+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 27, 2010

အိမ်ထောင်စု ၅၀၀၀ စာ အခြေခံ စားသောက်ကုန် နှင့် ဆန်အိတ်

ကျပ်ဆယ်သိန်း ထက် မပိုသောအိမ်
Source Photo from
http://www.guardian.co.uk/global-development/gallery/2010/nov/15/burma-cyclone-giri

အိမ်ထောင်စု ၅၀၀၀ စာ အခြေခံ စားသောက်ကုန် နှင့် ဆန်အိတ်များ ထောက်ပံ့မည်

Wednesday,27 October 2010,

ရန်ကုန်၊ အောက်တိုဘာ-၂၅

မြန်မာ အင်န်ဂျီအို အရေးပေါ် စီမံချက်မှ ဂီရိ မုန်တိုင်း တိုက်ခတ် ခဲ့သော ရခိုင် ပြည်နယ် နှင့် ဒေသခံများ အတွက် အိမ်ထောင်စု ငါးထောင်စာ အခြေခံ အစား အသောက်များ နှင့် ဆန်အိတ် ၅၀၀ ထောက်ပံ့မည် ဖြစ်ကြောင်း ရခိုင် ကမ်းရိုးတန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းမုန်တိုင်းသင့် ဒေသ
များအား အရေးပေါ် ကယ်ဆယ်ရေး ပြုလုပ်ရန် အတွက် အောက်တိုဘာ ၂၄ ရက် တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦး စီး ဌာနနှင့် မြန်မာပြည်တွင်းရှိ လူမှုရေး အဖွဲ့အစည်း များ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ယင်း အစီအစဉ်အရ တောင်ကုတ် မှ ကျောက်ဖြူသို့ အိမ်ထောင်စု ငါးထောင် အတွက် အခြေခံ စားသောက်ကုန် ဖြစ်သော ဆီ၊ ဆား၊ ပဲ၊ အာလူး နှင့် ဆန်အိတ် ငါးရာ ယနေ့ညနေ ၅နာရီတွင် ရောက်ရှိမည် ဖြစ်သည်။ ယင်းမြန်မာ အင်န်ဂျီအို အရေးပေါ် စီမံချက်မှ အရေးပေါ်ကယ်ဆယ်ရေး အပြင် ပြန်လည် ထူထောင်ရေး အတွက် လူမှု ၀န်ထမ်း ဦးစီးဌာနမှ သတ်မှတ်ထားသော အိမ်တစ်အိမ်လျင် ကျပ်ဆယ်သိန်း ထက် မပိုသောနှုန်းဖြင့် ဆောက်ပေးရန် စီစဉ် ပေးနေကြောင်း သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကျွန်းသာယာတွင် ၂ ဦး၊ မင်းပြား၊ မြေပုံတွင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်တွေမြို့၏ လူမှုရေး အဖွဲ့အစည်းများ၏ ပြောကြားချက် အရ မြေပုံမြို့တွင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအပြင် ကျောက်ဖြူမြို့တွင် အရေးပေါ် ကယ်ဆယ်ရေးများ ပြုလုပ်ရန်အတွက် သာသနာ့ ဗိမာန်အဖွဲ့မှ အလှူငွေများ ကောက်ခံနေပြီး ဆန်အိတ် ၅၀ ထောက်ပံ့ခဲ့ကြောင်း၊ ကျောက်ဖြူမြို့တွင် ကျန်းမာရေးပြဿနာများ မကြုံစေရန် water guard များ ပေးဝေ နေကြောင်း၊ အလှူရှင်များ ကယ်ဆယ်ရေးအတွက် လှူဒါန်း လိုပါက ဖုန်း ၀၉ ၈၅၁၀၆၆၀ ဒေါက်တာ ထွန်းမြင့် ထံသို့ လှူ ဒါန်းနိုင်ကြောင်း သိရသည်။ ယခုလက်ရှိ ကျောက်ဖြူ မြို့ပေါ် ဘောလုံးကွင်းတွင် ယာယီ ရွက်ဖျင်တဲ ၂၀၀ ရှိပြီး ကယ်ဆယ်ရေး စခန်း ခုနစ်ခု ဖွင့်လှစ်ထားကြောင်း စခန်း တစ်ခုတွင် အနည်းဆုံး ဒုက္ခသည် ၁၀၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

Source Article from http://www.7day.bur.co.in

0 comments:

Post a Comment