+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, January 26, 2011

ရုပ်အလောင်းတွေ သင်္ဂြိုဟ်ပေးတာကို နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲ

နာဂစ်မုန်တိုင်းတွင် သေဆုံးသူများကိုသင်္ဂြိုဟ်ပေးသူများ

ထောင်နှစ်စေ့ပြီးပြန်လွတ်လာ
2011-01-26

နာဂစ်မုန်တိုင်းကြောင့် ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေ သင်္ဂြိုဟ်ပေးတာကို နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲပြီး ထောင်ချထားခံရသူ ၃ ဦးကို အာဏာပိုင်တွေ၊ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ထောင်ဒဏ် နှစ်စေ့လို့ ပြန်လွှတ် ပေးလိုက်ပါတယ်။

ဒေါက်တာနေဝင်းကို ကရင်ပြည်နယ် ဖားအံထောင်၊ ဦးအောင်ကျော်ဆန်းကို ရှမ်းပြည်နယ် တောင်ကြီးထောင်နဲ့ ဦးဘုန်းပြည့်ကြွယ်ကို ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပြန်လွှတ်ပေး လိုက်တာပါ။

ဒါနဲ့ပတ်သက်လို့ ဖားအံထောင်က ပြန်လွတ်လာတဲ့ ဒေါက်တာနေဝင်းက RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော် ၈ နာရီကျော်ကျော်လောက် လွတ်တယ်ခင်ဗျ။ ကျွန်တော်တို့ ကျတာ ၂ နှစ် ကျတာလေ။ အခုဟာ ၂ နှစ်နဲ့ ၇ လ နေလိုက်ရတာပေါ့။ ကျွန်တော်တို့ တရားစွဲခံရပြီး ထောင်ချခံရတာ ၆ ယောက်ဗျ။ ၆ ယောက်မှာ ၃ ယောက်က ၂ နှစ်စီ၊ ၃ ယောက်က ၄ နှစ်စီပေါ့။ အခု ၂ နှစ် ၃ ယောက်က လွတ်တယ်ပေါ့ဗျာ။ ကိုအောင်ကျော်ဆန်းရယ်၊ ကိုဘုန်းပြည့်ကြွယ်ရယ်၊ ကျွန်တော်ရယ်ပေါ့နော်။”

ဒေါက်တာနေဝင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင်လည်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး လက်ရှိ မော်လမြိုင်ထောင်မှာ ကျခံနေရတာ ဖြစ်ပါတယ်။

ထောင်မှ ပြန်လွတ်လာသူ ဒေါက်တာနေဝင်းကို RFA မှ ဦးနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment