+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 24, 2010

သံလွင်မြစ်ရိုးမှာ ဆောင်းခိုငှက် ရောက်မလာ


သံလွင်မြစ်ရိုးမှာ ဆောင်းခိုငှက် ရောက်မလာ

သံလွင်မြစ်ရိုး တစ်လျှောက်သည် နှစ်စဉ် ဆောင်းခိုငှက် ကျက်စားရာ ဒေသတစ်ခု ဖြစ်သော်လည်း ယခုနှစ် ဒီဇင်ဘာ တတိယအပတ် အထိ လာရောက်မှု နည်းပါးနေသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

''သံလွင်မြစ်ရိုး တစ်လျှောက်မှာ နှစ်စဉ် ဆောင်းခိုငှက် လာရောက်မှုက အောက်တိုဘာ၊ နိုဝင်ဘာလတွေ ဖြစ်ပြီး ခုနေမှာတော့ ဒီနှစ်တော့ ဒီဇင်ဘာလ တတိယပတ် ရောက်တဲ့အထိ အုပ်စုဖွဲ့ လာရောက်ခြင်းမျိုးတော့ မတွေ့ရှိရသေးပါဘူး။ ဆောင်းခိုငှက် လာရောက်ခြင်းကလည်း စားကျက်မြေနဲ့ ပတ်သက် ဆက်နွှယ်နေမယ်လို့ ထင်ပါတယ်။ သံလွင်မြစ်ရိုးမှာ အများဆုံး တွေ့ရှိရတဲ့ ဆောင်းခိုငှက်တွေက ဒေသအခေါ် ရေ၀မ်းဘဲ (ရေစစ္စလီငှက်)မျိုး ဖြစ်ပါတယ်''ဟု ဒေသခံတစ်ဦးက ဆိုပါသည်။

ဆောင်းခိုငှက်များကို သံလွင်မြစ်ရိုးအထက်ဘက် ၀ဲလှကျွန်းတောင်၊ ကော့လုံကျွန်း၊ ရေပေါ်သောင်၊ မိကရင်ကျေးရွာအုပ်စု သဘာဝအင်းအိုင်၊ ၀တ်ကြီးကျေးရွာအုပ်စု သဘာဝအင်းအိုင်များနှင့် သံလွင်မြစ်ရိုး အောက်ဘက်ရှိ ရွှေဒင်္ဂါးကျွန်းသောင်၊ တရုတ်လှကျွန်းသောင်၊ ကုလားကျွန်းသောင်၊ မှော်ဘီအောက်ဘက် မြေနုကျွန်းသောင်များတွင် အများအပြား တွေ့ရလျက်ရှိပြီး အဆိုပါ ဆောင်းခိုငှက်များကို ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကမ္ဘာလှည့် နိုင်ငံခြားသား ဧည့်သည်များက စိတ်ဝင်တစား ဗွီဒီယိုမှတ်တမ်းများ ရိုက်ကူးလေ့ ရှိကြကြောင်း သိရှိရသည်။

သံလွင်မြစ်ရိုး တစ်လျှောက်တွင် နှစ်စဉ် လာရောက် ဆောင်းခိုလေ့ ရှိသည့် သဘာဝငှက်များမှာ ရေစစ္စလီ၊ ကြိုးကြာ၊ ရွှေဟင်္သာ၊ ပိန်းညင်း၊ မယ်ညို၊ တင်ကျီး၊ ရေကြက်တို့ ဖြစ်ပြီး ယခုနှစ်တွင် လာရောက်မှု နည်းပါးနေသေးကြောင်း ဒေသခံများမှ ပြောကြားပါသည်။

ဆောင်းခိုငှက်များသည် အာရှတိုက်ရှိ အလွန်အေးသော နိုင်ငံများ ဖြစ်သည့် ရုရှား၊ မွန်ဂိုလီးယားနှင့် တရုတ် စသော နိုင်ငံများမှ လာရောက်လေ့ ရှိကြပြီး မြန်မာနိုင်ငံသို့ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ လာရောက်လေ့ ရှိကြကာ ဒီဇင်ဘာလတွင် အများဆုံး လာရောက်လေ့ ရှိကြောင်း သိရှိရသည်။

Source Article from http://www.news-eleven.com

0 comments:

Post a Comment