+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, January 7, 2011

မြ၀တီ-ကော့ကရိတ် ကားလမ်းဗုံးကွဲ

မြ၀တီ-ကော့ကရိတ် ကားလမ်းဗုံးကွဲ

သောကြာ, 07 ဇန်နဝါရီ 2011

မြန်မာနိုင်ငံအရှေ့ဘက် ကရင်ပြည်နယ်ထဲက မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်း ဗုံးတလုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ ခရီးသည်တင် ဘက်စ်ကား တစင်းပေါ်က လူ ၆ ဦးနဲ့ မော်တော်ဆိုင်ကယ်ပေါ်က လူ ၂ ဦး စုစုပေါင်း ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကိုးကားပြီး ရန်ကုန်မြို့ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ပေါက်ကွဲမှုတွင်း ဒဏ်ရာရသူတွေကို နီးစပ်ရာ မြ၀တီဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဆိုပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ မြန်မာစစ်တပ်အကြား ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ပဋိပက္ခတွေ ကြီးထွားလာနေတဲ့ ဒေသတ၀ိုက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့တော့ ဘယ်သူဘယ်ဝါမှာ တာဝန်ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။




Find this article at:
http://www.voanews.com/burmese/news/Burma-bomb-01-07-11-113104794.html

0 comments:

Post a Comment