+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, January 23, 2011

စစ်ဗိုလ်အမတ်တွေထဲက မျှော်လင့်စရာ

စစ်ဗိုလ်အမတ်တွေထံက မျှော်လင့်စရာ မရှိ
2011-01-23

လွှတ်တော်အဆင့်ဆင့်အတွက် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ် လိုက်တဲ့ စစ်တပ် အရာရှိတွေထဲမှာ အများ ကြိုတင် ယူဆထားသလို အဆင့်မြင့် အရာရှိကြီးတွေ မဟုတ်ဘဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် အရာရှိငယ်တွေ အများစု ဖြစ်နေတာ ကြောင့် ပြည်သူ သန်း ၆ဝ ရဲ့ အရေး အလေးထား ဆွေးနွေးဆောင်ရွက်ရမယ့် ကိစ္စတွေကို လစ်လျူရှု ပမာမခန့်ပြုထားတာကို အထင်အရှား ပြသလိုက်တာ ပဲလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့ပြင် ဒီ စစ်ဗိုလ် လွှတ်တော်အမတ်တွေဟာ အထက် စစ်ခေါင်းဆောင်ရဲ့ အမိန့်ကိုသာ နာခံ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမယ့်သူတွေ ဖြစ်တာကြောင့် မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် တစုံတရာ မျှော်လင့်စရာ မရှိဘူးလို့ မြန်မာ့ စစ်ရေး နိုင်ငံရေး လေ့လာသူ NDD သုတေသနအဖွဲ့က ဦးဌေးအောင်က ယူဆပါတယ်။ ဦးဌေးအောင်ကို RFA ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.မှရယူသည်
ကျေးဇူးတင်ပါသည်

0 comments:

Post a Comment