+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, November 16, 2010

မိန်းမဆိုသည်မှာ

မိန်းမဆိုသည်မှာ

ဇနီးမောင်နှံနှစ်ဦးတို့သည် စူပါ ကွန်ပျူတာထံသို့ သွားရောက်ကာ မိမိတို့၏ ဆန္ဒများကို တောင်းဆိုကြသည်။

စူပါကွန်ပျူတာ ။ ။ ဇနီးမောင်နှံ နှစ်ဦး ကြိုက်ရာဆန္ဒ သုံးမျိုး အဆိုပြုနိုင်တယ်။

ဇနီးမောင်နှံ ။ ။ ကောင်းပါပြီ။

စူပါကွန်ပျူတာ ။ ။ ခင်ပွန်းဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်တော့ လိုအင်ဆန္ဒ နှစ်မျိုး တောင်းဆိုနိုင်ပါတယ်။ ဇနီးဖြစ်သူက မှီခိုဖြစ်တဲ့အတွက် လိုအင် တစ်မျိုးသာ ဆုတောင်းနိုင်ပါတယ်။

ဇနီးမောင်နှံ ။ ။ ကောင်းပါပြီ။

စူပါကွန်ပျူတာ ။ ။ ကဲ... ခင်ပွန်းဖြစ်သူ စပြောပါ။

ခင်ပွန်း ။ ။ ဒေါ်လာ သန်း ၁၀၀ လိုချင်ပါတယ်။

စူပါကွန်ပျူတာ ။ ။ ခင်ဗျား ဘဏ်စာရင်းထဲ ထည့်လိုက်ပြီ။ နောက်ဆန္ဒ တစ်ခုပြောပါ။

ခင်ပွန်း ။ ။ အမျိုးသမီး ငယ်ငယ်ချောချော နှစ်ဦး အလိုရှိပါတယ်။

စူပါကွန်ပျူတာ ။ ။ အိမ်ရောက်နေပါပြီ။

ခင်ပွန်း ။ ။ ဟေး....... ပျော်လိုက်တာ။

စူပါကွန်ပျူတာ ။ ။ အမျိုးသမီးရဲ့ ဆန္ဒ ပြောပါ။

ဇနီးသည် ။ ။ ကျွန်မခင်ပွန်းရဲ့ အသက်ရှင်ခွင့်ကို အခုချက်ချင်း ရပ်ဆိုင်းပေးပါ။

စူပါကွန်ပျူတာ ။ ။ ပြည့်စေ......။

ခင်ပွန်း ။ ။ “ဘာ”

Ref: New Light Of Myanmar/Myanmar News Zone

0 comments:

Post a Comment