+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, November 14, 2010

မိနစ် ၅၀ခန့်ကြာမြင့်သည့် ဒေါ်စု မိန့်ခွန်း




ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းတည့် ၁၂ နာရီ၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းပြောကြားမှုကို လာရောက်နားထောင်ခဲ့သူ သုံးသောင်းဝန်းကျင်ခန့်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့လမ်းမတစ်လျှောက် လာရောက်သူများဖြင့် ပြည့်လျှံသွားခဲ့ကြောင်း သိရသည်။

မိနစ် ၅၀ ခန့်ကြာမြင့်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး ဦးစားပေး လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားချက်များ အရသိရသည်။

"ကျွန်မက အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်းယုံကြည်နေပါတယ်။ ဒီနည်းကို ကျွန်မတို့ သွားရမယ်ဆိုတာ ယုံကြည်တယ်။ ကျွန်မအခု ကျွန်မကို ထောက်ခံနေတဲ့သူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်မကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ကျွန်မ ဘာအာဃာတ စိတ်မှ မရှိဘူး။
ကျွန်မယုံကြည်တာက လူ့အခွင့်ရေးကို ယုံကြည်တယ်၊ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်၊ အဲဒါတွေအတွက် ကျွန်မအမြဲတမ်း ရုန်းကန်သွားမှာပဲ။”

“ကျွန်မပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမုန်းလို့ ဘယ်ဝါကိုမုန်းလို့ လုပ်နေတာမဟုတ်ဘူး။ အချိန်လည်း မရှိဘူး။ မုန်းတီးနေဖို့ အချိန်လည်း မရှိဘူး။ ကျွန်မ စောစောက ပြောခဲ့သလိုပဲ ကျွန်မထိန်းသိမ်းခံခဲ့ရတဲ့ ကာလတစ်လျှောက်မှာ ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။
ကျွန်မပေါ်မှာ ကောင်းခဲ့တယ်။ တော်တော်ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်းပြောတာပါ။
ကျွန်မကို ကောင်းကောင်း မွန်မွန်ဆက်ဆံတယ်။ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
အဲဒီလိုပေါ့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးတော့ မေတ္တာထားစေချင်တယ်။ အဲဒီလို ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေအပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကောင်းမွန်တဲ့ကိစ္စတွေကို တန်ဖိုးထားရမယ်။
ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ရမယ်။ ကိုယ်မကြိုက်လို့ အားလုံးမကောင်းဘူးလို့
ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူးပြောတာကို စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ပေါ့ မကောင်းတာ။ ကောင်းတာလုပ်ပါ တယ်လို့လည်း ကျွန်မပြောဖို့ ၀န်မလေးဘူး။ လူတစ်ယောက်ရဲ့ ကျေးဇူးတွေကို ဖော်ထုတ်ရတာဟာ အင်မတန်မှ အားရစရာကောင်းပါတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မလုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာရှိလို့ရှိရင်လည်း ကျေးဇူးတင်မယ်။ ကျေးဇူးတင်စရာတွေသာ လုပ်ပြစမ်းပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် ပြည်သူတွေမပါဘဲ ဘာကိစ္စမှ ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း၊ အလုပ်တွေအများကြီး လုပ်ကြရမည်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နှင့်မတူကြောင်း၊ မျှော်လင့်ချက်ဖြင့် အားပေးနေကြသည်ကို သိရှိပါကြောင်း၊ တာဝန်မကျေမှာကိုဘဲ ကြောက်ပါကြောင်း၊ ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိ ဆက်ဆံပါ၊ စိတ်ဓာတ်မကျပါနှင့် ထပ် တလဲလဲလုပ်ဆောင်ရမည်၊ အလုပ်ဆိုတာ ပြီးတယ်ဟူ၍ မရှိပါကြောင်း ပင်ပမ်းရကျိုးနပ်ဖို့ လိုကြောင်း၊ ကျေနပ်နိုင်တဲ့ အတိုင်းအတာတစ်ခုထိ ရောက်အောင်ကြိုးစားရမယ်ဆိုကြောင်း၊ တစ်ယောက်တည်း လုပ်တယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူး။ ကျွန်မတို့အားလုံး အတူတူလုပ်မည်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဲဒါက အရေးကြီးပါကြောင်း၊ လူ့အခွင့်အရေးကို ယုံကြည်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

လုပ်ဆောင်စရာတွေအများကြီးရှိသေးကြောင်း၊ ကံဆိုတာ အလုပ်လုပ်ခြင်းဖြစ်ပြီး ကြိုးပမ်းကြရမည်၊ ပြည်သူအားလုံးမိမိတို့သွားချင်သည့် ပန်းတိုင်ရောက်ဖို့ အားလုံးညီညီညွတ်ညွတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တင်မက ကျန်ဒီမိုကရေစီအင်အားစု များနှင့်လည်း ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

မိမိတို့နိုင်ငံ တိုးတက်သည် မတိုးတက်သည်ကို ပြည်သူများသိပါကြောင်း၊ မတိုးတက်တာ မည်သူကြောင့်ဟု ပြောနေ၍ အပိုပဲဖြစ်ကြောင်း၊ အားလုံးတက်ညီလက်ညီလုပ်မှ ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။

Source Photos and News from http://www.news.elevenmediagroup.com

0 comments:

Post a Comment