+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 11, 2010

Peace Council Solider were killed by Burmese Army






Source Photo from http://thawthikho.blogspot.com


စစ်အစိုးရ ဖမ်းထားသည့် ကရင်ငြိမ်း တပ်ဖွဲ့ဝင်များ အသတ်ခံရ



Source Audio from http://www.dvb.no/burmese


သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြတယ်။ တဲတလုံးထဲက
ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေး တယောက် ကိုမမျှော်လင့်ပဲ တွေ့ခဲ့ကြ
တယ်။ ကလေးလေးက လာပြီးပွေ့တဲ့စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။
ရဲဘော်တွေလည်း ကလေးလေး ကိုပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက
ရွာကိုမီးရှို့ရမှာမို့ကလေးကိုခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။

တပ်ခွဲမှူးက ကရင်ရွာထဲက အခါလည်သားလောက်ကလေးတယောက် တွေ့လို့ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို
သတင်းပို့ရတယ်။ ဗျူဟာမှူးရဲ့တုန့်ပြန်အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်
ရှင်းခဲ့”တဲ့။
အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကိုအပြတ်ရှင်းခဲ့ဖို့အမိန့်ပေးလာတယ်။
ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကိုပေးဖို့တောင်းတယ်။
တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက် နီးပါးကို
တခါတည်း မော့သောက်ပစ်လိုက်တယ်။
အရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း

ဒီအမိန့်ကိုပေးရက်ခဲ့သူက ဗျူဟာမှူးတယောက်ပါ။
Credit to http://mahnkoko.blogspot.com/2010/10/blog-post_6672.html#more

0 comments:

Post a Comment