+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, January 15, 2011

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ခေါ်ဖို့ဆုံးဖြတ်

Source Picture from http://www.google.com/images

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ
ညီလာခံခေါ်ဖို့ဆုံးဖြတ်

2011-01-14

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဇန်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ၄ ရက်ကြာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲဟာ ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ပြီးဆုံးသွားပါပြီ။

တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့တွေကတော့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးမှုအပေါ် လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ဒု ဗိုလ်မှူးကြီး ဦးပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တဖွဲ့ဖြစ်တဲ့ SSDP ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်တွေနဲ့အတူ စစ်အစိုးရနဲ့ အပစ်အခတ် မရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ချင်း အမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြစ်ကြပါတယ်။

ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ သဘောတူ ဖွဲ့စည်းခဲ့ကြပြီးနောက် တတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရွှေမျိုးသန့်က သူတို့ ညီလာခံခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီ တိုင်းရင်းသား လူမျိုးများတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတခု အဲ့ဒါကို အမြန်ဆုံး ခေါ်ဖို့ပေါ့လေ။ ပြည်တွင်းအင်အားစုတွေလည်း တိုင်းရင်းသား ပါတီတွေရောလေ။ သူတို့ လာနိုင်တဲ့လူ ရှိတယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်မှာပေါ့။ အဓိက တော့ တိုင်းရင်းသား အင်အားစုမှာ အစုအဖွဲ့တွေ ရှိနေတာတွေ ရှိတယ်။ ENC ရယ် ULD-LA ရယ်၊ နောက် ကျနော်တို့ CEFU ရယ် နောက်တော့ NDF ရယ် လေးဖွဲ့ ပေါင်းပြီးတော့ ခုန ပြောတဲ့ ညီလာခံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့မယ်။ ပြီးတော့မှ ဒီကော်မတီရဲ့ အစီအစဉ်နဲ့ အမြန်ဆုံး ညီလာခံတခုကို တိုင်းရင်းသား အင်အားစုတွေကို တတ်နိုင်သမျှ ပါဝင်နိုင်အောင် ဖိတ်ကြားမယ်ပေါ့လေ။”

ဒီလို တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ညီလာခံတရပ် အမြန်ဆုံး ခေါ်ယူကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာဟာလည်း စစ်အစိုးရကနေ ရေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလက အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေထဲဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေး မပေါ်ပေါက်လာနိုင်တာကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဖွဲ့တွေ စုစည်းပြီး တောင်းဆိုမယ် ဆိုလို့ရှိရင် ပိုပြီး ထိရောက်နိုင်တယ်ဆိုတဲ့ အခြေခံအချက်ပေါ် မူတည်ပြီး အခုလို ည်ီလာခံခေါ်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် သူတို့ အင်အားစုတွေကို စစ်အစိုးရဖက်က ထိုးစစ်ဆင် တိုက်ခိုက်လာမယ်ဆိုရင်လည်း ဘယ်လိုစုပေါင်းပြီး ခုခံကာကွယ်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြကြောင်း ဦးရွှေမျိုးသန့်က ပြောပါတယ်။
ဒီအစည်းအဝေးမှာ KNPP အဖွဲ့က အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ စစ်ဦးစီးချူပ် ဗိုလ်ချုပ် ဘီထူး။ KNU အဖွဲ့က ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ၊ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ NMSP အဖွဲ့က ဥက္ကဋ္ဌ နိုင်ထောမွန်၊ နိုင်ငံခြားရေးရာ တာဝန်ခံ နိုင်ဟံသာပွန်ခမ်နဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SSDP) အဖွဲ့က ဒုဗိုလ်မှူးကြီး ဦးပန်ဖ အပါအဝင် စစ်ဦးစီးအရာရှိတွေနဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင် ၃၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.




Source Audio from http://www.bbcburmese.com

0 comments:

Post a Comment