ချောဆွဲခံအရပ်သားများသေဆုံးမှု
စစ်တပ်လျစ်လျူရှု
2011-02-12စစ်တပ်လျစ်လျူရှု
မြန်မာစစ်အစိုးရ တပ်တွေအတွက် ရိက္ခာသယ်ယူရာမှာ ခိုင်းစေခဲ့တဲ့ အရပ်သားတွေ သေဆုံးမှုကို စစ်တပ် အာဏာပိုင်တွေက လစ်လျူရှုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကရင်ပြည်နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်အစိုးရ ရှေ့တန်းတပ်တွေအတွက် ရိက္ခာပို့ဖို့ ဒေသခံအရပ်သားတွေရဲ့ ကားတချို့ကို မြန်မာ့တပ်မတော်က ခေါ်ယူသွားပါတယ်။
အဲဒီနောက် ရိက္ခာပို့ဆောင်တဲ့ ယာဉ်တန်းတခုကို လမ်းမှာ တိုက်ခိုက်ခံရပြီး ဆန်အိပ်တင်ထားတဲ့ ရှေ့ဆုံးကကား မောင်းလာသူ ယာဉ်ပိုင်ရှင်နဲ့ ယဉ်နောက်လိုက်လူငယ် သေဆုံးသွားပါတယ်။ အလောင်းတွေကို သေဆုံးတဲ့နေရာမှာတင် စစ်တပ်က ထားရစ်ခဲ့သလို၊ ကျန်ရစ်သူ မိသားစုကို အကြောင်းကြားတာ၊ နစ်နာကြေး ထောက်ပံ့တာတွေလည်း မရှိဘူးလို့ မိသားစုဝင်တွေကတဆင့် သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.



0 comments:
Post a Comment