+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 24, 2010

ချစ်သုဝေ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်


ချစ်သုဝေ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

ခရစ်စမတ် အချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီ။ ဆောင်းနှင်းငွေ့၏ အအေးဓာတ်များအကြား ချစ်စရာ ခရစ္စမတ် သီချင်းသံများနှင့်အတူ ခရစ္စမတ်သစ်ပင် အလှဆင်ယင်ထားမှုတို့ကိုလည်း နေရာအနှံ့ တွေ့မြင်နေရသည်။ ယင်းသို့ ဆောင်းရာသီ၏ အလှတရား၊ ခရစ်စမတ် ကာလ၏ ချိုမြိန်မှုတို့နှင့် လိုက်ဖက်ညီသည့် ၀တ်စားဆင်ယင်မှုတို့နှင့် ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍတွင် ပါဝင်စီးမျောပေးမည့်သူက ခရစ်စမတ် သမီးပျိုလေးတစ်ဦး (သို့မဟုတ်) ချစ်သုဝေ။ သူမ၏ ခရစ်စမတ် အချိန်ကာလကို ဖော်ကျူးထားသည့် ၀တ်စားဆင်ယင်မှု ဒီဇိုင်းတို့နှင့်အတူ လိုက်ဖက်သည့် ခရစ်စမတ်နောက်ခံပြင် ဆင်မှုများအား PARKROYAL Hotel Yangon ၏ ခရစ်စမတ် အလှပြင်ဆင်ထားမှုနှင့် တွဲဖက်တင်ဆက် ဖြစ်ပါသည်။

ခရစ်စမတ် အချိန်ကာလနှင့် လိုက်ဖက်ညီသည့် ဖက်ရှင်ဒီဇိုင်း၊ ခရစ်စမတ် ပုံရိပ်လွှာတို့နှင့် ရောယှက်ပါဝင်ထားသည့် ချစ်သုဝေ၏ စိတ်ကြိုက်ဖက်ရှင်မှာ "ထရီဇာ ဒီကဏ္ဍလေးမှာ ပါဝင်ဖြစ်တဲ့ ဖက်ရှင်ကတော့ ခရစ်စမတ် အချိန်လေးလည်းဖြစ်နေတော့ ခရစ်စမတ်နဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်ဒီဇိုင်းလေးပါပဲ။ ခရစ်စမတ်နဲ့လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းလေး ရွေးချယ်ထားပါတယ်။ ပထမ၀တ်စုံလေးကတော့ ထရီဇာစိတ်ကြိုက် အပ်ထားတဲ့ဝတ်စုံလေးပါ။ ရင်ဖုံးအင်္ကျီနဲ့ ထမီဝမ်းဆက် ငွေရောင်လေးပါ။ ဒီဝတ်စုံလေးမှာ အဓိက အသားပေးထားတာ က စီးကွင့်စ်လေးတွေပါပဲ။ ၀တ်စုံတစ်ခုလုံးကို စီးကွင့်စ်လေးတွေနဲ့ အလှဆင် ယင်ထားတာပါ။ ၀တ်စုံက မြန်မာဆန်ဆန်လေး ဆိုပေမယ့် ငွေရောင်ဝတ်စုံလေးပေါ်မှာ စီးကွင့်စ်လေးတွေ အလှဆင်ထားတာက ခရစ်စမတ်သစ်ပင်လေး နဲ့ရော၊ ခရစ်စမတ်အတွက် အလှဆင်ထားတဲ့အိမ်လေးနဲ့ပါ လိုက်ဖက်နေတာကြောင့် ရွေးချယ်ဝတ်ဆင် ဖြစ်သွားတာပါ။ ဒီဝတ်စုံလေးမှာ မိတ်ကပ်ကို ပန်းရောင်ခပ်ဖျော့ဖျော့လေး လိမ်းထားပြီး ဆံပင်ကိုရိုးရိုးလေးပဲ စည်းထားပါတယ်။ accessories တွေ အများကြီးဝတ်မနေဘဲ ရှင်းရှင်းလေးပဲထားဖြစ်ပါတယ်။ ဖိနပ်ကတော့ ငွေရောင်ဒေါက်အမြင့်လေး ရွေးပြီးစီးဖြစ်တယ်"ဟု ပထမ၀တ်စုံ နှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။

ထို့နောက် ဒုတိယ၀တ်စုံနှင့်ပတ်သက်၍ " ဒုတိယ၀တ်စုံကတော့ ခရစ်စမတ်နဲ့ လိုက်ဖက်တဲ့ ၀တ်စုံဒီဇိုင်းလေးကို ဒီဇိုင်နာမပိုးလတ်(Pearl& Poe Latt) က တီထွင်ဖန်တီးပေးထားတာပါ။ ၀တ်စုံရဲ့အရောင်ကိုတော့ ခရမ်းရောင် လေး ရွေးချယ်ထားပါတယ်။ ဂါဝန်က ရိုးရိုးရှင်းရှင်းလေး ဖြစ်နေတဲ့အခါကျတော့ အပေါ်ကအစိမ်းရောင် ခါးပတ်လေးပတ်ပြီး အလှဆင်ထားပါတယ်။ အစိမ်းရောင် ခါးစည်းခါးပတ်လေးမှာ ခရစ္စမတ်ရဲ့ အလှဆင်တဲ့ ပုံစံလေးတွေကို ဒီဇိုင်းတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ ခရစ်စမတ်အတွက် ရည်ရွယ်ပြီး တီထွင်ထားတာဆိုတော့ လေဒီရှူး အနီရောင်လေးနဲ့ တွဲပြီးဝတ်ဆင်ထားပါတယ်။ မိတ်ကပ်ပြင်ဆင်မှုကိုတော့ ခရစ်စမတ်ဝတ်ဆင်မှု လေးနဲ့လိုက်ဖက်အောင် အပြောင်အတောက်လေး ပြင်ဆင်ထားပါတယ်။ ဆံပင်ဒီဇိုင်းကိုတော့ ခပ်မြင့်မြင့်လေး စည်းတာမျိုးပဲ လုပ်ဖြစ်ပါတယ်။ ဒီဝတ်စုံတစ်စုံလုံးကတော့ ခြုံပြီးပြောရရင် ခရစ်စမတ် အချိန်ကာလနဲ့ လိုက်ဖက်ညီတဲ့ ၀တ်စုံပုံစံလေးပါပဲ" ဟု ချစ်သုဝေက ဆက်လက်ပြောပြခဲ့သည်။

ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍအတွက် ခရစ်စမတ် နောက်ခံပုံရိပ်များနှင့်အတူ မြန်မာဆန်ဆန် ၀တ်စုံလေးနှင့် တစ်မျိုး၊ ပေါ့ပါးလန်းဆန်းသည့် ပွဲတက်ဝတ်စုံဖက်ရှင်နှင့် တစ်ဖုံ ပါဝင်ပေးခဲ့သည့် ချစ်သုဝေ၏ စိတ်ကြိုက်ဖက်ရှင်အတွက် ကျေနပ်လိမ့်မည်ဟု မျှော်လင့်လျက်

by http://www.news-eleven.com

0 comments:

Post a Comment