင်းစိုးစံ)
အခန်း(၅)
ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ကျင်းပရန် နောက်ဆုံးအပါတ်အစည်းအဝေး၏ တညနေ၌ဖူ့ယောင်ဟဲ့
ထံသို့ သတင်းနှင့်ပြန်ကြားရေးဌာနမှ လူတယောက်လာရောက်ဆွေးနွေး၏၊ အခြားအဖွဲ့အစည်းမှ
အရေးပါသူနှစ်ဦးလည်း လိုက်ပါလာသည်။
ကျွန်တော်တို့တောင်းပန်ပါတယ်ဗျာ ခင်ဗျားဖြစ်ချင်တဲ့အတိုင်း ကျွန်တော်တို့ဆွေးနွေးတာ အဆင်ပြေ
သွားပြီ၊ ခင်ဗျားလုပ်မယ်လို့ရည်ရွယ်ထားတာတွေကို ဆက်လုပ်နိုင်ဘို့အတွက် ဒီညအစည်းအဝေးကို
ခင်ဗျား မဖြစ်မနေတက်ဘို့ လိုအပ်တယ်၊ ခင်ဗျားမတက်လို့မဖြစ်ဘူး။
ဒီလိုလူတွေနဲ့ ကျွန်တော်အလုပ်တွဲလုပ်ချင်တဲ့စိတ် မရှိတော့ဘူးဗျာ
အခြားအဖွဲ့အစည်းမှလူနှစ်ယောက်အနက် တယောက်ကဝင်ပြော၏
ခင်ဗျားစဉ်းစားပါဦးဗျာ အခုသူတို့ဘက်ကပြောလာတာက ကရင်အမျိုးသားဆင်းသက်လာပုံ ကရင်နှစ် သစ်ကူးနေ့ဖြစ်ပေါ်လာပုံ စတဲ့ဟောပြောပွဲတွေနဲ့ အကျွေးအမွေးကိုစာသင်ကျောင်းမှာလုပ်မယ်၊ အမျိုး သားရေးနဲ့နိုင်ငံရေးလို့ပဲဆိုပါတော့။ကျန်တဲ့ဖျော်ဖြေရေးကဏ္ဍကို ဘော်လီဘောကွင်း မှာလုပ်ဘို့သဘောတူလိုက်တယ်။
ဒီလောက်ဆိုရင်တော့ မဆိုးပါဘူးဟု ဖူ့ယောင်ဟဲ့ကောက်ချက်ချလိုက်မိသည်။
နောက်တယောက်က ဝင်ပြောပြန်၏
အခုလာတဲ့လူတွေထဲမှာ ကရင်တယောက်မှပါတာမဟုတ်ဘူးဆိုတာ ခင်ဗျားအသိပါ၊ ခင်ဗျားတို့အချင်း ချင်းစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်ဘို့ လာပြောတာပါ၊ ဒီပွဲဟာဘယ်လောက်အရေးကြီးတယ်
ဆိုတာ ခင်ဗျားအသိဆုံးပါ၊ ကိုယ့်ကြောင့် မဖြစ်သင့်တာတွေဖြစ်သွားရင် အို…ဗျာ ကျုပ်မပြောတော့ပါ
ဘူး၊ ကျုပ်တို့ပြန်တော့မယ်၊ ဒီညအစည်းအဝေးကို ခင်ဗျားရောက်လာလိမ့်မယ်လို့ ကျုပ်ယုံတယ်။
ဖူ့ယောင်ဟဲ့ သက်ပြင်းရှည်ကိုအခါခါချလျှက် ကျန်ရစ်ခဲ့လေတော့၏။
အခန်း(၆)
လူအနည်းစုသာတက်ရောက်သော အစည်းအဝေးခန်းမ,အတွင်းသို့ ဒီဇင်္ဘာလ အားကစားပွဲကျင်းပ, နေသောနေရာမှလာသည့် အသံဗလံများဖုံးလွှမ်းနေ၏။
ကျွန်တော်တို့တတွေဟာ ဒီနေရာဒီဒေသ,ကနေအုပ်စုခွဲပြီး အပြီးအပိုင်ပြောင်းရွှေ့ကြရတော့မှာဖြစ်
တယ် ဘယ်နေ့ဘယ်အချိန်မှာ ကိုယ့်ရပ်ကိုယ့်ရွာကိုကိုပြန်ရောက်ကြမယ်ဆိုတာ ဘယ်သူမှအတတ် မပြောနိုင်ဘူး၊ အချိန်တွေကြာညောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ရင်သွေးငယ်တွေ တနည်းအား
ဖြင့် မျိုး ဆက်သစ်လူငယ်တွေဟာ မလွဲမသွေ ကျွန်တော်တို့ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကင်းကွာ သွားမှာဖြစ်တယ်၊ မကောင်းတဲ့အလားလာတခုဆိုတာ အားလုံးအသိပါပဲ
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ,နိုင်ရေးအတွက် ဆွေးနွေးပွဲတွင် ဖူ့ယောင်ဟဲ့ မှသူလုပ် မည့်အစီအစဉ်များအတွက် ရှင်းလင်းပြောဆိုနေပါ၏။
ဒါကြောင့်အားလုံးအမှတ်တရ,ဖြစ်သွားအောင် ကျွန်တော်တို့တတွေရဲ့ ဘိုးဘွားအစဉ်အဆက်က,ရိုးရာ ယဉ်ကျေးမှုတွေထဲက,တခုဖြစ်တဲ့ ဖီ့ဘူးယော်လို့ခေါ်တဲ့စပါးစောင့်နတ်သမီးကိုပူဇော်တဲ့ တနည်းဆိုရ,
ရင် ကောက်သစ်စားပွဲအခန်းအနားကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ လုပ်သွားချင်ပါတယ်။
ကျွန်တော်တို့အရပ်ဒေသ,မှာတော့ နှစ်စဉ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နဲ့ တွဲလုပ်လေ့ရှိပါ
တယ်၊ လိုအပ်တဲ့ပစ္စည်းအားလုံးကို ကျွန်တော်ကိုယ်တိုင်ဝယ်သင့်တာဝယ် ငှားသင့်တာငှားထားတဲ့
အတွက် အားလုံးအရံသင့်ဖြစ်နေပါပြီ
လူအချို့လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အသံများထွက်လာ၏။
သိပ်ကောင်းတဲ့အစီအစဉ်တွေဖြစ်ပါတယ်၊ ကျွန်တော်ဆိုရင်မမြင်မတွေ့ရ,တာကြာပြီဖြစ်တဲ့အတွက် ကျွန်တော့်လိုလူတွေအပြင် ကရင်အမျိုးသားရိုးရာယဉ်ကျေးမှုနဲ့ပြဒါးတလမ်းသံတလမ်းဖြစ်နေတဲ့
ကရင်တွေမြင်ဘူးသွားတော့ အင်မတန်ကောင်းပါတယ်၊ လုပ်သာလုပ်ပါ၊ လုပ်အားလိုအပ် ရင် ကျွန်တော်ကိုယ်တိုင်ဝင်ကူမယ်
နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မီတီဝင်များ ဆွေးနွေးပြောဆိုနေခြင်းဖြစ်သည်။ သူပြောအပြီးထိုင်ချ
ရန် ပြင်နေစဉ် အဖွဲ့ဝင်တဦးက ဤသို့မေးလာ၏။
ဖူ့ယောင်ဟဲ့တို့လုပ်ကိုင်မယ့်အစီအစဉ်လေးကို အတိုချုဉ်းပြီးပြောပြနိုင်မယ်ဆိုရင် သိပါရစေ။ လုပ်ပုံ ကိုင်ပုံလေးပေါ့ဗျာ၊ ကျွန်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကိုယ်တိုင်ကိုယ်ကျ တခါမှ လက်တွေ့ပါဝင်လုပ်ကိုင်တာမရှိခဲ့ပါဘူး။
ဟောပြောပွဲပြီးခါနီးမှ ကရင်အင်္ကျီလေးပုခုံးပေါ်တင်ပြီး အိုးသူကြီးတွေနားကပ်၊ သူတို့ရ,ထားတဲ့ဝေစုထဲ
က တခွက်တဖလားချ၊ ဝါးကြောလေးဘာလေးဖွင့်၊ အိုးခွက်ထဲအစားအသောက်တွေထည့် အိမ်အတွက် ပြန်ယူသွား အဲဒါလောက်ပဲလုပ်ခဲ့ဘူးတာဆိုတော့ အရမ်းအရမ်းကို သိချင်နေလို့ပါ။
လူအချို့သည် မေးလာသောသူကို စိတ်ပျက်သည့်ပုံစံဖြင့်ဝိုင်းကြည့်ကြ၏၊ လူအချို့ဘာမှမဖြစ်သလိုနေ
ကြ၏၊ အချို့ကတော့ စိတ်ဝင်တစားဖြင့် နားထောင်လိုသည့်ပုံစံများဖြင့်စောင့်ဆိုင်းနေကြ၏။
ဖူ့ယောင်ဟဲ့သည် စိတ်ရှည်လက်ရှည်ဖြင့် ဖီ့ဘူးယော်အကြောင်းကိုရှင်းပြနေပါတော့သည်။
ဆက်လက်ဖေါ်ပြပါမည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment