+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 9, 2010

စိတ်ကျရောဂါအကြောင်း သိကောင်းစရာ(VOA, Burmese)

မိတ်ဆွေ စိတ်ဓါတ်ကျနေပါသလား

Photo by www.sheilaheddenlcsw.com/

အပိုင်း(၁)
ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ Depression လို့ခေါ်တဲ့ စိတ်ကျရောဂါနဲ့ပတ်သက်ပြီး တင်ပြထားပါတယ်။

စိတ်ကျရောဂါဆိုတာဘာလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ စိတ်ကျရောဂါဖြစ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ၊ ဘယ်လောက်ထိ အဖြစ်များသလဲ စတဲ့ အချက် တွေကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က စိတ်ကျန်းမာရေးသမားတော်ကြီး ဒေါက်တာဒေါ်နွဲ့နွဲ့ဝင်းနဲ့ ဆက်သွယ်မေးမြန်း ပြီး ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။



Photo by www.progressivehealth.wordpress.com/

အပိုင်း(၂)
စိတ်ကျရောဂါ အပိုင်း နှစ်ကို နားဆင်ကြရပါမယ်။
စိတ်ကျရောဂါဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ဘယ်သူတွေမှာ အဖြစ်များသလဲ၊ ဘယ်သူတွေမှာဖြစ်တာက ပိုဆိုးသလဲ၊ ကလေးတွေမှာ ရော ဖြစ်တတ်သလား၊ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်သလဲ၊ ကာကွယ်လို့ရောရသလား စတာတွေကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုသမားတော်ကြီး ဒေါက်တာ ဒေါ်နွဲ့နွဲ့ဝင်းကို ဆက်သွယ် မေးမြန်းပြီး ကိုကျော်ကျော်သိန်းက စီစဉ်တင်ဆက်ထားပါတယ်။


စိတ်ဓါတ်မကျနဲ့လို့တော့ အတင်းအကြပ်မတိုက်တွန်းချင်ပါဘူး၊ ဒါပေမယ့် အားလုံးစိတ်ချမ်းသာကြဘို့ကိုတော့ မျှော်လင့်နေမိတာအမှန်ပါ။
ဒါကြောင့် စိတ်ကျန်းမာရေးနဲ့ပတ်သက်တာလေး အလည်ရောက်လာမိတဲ့သူတွေ နားဆင်ပြီးသတိတရားနဲ့ ကျင့်ကြံနေထိုင်နိုင်ကြဘို့ ရည်ရွယ်ပြီး www.voanews.com/burmese ကနေ ကူးယူတင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment