+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, January 20, 2011

အရှင်ပညာစာရအမူ နေပြည်တော်တရားရုံးထိ တင်သွင်း


အရှင်ပညာစာရအမူ ပြင်ဆင်မူလျှောက်လဲချက်

နေပြည်တော်တရားရုံး
ထိ တင်သွင်း

1/18/2011
Adjust font size:

စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် သုံးလခွဲ ချမှတ်ခံခဲ့ရသော ဆရာတော် အရှင်ပညာစာရ အမူ အယူခံလွှာကို ရခိုင်ပြည်နယ် တရားရုံးက ပယ်ချလိုက်သဖြင့် ပြင်ဆင် လျှောက်လဲချက်ကို ယခုလ ၁၃ ရက်နေ့က နေပြည်တော် တရားရုံးသို့ သွားရောက် တင်သွင်းခဲ့သည်ဟု ရှေ့နေမကြီး ဒေါ်အေးနုစိန်က ပြောသည်။

Panyarsara
“ ကျွန်မတို့က အယူခံလွှာ တင်သွင်းတာ မဟုတ်ပါဘူး။ အယူခံလွှာကို ရခိုင်ပြည်နယ် တရားရုံးကို တင်ပီး သွားခဲ့ပါပြီ။ စစ်တွေခရိုင် တရားရုံးက ထောင် ၈ နှစ် သုံးလ ချမှတ်တာကို မကျေနပ်တဲ့ အတွက် ပြည်နယ် တရားရုံးကို အယူခံလွှာတင်ပါတယ်။ ပြည်နယ် တရားရုံးက အမူကို အကျဉ်းချုံး ပလပ်လိုက်တဲ့ အတွက် ပြင်ဆင်မူ လျှောက်လဲချက်ကို နေပြည်တော် တရားရုံးထိ တင်သွင်းတာ ဖြစ်ပါတယ်။ ဥပဒေကြောင်း အရ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ရှေ့နေမကြီးက ပြောသည်။

ထိုကဲ့သို့ တင်သွင်းမူကြောင့် အမူနှင့် ပတ်သက်ပြီး နောက်ဖြစ်လာမည့် အခြေအနေကိုလည်း ရှေ့နေမကြီးက ယခုကဲ့သို့ ပြောသည်။

“ ဥပဒေအကြောင်းအရ အဲဒီအမူကို ကြားနာစစ်ဆေးဖို့ သင့်မသင့် သူတို့က ကျွန်မကို လျှောက်လဲချက်ပေးဖို့ ခေါ်ပါအုံးမယ်။ ကျွန်မ နောက်ထပ် တစ်ကြိမ် နေပြည်တော်ကို သွားပီး လျှောက်လဲချက်ပေးရပါမယ်။ အဲသလို လျှောက်လဲချက်ပီးပြီခါမှ အယူခံလွှာကို ကြားနာစစ်ဆေးဖို့ သင့်မသင့် တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမူကို ဆက်လက် ကြားနာဖို့ ဆုံးဖြတ်မှ ဆက်လက်ပီး အယူခံလွှာကို စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆရာမကြီး ဒေါ်အေးနုစိန် အနေဖြင့် အရှင်ပညာစာရနှင့် တွေ့ဆုံရန် ယခုလ ၁၂ ရက်နေ့က သရက်ထောင်ထိ သွားရောက်ခဲ့သော်လည်း ထောင်အာဏာပိုင်များက (၅) မိနစ်သာခွင့်ပြုကြောင်း သိရသည်။

“ ကျွန်မက ရှေ့နေပါဝါယူပြီး သွားတွေ့တာကိုတောင် ၅ မိနစ်ဘဲ ခွင့်ပြုပါတယ်။ ဘာကြောင့် အဲသလို လုပ်သလဲ ဆိုတာ ထောင်အာဏာပိုင်တွေသာ သိပါလိမ့်မယ်။ တွေ့ခွင့် ပိုမရဘူးဆိုတော့လည်း ပြန်လာရတာပေါ့။ ဆရာတော်ရဲ့ ကျန်းမာရေးက ကောင်းတယ်လို့ ပြောပါတယ်” ဟု ရှေ့နေမကြီးက ပြောသည်။

ဆရာတော် အရှင်ပညာစာရကို အစပိုင်းတွင် မာတုကာမနှင့် ဖေါက်ပြည်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ဖမ်းဆီး ခဲ့သော်လည်း နောက်ပိုင်းတွင် တရားမ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မူ၊ ညစ်ညမ်း ခွေများ လက်ဝယ် ထားရှိမူ၊ စည်ပင်အက်ဥပဒေကို ချိုးဖေါက်ပြီး သာသနာပိုင် မြေများကို ဌားရမ်းမူ၊ ငွေကြေး အလွဲသုံးစားမူ စသည့် အမူပေါင်း ၅ ခုဖြင့် ဒဏ်ငွေ တစ်သောင်း အပါအ၀င် ထောင် ၈ နှစ်နဲ့ သုံးလ ချမှတ်ခဲ့သည်။

ဆရာတော်ကို ၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးပြီး စက်တင်္ဘာလ ၂၉ ရက်နေ့က စစ်တွေ ခရိုင်ရုံးက စွပ်စွဲချက် တစုံတရာ ခိုင်မာမူ မရှိဘဲ ထိုသို့ ထောင်ချခဲ့ခြင်း ဖြစ်သည်။

ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဆရာတော် ပြုစုပျိုးထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ ကလေးငယ် ၁၀၀ ကျော်ကို ဗမာပြည်သို့ ပို့ဆောင်လိုက်ပြီး ဆရာတော် ရှာဖွေ သိမ်းဆည်းခဲ့သော ရခိုင် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ အားလုံးကို သိမ်းယူသွားခဲ့သည်။ ဆရာတော်ထံမှ သိမ်းယူသွားခဲ့သော ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်းများကို တစုံတရာ တရားရုံးတွင် တင်ပြခြင်း မရှိသည့် အပြင် ယခုအခါ အဆိုပါ ပစ္စည်းများ အားလုံး ပျောက်ဆုံး နေကြောင်း သိရသည်။

Copy from http://www.narinjara.com/detailsbur.asp?id=2987



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment