+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, January 5, 2010

သေပြီဆရာရေ (မြေကြီး)

ဓါတ်ပုံကို မိုးမခသတင်းလွှာမှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်

သေပြီဆရာရေ
(မြေကြီး)

ရင်မခုန်တဲ့သူရှိလား
ရှိတယ်ဆိုရင်
ဒီလူဟာ
သေပြီ...ဆရာရေ။

အတ္တနဲ့ရှင်သန်
ရင်ခုန်နေသူချည်းပဲ
ဘယ်သူငြင်းမလဲ
ပြောကြည့်လိုက်ပါ
မဟုတ်ခဲ့ရင်
သေပြီ..ဆရာရေ့။

ရင်ခုန်သူတိုင်း
အသက်ရှူနေတယ်
အသက်ရှူသူတိုင်း
ရင်ခုန်နေမယ်
ဒါကို..ငြင်းမလား
ငြင်းကြည့်လိုက်ပါ
မဟုတ်ခဲ့ရင်
သေပြီ..ဆရာရေ့။

မြေကြီး
Post By: myaegyi ,22 dec 2009
ကဗျာကို မြေကြီးဘလော့ဂ် ကနေကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

0 comments:

Post a Comment