|
Sunday, November 14, 2010
ပြည်သူလူထု ငါးသောင်းကျော်တက်ရောက်သည့် ဒေါ်စုမိန့်ခွန်း
ယနေ့ အမျိုး သားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးရှေ့ မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ မိန့် 
ခွန်းပြောကြားမှု ကို ရန်ကုန် နဲ့ နယ်မြို့ တွေက ပရိတ် သတ် ငါးသောင်းကျော် တက်ရောက်
ကြတယ် လို့ သတင်းရရှိပါတယ်။
CNN,BBC, NBC, France 24 , RT, Al Jazerra အပါအ၀င် နိုင်ကာသတင်းသတင်းဌာနတွေမှာ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့ သတင်းကို ဦးစားပေး ဖော်ပြ ကြသလို ကမ္ဘာနိုင်ငံ
ခေါင်းဆောင်တွေကလည်းဒေါ်စု လွတ်မြောက်မှု အတွက် ကြိုဆို နှုတ်ဆက်စကားတွေ။ စစ်အစိုးရ ရဲ့ 
အကျိုးတူစီးပွားဖက် တရုတ် နိုင်ငံကတော့သူ့ နိုင်ငံ မှာ လည်း ထောင်သွင်း အကျဉ်းချ ခံထားရတဲ့ နိုဘဲလ်
ငြိမ်းချမ်းရေး ဆုရှင်ရှိတာ ကြောင့် ဒေါ်စု လွတ်မြောက်လာမှုကိုမုဒိတာ မပွား နိုင်ပါဘူး။နိုင်ငံခေါင်းဆောင်တွေသာမက ကမ္ဘာကျော်အမော်ပုဂ္ဂိုလ်တွေကလည်းနှုတ်ဆက်ကြိုဆိုခဲ့ကြပါတယ်။
ရော့ခ်စတားယူတူး အဖွဲ့က လန်ဒန်မြို့ကနေ အမျိုးသားခေါင်းဆောင်လွတ်မြောက်လာခြင်းအပေါ်ကိုကြေညာချက်တရပ်ထုတ်ပြန်ပြီး
“ဝမ်းမြောက်ဂုဏ်ယူကြိုဆိုပြီး ဒေါ်စုနဲ့မြန်မာပြည်တွေကို…သယံဇာတပေါကြွယ်ဝပါရဲ့နဲ့ မြန်မာပြည်သူတွေဆင်းရဲမွဲတေမှုတွေ၊နိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်လွတ်မြောက်ဖို့လိုအပ်တာတွေနဲ့
ရက်စက်လွန်းတဲ့စစ်အာဏာရှင်ကို ဖယ်ရှားနိုင်ဖို့ ထောက်ခံကြိုဆိုခဲ့ပါတယ်”။
နိုဘယ်ဆုကော်မတီ( နော်ဝေး ) ကလည်း “ နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို လှိုက်လှိုက်ကြိုဆိုပြီး
နော်ဝေးနိုင်ငံအော်စလိုမြို့မှာ ကျင်းပတော့မယ့် နိုဘယ်ဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
စစ်အစိုးရဲ့ဆီကနေ မြန်မာပြည်ပြန်ခွင့် ရဖို့ဆိုတာကိုအတိအကျလိုအပ်တယ်။ ဒီလိုပြန်ဝင်ခွင့်ရမယ်လိုမမျော်လင့်ပါဘူး လို့ဖေါ်ပြပါရှိပါတယ်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကတော့
ဒီမိုကရေစီသူရဲကောင်းလို့သတ်မှတ်ပြီးဒေါ်စုတဦးတည်းသာမကနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရမှာဖြစ်ပြီး
မြန်မာပြည်သူတွေ ကြောက်ရွံခြင်းကင်းဝေးဖို့နိုင်ငံတကာအသိုင်းကဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးပိုင်တိုင်ကို အတူတကွဆက်လက်လုပ်ဆောင်သွားဖို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
Source news fromhttp://freedomnewsgroup.com/2010/11/14
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment