+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, February 12, 2011

အယ်ဒီတာ Ross Dunkley မြန်မာ ရဲ အဖမ်းခံရ

Dr Tin Tun Oo (Right)

သြစတြေလျနိုင်ငံသား Ross Dunkley
Source Photos from http://www.google.com/images

မြန်မာတိုင်းမ်စ် အယ်ဒီတာ Ross Dunkley ကို ဖမ်းဆီး

စနေ, 12 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ အပတ်စဉ်ထုတ် Myanmar Times သတင်းဂျာနယ် ထုတ်ဝေတဲ့ Myanmar Consolidated Media Group Ltd ရဲ့ ပူးတွဲတည်ထောင်သူ သြစတြေလျနိုင်ငံသား ရော့စ်ဒန်ကလေ (Ross Dunkley) ကို လူဝင်မှုကြီးကြပ်ရေးအမှုနဲ့ ပြီးခဲ့တဲ့သောကြာနေ့က ရဲက ရန်ကုန်မြို့ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးလိုက်တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။

Myanmar Times သတင်းဂျာနယ်ကို ၂၀၀၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီးတော့ အခုအခါမှာ မစ္စတာဒန်ကလေ က Myanmar Consolidated Media Group Ltd ရဲ့ ၄၉ % ကို ပိုင်ဆိုင်ပြီး ဒေါက်တာ တင်ထွန်းဦးက ၅၁% ကို ပိုင်ဆိုင်ပါတယ်။ မစ္စတာဒန်ကလေ နဲ့ ဒေါက်တာ တင်ထွန်းဦးတို့ကြား ပဋိပက္ခတွေ ကြီးထွားလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခုလို မစ္စတာဒန်ကလေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ အခုဖမ်းဆီးမှုဟာ Myanmar Times သတင်းဂျာနယ် ထုတ်ဝေတဲ့ ကုမ္ပဏီကိစ္စနဲ့ မဆိုင်ဘူးလို့ မြန်မာအရာရှိ တဦးက ပြောပါတယ်။

ဒါပေမဲ့ မစ္စတာဒန်ကလေ ရဲ့ လုပ်ဖေါ်ကိုင်ဘက်တဦးကတော့ လုပ်ငန်းပိုင်းဆိုင်ရာ အငြင်းပွားမှုတခုကြောင့် အခုလို အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။



Find this article at:
http://www.voanews.com/burmese/news/Myanmar-Times-Ross-Dunkley-02-12-11-116077684.html



Source Audio from http://www.dvb.no

0 comments:

Post a Comment