+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 11, 2010

မြန်မာ နျူကလီးယားအစီအစဉ်သံသယ WikiLeaks ဖော်ပြ

မြန်မာ နျူကလီးယားအစီအစဉ်သံသယ WikiLeaks ဖော်ပြ

2010-12-10

မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တခု လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက ၂၀၀၄ ခုနှစ်လောက်တည်းက သံသယ ရှိနေကြောင်း WikiLeaks အဖွဲ့က ဖြန့်ဝေလိုက်တဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းတွေအရ သိရပါတယ်။
ရန်ကုန်မြို့က အမေရိကန်သံရုံးရဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လ ရက်စွဲနဲ့ လျှို့ဝှက် ကြေးနန်းစာတွေကို WikiLeaks အဖွဲ့က ဒီဇင်ဘာ ၉ ရက် မနေ့က အင်တာနက် စာမျက်နှာတွေမှာ ပေါက်ကြား ဖော်ပြခဲ့တာပါ။

အဲဒီ ကြေးနန်းစာတွေမှာ အမည်မဖော်တဲ့ သတင်းပေးပို့သူတဦးကို ကိုးကားပြီး ရေးသားထားရာမှာ မြန်မာနိုင်ငံရဲ့ မြေအောက်လုပ်ငန်းခွင်တခုမှာ မြောက်ကိုရီးယားနိုင်ငံသား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေတာတွေကို သူ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမြောက်ကိုရီးယားတွေဟာ မြန်မာအလုပ်သမားတွေရဲ့ အကူအညီနဲ့ တောင်တတောင်ရဲ့ ဘေးဖက် အဝင်ဝ လိုင်ခေါင်းကနေ တောင်ထိပ်အထိ ပေ ၅၀၀ အမြင့်ရှိမဲ့ အားဖြည့်ကွန်ကရစ် အသုံးပြုတဲ့ မြေအောက် အဆောက်အအုံတခု ဆောက်လုပ်နေကြတယ်လို့ အဲဒီလျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲဒီမြောက်ကိုရီးယားတွေဟာ ဘယ်နိုင်ငံက လာတယ်လို့ မသိရတဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို တပ်ဆင်နေကြတယ်လို့ သတင်းပေးသူက ဆိုကြောင်းနဲ့ ဒီ သတင်းအချက်အလက် တခုတည်းနဲ့တော့ မြောက်ကိုရီးယား စစ်တပ်တတပ် မြန်မာစစ်အစိုးရနဲ့ ပတ်သက်နေတယ်ဆိုတဲ့ သက်သေအထောက်အထား အဖြစ် ယူဆလို့ မရကြောင်း အဲဒီလျှို့ဝှက်ကြေးနန်းမှာ ဖော်ပြထားပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment