အသိဖွဲ့သူချိန်းဆိုရာ
လိုက်သွားမိတဲ့အမျိုးသမီးအဖြစ်
Wednesday, 09 February 2011လိုက်သွားမိတဲ့အမျိုးသမီးအဖြစ်
အကျိုးဆောင်ဂျာနယ်
အင်တာနက်မှ တစ်ဆင့် အသိ ဖွဲ့ထားသူက ချိန်းဆိုရာသို့ သွားရောက် ခဲ့ရာက သားမယား အဖြစ် ပြုကျင့်ခံ ရသည်ဆိုမှု လသာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၅ ရက်နေ့ ပန်းဘဲတန်း မြို့နယ်နေ အမျိုးသမီး တစ်ဦးသည် ရွှေဘုံသာ အထက်လမ်းရှိ အင်တာနက်ဆိုင်တွင် ချက်တင်ထိုင်နေစဉ် အသိဖွဲ့ထားသူ ပန်းဘဲတန်းမြို့ နယ်နေ ရဲအောင်ဆိုသူက ဘီယာသောက်ရန် ချက်တင်ဖြင့် ချိန်းဆိုခဲ့သည်။
ညနေ ၆နာရီအချိန်တွင် ရဲအောင်နှင့်အတူ အောင်မင်းတို့လာရောက်ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့ပြီး လသာမြို့နယ်၊ သံဈေးအရောက် ၄င်းတို့က မိန်းကလေးတစ်ဦးအနေဖြင့် ဘီယာထိုင်သောက်နေသည်မှာ မသင့်တော်ဟုဆိုကာ သံဈေးပလာဇာရှိ တည်းခိုခန်းတစ်ခု၏အခန်းတစ်ခန်း၌ ၄င်းတို့ဘီယာနှစ်လုံးမှာယူ၍ အတူသောက်ခဲ့ကြသည်ဟု ဆိုသည်။
ည ၈ နာရီအချိန်ခန့်တွင် ဖုန်းဖြင့်သီချင်းဖွင့်၍ ၄င်းတို့နှင့်အတူ ၁၅မိနစ်ခန့်တွဲကခဲ့ကြပြီးနောက် ရဲအောင်က သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကာ ည ၁၀း၃၀နာရီခန့်တွင် နေအိမ်သို့အငှားယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ အမျိုးသမီးက မိဘများအားပြောဆိုကာ သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာက (ပ) ၁/၁၁ ပြစ်မှုပုဒ်မ ၃၇၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အကျိုးဆောင်ဂျာနယ်



0 comments:
Post a Comment