+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, January 26, 2011

မြန်မာလူ့အခွင့်အရေးအခြေအနေကို မှန်ကန်စွာသုံးသပ်ဖို့ HRW တိုက်တွန်း

Source Photo from http://www.bbcburmese.com

မြန်မာလူ့အခွင့်အရေးအခြေအနေကို


မှန်ကန်စွာသုံးသပ်ဖို့ HRWတိုက်တွန်း
2011-01-26

ဇန်နဝါရီ ၂၇ ရက် မနက်ဖြန်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄ နှစ် တကြိမ် ကျင်းပတဲ့ လူ့အခွင့်အရေး ပုံမှန်သုံးသပ်မှု UPR အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ လှည့်စားချက်တွေကို မကြည့်ပဲ ဖြစ်ရပ် အခြေအနေမှန်တွေကို အခြေခံသင့်တယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အခုနှစ် ကုလသမဂ္ဂ UPR အစည်းအဝေးမှာ ပထမဆုံး ထည့်သွင်း ဆွေးနွေးခံရမှာ ဖြစ်ပြီး မြန်မာစစ်အစိုးရရဲ့ လွှတ်တော်အသစ်နဲ့ အစိုးရသစ် အသွင်ပြောင်းတဲ့ ကိစ္စကြောင့် လူ့အခွင့်အရေး သုံးသပ်မှုမှာ မဝေဝါးသင့်ဖူးလို့ ဒီနေ့ထုတ်ပြန်တဲ့ HRW အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ David Mathieson က မြန်မာ စစ်အစိုးရအနေနဲ့ နှစ်အနည်းငယ်အတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်တယ်လို့ ပြသခဲ့တာ ရှိပေမဲ့ တကယ်တမ်း ပြည်တွင်းက အခြေအနေဟာ တိုးတက် ကောင်းမွန်လာမှု မရှိသလို အခု ၂၀၁၁ ခုနှစ်ထဲမှာလည်း ကောင်းလာဖို့ မမြင်ကြောင်း၊ နောက်တပတ် ကျင်းပမဲ့ လွှတ်တော်ကျင်းပပြီး အစိုးရသစ်ဖွဲ့ဖို့ ရှိပေမဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ဆောင်ရွက်ချက်မျိုး မရှိကြောင်း၊ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. Mathieson က ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကြေညာချက်မှာ စစ်အစိုးရရဲ့ အပြောသက်သက် ကိစ္စရပ်တွေကို လက်တွေ့ အခြေအနေမှန်တွေနဲ့ မရောထွေးသင့်ဘူးလို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောကြားထားပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ ဆောင်ရွက်ချက်တွေဟာ အပြင်ပန်း အလှဆင်မှု သက်သက်သာ ဖြစ်ပြီး အတွင်းထဲမှာ တိုးတက်မှု မရှိပါဘူးလို့လည်း HRW အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ထောက်ပြ ဝေဖန်ထားပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment