|
Thursday, January 27, 2011
ဇန်န၀ါရီလဖွား အနုပညာရှင်တဦး၏ မွေးနေ့ဖြတ်သန်းပုံ
မေသန်းနု
(ဇန်န၀ါရီလ ၂၇ ရက်)
မဆင့်မွေးနေ့မှာ ထုံးစံအတိုင်း အလှူအတန်းလေးတွေ လုပ်ဖြစ်ပါတယ်။ အထူးသဖြင့် မိဘမဲ့ကလေးတွေ ကျောင်းကိုဦးစားပေး လှူဒါန်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သားလေးကို ဒီအလှူနဲ့အတူ အသိတရားလေးတစ်ခု ထည့်ပေးချင်တာပါပဲ။ မိဘမဲ့ကလေးတွေကို တတ်စွမ်းသရွေ့လှူဒါန်းတာကို သားလေးရဲ့ရင်ထဲမှာ အသိကလေးတစ်ခုရ စေချင်တယ်။ မွေးနေ့မှာတွေးမိတာကတော့ သားရဲ့မွေးနေ့တိုင်း၊ မဆင့် ရဲ့မွေးနေ့တိုင်းမှာ နှစ်ယောက်အတူရှိ နေချင်တာပေါ့။ ဘယ်နှစ်ဘယ်ကာလအထိ ဆိုတာကြိုပြီး မျှော်လင့်လို့မရပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ တစ်သက်လုံးအတူတူ ဖြတ်သန်းခွင့် ရချင်ပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment