+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, February 11, 2011

အီဂျစ်သမ္မတ ရာထူးစွန့်ပြီ

အီဂျစ်သမ္မတမူဘာရက်
Source Photo from http://www.bbcburmese.com


အီဂျစ်သမ္မတ ရာထူးစွန့်ပြီ

By ဗွီအိုအေ (မြန်မာဌာန)
သောကြာ, 11 ဖေဖော်ဝါရီ 2011

အီဂျစ်ပြည်သူတွေရဲ့  ၁၈ ရက်ကြာ ဆန္ဒပြမှုတွေကြောင့် နှစ်ပေါင်း ၃၀ တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ သမ္မတမူဘာရက် အာဏာက စွန့်လွှတ်ပေးခဲ့ရပါပြီ။ သောကြာနေ့ညပိုင်းက စစ်တပ်ကို သမ္မတရဲ့အာဏာ လွှဲပေးလိုက်ပြီလို့ အီဂျစ် ဒု-သမ္မတ အိုမာ စူလေမန်ရဲ့  ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အီဂျစ်ပြည်သူတွေ ထောင်ပေါင်း သောင်းပေါင်းများစွာဟာ လမ်းမတွေပေါ်ထွက်ပြီး အော်ဟစ်ပျော်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။

စစ်တပ်က တိုင်းပြည်ကို ဘယ်လိုဆက်ပြီး ထိမ်းချုပ်သွားမယ်ဆိုတဲ့ အသေးစိတ်အစီအစဉ်တွေကိုတော့ နောက်နေ့တွေမှာ ဆက်ပြီး ကြေညာမယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာပါတယ်။ အီဂျစ်မြို့တော် ကိုင်ရိုက သာဟ်ရီ Tahrir လွတ်မြောက်ရေးရင်ပြင်ကတော့ သမ္မတမူဘာရက် ဖြုတ်ချရေး အဓိကသပိတ်စခန်းဖြစ်လို့ အဲဒီရင်ပြင်မှာ လူတွေ ကြိတ်ကြိတ်တိုးအောင်ပွဲခံနေကြပြီး နိုင်ငံတကာ သတင်း သမားတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေနဲ့ ပြည့်နှက်နေတာပါ။

အီဂျစ်နိုင်ငံအလံတွေလည်း လူတွေကနေရာတကာမှာဝှေ့ယမ်းပြီး ကိုင်ရိုမြို့တော်ရဲ့ ညဘက် ကောင်းကင်ပြင်မှာတော့ အောင်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းတွေ ပစ်ဖောက်နေကြပါတယ်။ အလက်ဇန္ဒြီးယားမြို့နဲ့ အီဂျစ်က တခြားမြို့တွေမှာလည်း လမ်းတွေပေါ်မှာ ကားဟွန်းတွေတီးပြီး လူတွေလည်း အမြောက်အမြားထွက်ပြီး အောင်ပွဲခံနေကြပါတယ်။

မစ္စတာမူဘာရက်ဟာ အခု ကိုင်ရိုမြို့ကနေ ပင်လယ်နီအပမ်းဖြေစခန်း Sharm El-Sheikh မှာရှိတဲ့ သူ့ရဲ့အိမ်ကို ထွက်သွားခဲ့ပြီလို့ အီဂျစ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဌာနတွေမှာဖော်ပြနေပါတယ်။

ပင်လယ်နီအပမ်းဖြေစခန်း Sharm El-Sheikh
Source Photo from http://www.google.com/images



Find this article at:
http://www.voanews.com/burmese/news/--115941919.html

0 comments:

Post a Comment