+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 9, 2010

မဗေဒါသို့


မဗေဒါသို့…….

(မင်းစိုးစံ)

မဗေဒါရယ်
လွမ်းတယ်ဟုတ်စ,
ဘဝက,နု
လှိုင်းထုက,ကြမ်း
ပန်းခရမ်းပြာ
မြစ်ပြင်မှာမျော
မမောဘူးလား မဗေဒါ။ ။


တို့ရဲ့ရင်ခွင်
ခိုမယ်ထင်မိ
ကရင်ကောင်လေး
လူရိုးလေးကို
အလေးမထား
မင်းချန်သွားတော့
တအားလွမ်းတယ် ဗေဒါရယ်။ ။


ရေမှာမင်းပျော်
ငါတောင်ပေါ်သား
လွမ်းမျှော်ယော်ရမ်း
ပန်းခရမ်းရေ
တောင်တွေပေါ်မှာ
မပြာမြစ်ပြင်
မဆင်ဒီလှိုင်း
အူရိုင်းငါ့မှာ
စမ်းရေသာရှိ မင်းအသိ။ ။


မချိရင်မှာ
ဗမာ ကရင်
မခွဲချင်မင့်
မြစ်ပြင်နဲ့သာ
သင့်တော်တာမို့
ဗေဒါမ,ရဲ့
ရွေးချယ်ချက်က
သွေးထွက်အောင်ကို တော်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment