+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, November 16, 2010

ရုပ်ရှင်ကြည့်သူတွေနည်းလာတဲ့ ရန်ကုန်။


နိုဝင်ဘာလ ဒုတိယပတ်ဝန်းကျင်မှ စတင်ကာ ရန်ကုန်မြို့ပေါ်ရှိ မြို့လယ်နှင့်မြို့ပတ်ရုပ်ရှင်ရုံများ တွင် ပရိသတ်ဝင်ရောက်မှုမှာ သိသိသာသာ လျော့ကျသွားကြောင်း ရုပ်ရှင်ရုံ တာဝန်ရှိသူများထံမှ သတင်းရရှိ ပါသည်။

"ရုပ်ရှင်ရုံလူဝင်မှုက နိုဝင်ဘာလအစပိုင်းလောက်ကစပြီး တဖြည်းဖြည်းချင်း လျော့ကျလာတာပါ။ နိုဝင်ဘာ ဒုတိယပတ်မှာတော့ သိသိသာသာ လူဝင်လျော့သွားတယ်။ အကြောင်းကြောင်းကြောင့် ပရိသတ် ၀င်ရောက်မှုလျော့သွားတာပါ။ ဇာတ်ကားနဲ့လည်း ဆိုင်ပါတယ်။ တခြားအရာတွေနဲ့လည်း သက်ဆိုင်မှုရှိပါတယ်"ဟု ရုပ်ရှင်ရုံတာဝန်ရှိသူတစ်ဦး က ရှင်းပြခဲ့ပါသည်။

ယင်းသို့ ရုပ်ရှင်ရုံများတွင် ပရိသတ်ဝင်ရောက်မှု လျော့ကျသွားခြင်း မှာ ရုပ်ရှင်ရုံအများစုတွင်
ဖြစ်ပေါ်ခြင်းဖြစ်ပြီး လူဝင်မှုမှာထက်ဝက်ဝန်းကျင် လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

"ပရိသတ်ဝင်ရောက်မှု လျော့သွားတယ်။ ဇာတ်ကားသစ်အ၀င် ကျဲတာလည်းပါပါတယ်။ ကျွန်တော်တို့ မြို့ပတ်ရုပ်ရှင်ရုံတွေမှာက ရုပ်ရှင်ဆိုရင်လည်း ရုံကြီးတွေမှာပြလို့ပြီးမှ ပြခွင့်ရတာလေ။ ဒီဗီဒီအားကိုးပြန်တော့လည်း အခုလပိုင်းမှာ ဒီဗီဒီကားသစ်ရုံတင်ဖို့ အဆင်သင့်မရှိဘူးလေ။
ထူးခြားတာက ဇာတ်ကားကြောင့်လို့ ဆိုရအောင်ကလည်း မိုးညအိပ်မက်မြူတုန်း က ဒရမ်မာကားမလို့လူနည်းတယ် ဆိုပေမယ့် ဘာမီတွန်ကားက ကျတော့ ဟာသကားပဲ ပရိသတ်ဝင်ရမှာလေ။ ဒါပေမဲ့ နိုဝင်ဘာဒုတိယပတ်လောက် ကစပြီး ပရိသတ်အ၀င် လျော့ကျသွား တယ်"
ဟု မြို့ပတ်ရုပ်ရှင်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါသည်။

Source Photo and News from http://www.news.eleven.com

စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ စွယ်စုံအနုပညာရှင် ဒါရိုက်တာဝင်းဖေက အခုလိုတင်ပြထားပါတယ်
နားသောတ ဆင်တော်မူကြပါ။



Source Audio from http://www.bbc.co.uk/burmese

0 comments:

Post a Comment