2009 ခုနှစ် အနုပညာလောက
ကိုကျော်အောင်လွင် (VOA Burmese Section.)
2009 ခုနှစ်အတွင်းနိုင်ငံတကာ အနုပညာလောကမှာ တအံ့တသြ အဖြစ်ရဆုံးသတင်းကတော့ POP ဂီတဘုရင် အဆိုတော် Michael Jackson ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းပါပဲ။ တကမ္ဘာလုံးက ဂီတ,သမား တွေရော Michael Jackson ရဲ့ပရိဿတ်တွေကရော ပါရမီထူးတဲ့အနုပညာရှင်တဦး အရွယ်ကောင်းမှာကြွေ လွင့်ခဲ့ရတဲ့အတွက် အထူးပဲဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။ရန်ကုန်မြို့မှာလည်း Michael Jackson ရဲ့အမှတ်တရ,အခန်းအနားတခုလုပ်ပြီးတော့ သူ့ရဲ့သီချင်းတွေနဲ့ က,ခုန်ခဲ့ ကြပါသေးတယ်၊ Michael Jackson ကွယ်လွန်သွားခဲ့တယ်ဆိုပေမယ့် ရေရှည်ခံမယ့် သီချင်းတွေကိုတော့ သူက အတော်များများချန်ထားခဲ့တာပါ။
မြန်မာပြည်မှာလည်း ထင်ရှားတဲ့အနုပညာသမားတွေ ဒီနှစ်အတွင်း အတော်များများကွယ်လွန်သွားခဲ့ကြပါတယ်၊ အဲဒီအထဲက အထင်ရှားဆုံးပုဂ္ဂိုလ်တဦးကတော့ အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်းပါ။
“သူဟာ သဘောသကာယကောင်းတဲ့လူ အလုပ်လုပ်တဲ့အခါမှာ ပြောလို့ဆိုလို့တွဲပြီးတော့လုပ်လို့ကောင်းတဲ့ ပ ညာသည်တယောက်ဖြစ်ပါတယ်၊ ဥပမာ စကားပြောပုံရော သူလွမ်းပုံရော သူပျော်ပုံရော ဒါမျိုးတွေအကုန် သူ့ နည်းနဲ့သူပဲ သူဟာတော်တော်သီးခြားအမူအရာရှိတဲ့လူဗျ၊ ကိုယ်ပိုင်အရာ ကိုယ်ပိုင်အနုပညာရှိတာကိုပဲ ချီးကျူး ပြီးတော့ပြောချင်ပါတယ်။ ဇော်ဝမ်းဟာ သူလုပ်နိုင်တာရဲ့ တဝက်လောက်ပဲ လုပ်သွားရပါတယ်”
ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီဝင်းဖေက မင်းသားဇော်ဝမ်းအမှတ်တရ, ပြောသွားခဲ့တာပါ၊ သင်္ကြန်မင်းသားလို့ အခေါ်ခံရ,တဲ့ ဇော်ဝမ်းကလည်း ရေရှည်ခံမယ့် သင်္ကြန်သီချင်းတွေ တော်တော်များများချန်ရစ်ထားခဲ့ပါတယ်။
ဒီမိုကရေစီအရေးဆောင်ရွက်မှုတွေကြောင့် မြန်မာစစ်အစိုးရ,က အနုပညာဖန်တည်းခွင့်တွေ ပိတ်ပင်ခံထားရတဲ့ သူတွေထဲက ကဗျာဆရာနှစ်ဥိးဟာလည်း ဒီနှစ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်၊ November လထဲမှာပဲကွယ် လွန်ခဲ့တာကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှည်တဦးလည်းဖြစ်တဲ့ ကဗျာဆရာ ဗန်းမော်ညိုနွဲ့ပါ၊ နောက်တ ယောက်ကတော့ အင်းဝမြို့က ကဗျာဆရာ ကြည်အောင်ပါ။
“စည်းနဲ့ဗျောက် ချွင်ခေါက်
မျောက်ကားမင်းသား
ဧဟိတ်ကျော် လမ်းပေါ်သွား
လူကား သူတောင်းစား။
ဒီကဗျာရဲ့ခေါင်းစဉ်က လူတယောက် မျောက်တကောင် ဒါ ဗမာပြည်ရဲ့ရုပ်ပြလည်းဖြစ်တယ်၊ အခုဖြစ်နေတာက မျောက်တွေက မင်းသားတွေဖြစ်နေပြီးတော့ လူတွေက သူတောင်းစားဖြစ်….”
ဆရာကြည်အောင်မကွယ်လွန်ခင်က သူကိုယ်တိုင်ရွတ်ဆိုခဲ့တဲ့ကဗျာကိုကြားခဲ့ရ,တာပါ
မြန်မာပြည်နဲ့သက်ဆိုင် တဲ့ နိုင်ငံတကာအနုပညာလှုပ်ရှားမှု တခုကတော့ ကမ္ဘာကျော် ROCK တေးဂီတ,အဖွဲ့ တခုဖြစ်တဲ့ U2 အဖွဲ့က,သူတို့ရဲ့ဒီနှစ်နိုင်ငံတကာ လှည့်လည်ဖျောဖြေပွဲတွေမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကမ္ဘာကိုအသိပေးစည်းရုံးလှုံ့ဆော်ခဲ့တာပါပဲ။
ဒီနှစ်မှာ မြန်မာ့အနုပညာလောက,အတွက် ကောင်းသတင်းတခုကတော့ မြန်မာ့ပန်းချီကားတွေဟာ ပြည်ပ,မှာ ထက် ပြည်တွင်းမှာပိုပြီးရောင်းကောင်းနေတယ် ဆိုတာပါပဲ၊ ပန်းချီနဲ့ဆက်စပ်လို့ရတဲ့ Performance Art ဆိုတာ နဲ့ Installations Art ဖန်တည်းမှုတွေက ဒီနှစ်အတွင်းမြန်မာပြည်မှာ သိသိသာသာထွန်းကားလာတယ်လို့ ဆိုရ မှာပါ။
နိုင်ငံတကာအနုပညာသမားတွေ မြန်မာပြည်ကိုလာပြီးတော့ မြန်မာ့အနုပညာသမားတွေနဲ့တွဲဖက်ပြီးတော့ တင် ဆက်မှုတွေ လုပ်ခဲ့ကြပါတယ်၊ မြန်မာပြည်က အနုပညာအုပ်စုတွေဖြစ်ကြတဲ့( The Own Pressure Group)နဲ့ New Zero Art Group တို့ကနေပြီးတော့ စီစဉ်ခဲ့ကြတာပါ။
နောက်တခါ မြန်မာ့ဂီတ,လောက,မှာ သီချင်းရေးသမား ၁၉ဦးဖွဲ့စည်းတည်ထောင်ထားတဲ့ MCLC အနုပညာ ထုတ်လုပ်ရေးကုမ္ပဏီက သူတို့ရေးစပ်ထားတဲ့သီချင်းတွေကို အခ,ကြေးငွေယူပြီးတော့ ဖျော်ဖြေတင်ဆက်မယ် ဆိုရင် ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပ,မှာပဲဖြစ်ဖြစ် သီချင်းရေးစပ်ခ,တွေကိုပေးဆောင်ဘို့တောင်းဆိုသွားကြမယ် လို့ဆိုပါတယ်၊ ဒီအစီအစဉ်ကို အခုလာမယ့် 2010 နှစ်ဆန်းတာနဲ့ စ,ပါလိမ့်မယ်၊ ဂီတ,ပွဲတခုလုပ်လို့ရှိရင် သီချင်း သီဆိုတဲ့သူတွေ တီးခပ်တဲ့သူတွေနဲ့ ပွဲကိုစီစဉ်တဲ့သူတွေပိုက်ဆံရ,ပေမယ့် သူတို့ဖျော်ဖြေခဲ့တဲ့ သီချင်းတွေကိုရေး စပ်ပေးတဲ့ တေးရေးသမားတွေအတွက် ဘာမှမရ,လို့ ဒီအခွင့်အရေးကိုတောင်းဆိုဘို့ကြိုးစားကြတာပါ။
မြန်မာ့ဂီတ,လောက,မှာ ဒီနှစ်အတွင်း နောက်ထပ်ထူးခြားတာတခုကတော့ Nargis နာဂစ်မုန်တိုင်း ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ကြတဲ့ အနုပညာရှင်တွေအတော်များများထဲက တေးသံရှင်လေးဦးကို အ မေရိကန် နိုင်ငံမှာကျင်းပ,မယ့် ၅၂ နှစ်မြောက် Grammy ဂီတ,ဆုပေးပွဲအခန်းအနားကို တက်ရောက်ဘို့ဘိတ် ကြားခံခဲ့ရတာပါ၊
သူတို့ကတော့ အဆိုတော်ဆုံသင်းပါ၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ နဲ့ ထူးအယ်လင်းတို့ဖြစ်ပါတယ်၊ သူတို့အားလုံးဟာ တိုင်းရင်းသားအဆိုတော်တွေပဲဖြစ်ကြပြီးတော့ ဒါဟာမြန်မာ့ဂီတ,အနုပညာရှင်တွေထဲက Grammy ဆုပေးပွဲကို ပထမဦးဆုံးတက်ရောက်ခွင့်ရ,ကြမယ့် သူတွေလည်းဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ မြန်မာ့စာပေလောက,က ထင်ရှားတဲ့စာရေးဆရာနှစ်ဦး ကွယ်လွန်ခဲ့ပါသေးတယ်၊ တိုက်တိုက်ဆိုင် ဆိုင်သူတို့နှစ်ဦးဟာ ဟာသ,နဲ့သရော်စာပေတွေ ရေးသားကြတဲ့သူတွေပါ၊ တဦးက စာရေးဆရာနီကိုရဲ ဖြစ်ပြီး တော့ နောက်တဦးကတော့ ဆရာအီကြာကွေးဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ ခိုးကူးခွေတွေကြောင့် ဂီတ,လောက,အခြေအနေယိမ်းရိုင်နေရ,တယ်ဆိုပေမယ့် နိုင်ငံတကာ မှာရောက်နေကြတဲ့ မြန်မာမိသားစုတွေစီကို ပြည်တွင်းက အဆိုတော်တွေ၊ အက,သမားတွေ လာပြီးတော့ဖျော် ဖြေတင်ဆက်တာ ဒီနှစ်မှာလည်းအတော်များများရှိခဲ့ပါတယ်။
မြန်မာ့အိမ်နီးချင်း အိန္ဒြိယနိုင်ငံက ဆင်းရဲသားရပ်ကွက် တခုအကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Slumdog Millionaire ဆိုတဲ့ရုပ်ရှင်ကတော့
အခုနှစ်ဆန်းပိုင်းမှာပဲ Hollywood ကချီးမြှင့်တဲ့ Oscar ဆုတွေရ,ခဲ့တဲ့အကြောင်းနဲ့ပဲ ၂၀၀၉ ခုနှစ်အတွင်း အနုပညာလောက,ရဲ့ ထူးခြားမှုတွေအဖြစ် စုစည်းတင်ဆက်လိုက်ပါတယ်ခင်ဗျား။
VOA Burmese Service အနုပညာ မိုးကောင်းကင်ကဏ္ဍကနေ ကိုကျော်အောင်လွင်တင်ပြသွားတာကို နားထောင်ပြီး တဆင့်ပြန်ရေး သားတင်ပြထားတာပါ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment